နံရံတွေဟာ အလင်းရောင်ကိုဖုံးကွယ်ထားစမြဲ
အမှောင်ကို
ဘယ်လိုထိစမ်းကိုင်တွယ်လို့ ရပါ့မလဲ
အကန်းတစ်ယောက်လို နေ့ညများစွာ
ပြန်မရောက်တော့မယ့် တစ်စုံတစ်ရာကို ရည်ရွယ်လို့
လမ်းမတစ်လျှောက် တစ်ယောက်တည်း အဝေးကြီးငေးနေ
ကြာရှည်ဆွေးမြေ့ခဲ့ပြီဆိုတော့
တံတားဖြူ၊ကန်ဘောင်
ခုံတန်းပြာနဲ့ ဂစ်တာဟောင်းလေး
လေ့ကျင့်ခန်းစာအုပ်ထဲက စွယ်တော်ရွက်ခြောက်လေး
ကျောင်းတော်ရနံ့နဲ့ ကော်ရစ်တာ ဒေါင့်ချိုးလေးတွေမှာ
အရင်တစ်ချိန် နွေကျောင်းပိတ်ရက်ဟာ
ဆေးသားပြယ်စ ဓါတ်ပုံလေးတစ်ပုံလို
ဖြူရော်မှုန်ဝါးလို့ ...
အပိုင်းအစ မှတ်တမ်းမှတ်ရာဆိုလို့
`` တစ်နေ့မှာ ပြန်လာမယ်´´ ဆိုတဲ့အသံ
တစ်ချိန် ပဲ့တင်ပြန်လိမ့်မယ်
လေညှင်း၊လရောင်
ညအမှောင်မှာ ပွင့်တဲ့ပန်း
လန်းဆန်းမွှေးပျံ့နိုင်ပါစေ။ ။
အောင်ပိုင်စိုး
Friday, February 26, 2010
Sunday, February 21, 2010
မီမီ
အိပ်ယာက နိုးနိုးချင်း သတိရနေမိတယ်၊ သူ့ အက်ဆစ်ကန်ထဲ ယဇ်ကောင်လို ဘဝတစ်ခုလုံးလောင်ကျွမ်းပျက်စီးဖို့၊
သူ့ နှုတ်ခမ်းဖျား ဓားသံလျက်ပေါ်က စတော်ဘယ်ရီရနံ့လေးကို စုပ်ယူဖို့၊ သူ့ ချစ်ခြင်းမေတ္တာကို တားမြစ်ဆေးဝါးလို သွေးကြောထဲ ထိုးသွင်းဖို့၊ သစ္စာတရားကို ဖဲကြိုးအနီနဲ့ စည်းနှောင်ပြီး ဖေဖော်ဝါရီ ၁၄အရောက်ပို့ဆောင်ဖို့၊
တကယ်ဆို ဘဝက သိပ်ကိုတိုတောင်းလွန်းတယ်၊ အချိန်တွေက တိုတောင်းလွန်းတယ်၊ မသေချာတာတစ်ခုလောက်
ဘဝဟာ မသေချာ၊ မရေရာ၊ နောက်ကို ပြန်လှည့်ကြည့်လိုက်ရင် ရှုမျှော်ခင်းတွေလို ရိပ်ကနဲ ကျန်ရစ်ခဲ့မှာပဲ၊
တစ်ခါတစ်လေ သူ့သွေးခုန်နှုန်းတိုးတိုးလေးကလွဲရင် အရာရာဟာ မှောင်မိုက်တိတ်ဆိတ်လို့ပဲ၊ လူနှစ်ယောက်၊ နှလုံးသားချင်းဆက်အမြွှာ၊ အသက်တစ်ခုထဲ ဆက်နေတာ၊ သဘာဝ တောတောင်ရေမြေ နယ်နိမိတ်ချင်းထိစပ်နေတာ၊ တိတ်ဆိတ်လွန်းတော့ သိစိတ် အာရုံခံစားမှုကမ်းပါးတွေ အားလုံး တစ်ဝုန်းဝုန်း ပြိုကျနေတာ၊ သူ့သွေးကြောတွေထဲ ဆောက်တည်ရာမရ ပြေးလွှားနေမိတယ်၊ မကြားနိုင်ပေမယ့် သူ့နာမည်ကို အသံကုန်အော်ဟစ်နေမိတယ်၊
တကယ်ဆို ဘာကိုမှ အသေအချာမျှော်လင့်မထားဘူး၊ မျှော်လင့်ချက်ဟာ မျှော်လင့်ချက်ရှိမရှိ မသေချာသေးဘူး၊
ထိစမ်းမိသမျှ ဖြန်းကနဲ ပြိုကျသွားမယ့် ဖန်သားနံရံတွေ၊ မြက်ပင်လေးတစ်ပင် လှုပ်ခတ်ရုံနဲ့ ဝုန်းကနဲ အလန့်တကြားထပျံသွားမယ့် ငှက်တွေ၊ ငါရှာဖွေနေ၊ သွေးရူးသွေးတန်း တည်ဆောက်နေမိတယ်၊
သူ့အိပ်မက်တွေထဲ၊ အဓိပ္ပါယ်တစ်စုံတစ်ရာ၊ နက်ရှိုင်းသော၊ မှော်ရုံ၊ ဂီတ၊ ငါ့အတွက် သူ့ဘက်က နာမဝိသေသနတွေ၊ မီးလောင်နေတဲ့ စာသားတွေ၊ ဆွံအ၊ တိတ်ဆိတ်နေတယ်၊ ပြေးလွှား၊ ဆူညံအော်ဟစ်နေတယ်၊
သူ့ရယ်သံလေးကို သူမသိအောင် ခိုးယူနေမိတယ်၊ သူ့မျက်ဝန်းတွေထဲ တိတ်တိတ်ကလေး ခုန်ဝင်နေမိတယ်၊ သူ့အပျော်အမောထဲ စမ်းချောင်းလေးလို စီးဝင်နေမိတယ်၊ သူ့ရှေ့ မှာ ဘဝတစ်ခုလုံး ထစ်အနေတဲ့ တိပ်သားတစ်စပမာ၊ နှလုံးသားတစ်ခုလုံး အစွယ်ကျိုး ခြေဝတ်ပုဆိုးပမာ၊ ငါ့သစ္စာတရားကို ပဝါစိမ်းလို ရင်ညွှန့်မှာစည်းထားပါ၊
သနပ်ခါးထူထူလိမ်းပြီး ငါ့စိတ္တဇကို ခေါင်ရမ်းပန်းလို ပန်ဆင်ပါ၊ ငါ့နှလုံးသားမြို့ရွာတစ်ခုလုံး အနာအဖျားကင်းအောင် စောင့်ရှောက်ပါ၊ အဲဒီလို ငါ့ကိုယ်ငါအော်ခေါ်ပေမယ့် ငါ့အသံငါမကြားရဘူး၊ ငါ့စိတ္တဇကို ငါမမြင်နိုင်ဘူး၊
သူ့ရဲ့  ဖြူစင်သော၊ မာယာ၊ သူ့အ၀ိဇ္ဇာနဲ့ နေ့တွေ၊ ဝေဝါး၊ ချိုမြိန်နေ၊ နာကျင်နေတာ။ ။
ဘုန်းနေသွန်း
၂၂-၂-၂၀၁၀

Sunday, February 14, 2010
ဘလော့ဂါကဗျာများ သမိုင်းတာဝန် ၊သိစိတ်၊ အနုပညာ ၊တန်ဖိုး၊ ကျင့်ဝတ်သိက္ခာ များ နှင့် မနက်ဖြန်
ဒီတစ်လော ဘလော့ပေါ်မှာ အပြာရောင် ကဗျာတစ်ချို့ ကိုပေါ်ပေါ်တင်တင်ရေးတင်လာကြတာလည်းတွေ့ရပြန်တယ်။
ကဗျာဟာ တစ်ချို့အကြောင်းအရာတွေအတွက် မီဒီယံ တစ်ခုများဖြစ်နေသလားလို့ပါ။ တစ်ချိန်တုန်းက မဂ္ဂဇင်းအယ်ဒီတာ ဆရာဝန်ကလေးတစ်ယောက်ပြောတာ ပြန်သတိရတယ်။`` ဆရာ ကဗျာကို ဘယ်လိုရွေးသလဲ ´´ လို့ကျွန်တော်ကမေးတော့ ၊
အဲဒီ အယ်ဒီတာလေးက``အကြီးအငယ်မကြည့်ဘူးအတူတူပဲရွေးတယ် ´´လို့ပြန်ဖြေတယ်။ ဒီတော့ကျွန်တော်က နာမည်ကြီး စာရေးဆရာကြီးတစ်ယောက်နာမည်ကို ရွတ်ပြရင်း`` ဒီဆရာကြီးစာမူတွေကိုရော´´လို့မေးတော့ မဂ္ဂဇင်းအယ်ဒီတာလေးက ဒီဆရာကြီးစာမူတွေကိုတော့ ပေးသမျှထည့်ပါတယ်၊ဒါပေမယ့် ဒီဆရာကြီးရဲ့လက်ရာတွေကိုတော့``သမိုင်းကအဆုံးအဖြတ်ပေးပါလိမ့်မယ်´´ လို့ပြန်ဖြေတာကို ယနေ့တိုင်အမှတ်ရနေတုန်းပါပဲ။ဥပမာအနေနဲ့ကဗျာတစ်ပုဒ်ကိုဖော်ပြပါရစေ။
သဘောပေါက်တဲ့အခါ ရီဝေမှုတွေနဲ့ မျှော်နေမှာပေါ့ (ရေးသားသူ-မြေမှုန်လွင်)
( Posted as per request.
The sole purpose of this post is to promote the freedom of publication.)
သားကြီး
မင်းပေးလိုက်တဲ့စာရတယ်
ထုံးစံအတိုင်းပဲ မင့်စကားလုံးတွေက ငါရဲ့လိင်စိတ်ကို မနိုးကြားစေဘူး
ဒါပေမယ့် မင်းစာကိုယူလာပေးတဲ့ မင်းရဲ့ရှောတီလေးကတော့
ကျွတ်……….. ကျွတ်……
သူ့စကားတစ်ခွန်းကြားမိတိုင်း ကြက်သီးတွေ
ဖျင်းကနဲ….ဖျင်းကနဲကိုနေတော့တာပဲ ငါတကယ်ပြောတာ
အခုစာနဲ့အတူ ငါ့ကဗျာနှစ်ပုဒ်ပါထည့်ပေးလိုက်တယ်
မင်းနာမည်တပ်ပြီး ကြိုက်တဲ့မဂ္ဂဇင်းကို ပို့လိုက်ပါ
အခုလောလောဆယ် ငါလိုနေတာ
ရေလည်းမဟုတ်ဘူး ရက်စပတ်လည်း မဟုတ်ဘူး
ဖြစ်နိုင်ရင် မင်းရှောတီလေး ငါ့ဆီကို ရောက်အောင်ထပ်လွတ်လိုက်ပါ
ဒီရက်ပိုင်းတွေ ငါပြတ်လပ်နေတာ ကြာပေါ့
ငါ့လက်ထဲမှာ ငါ့ပိုးမွှားတွေ အလဟာသ ဖြစ်တာမျိုးကို ငါရွံနေပြီ
မင်းကိုပြောဖူးပါတယ်
ကဗျာဆရာစစ်ရင် နှစ်နာရီခြားတစ်ခီါးတောင်တယ်လို့
ပိုဆိုးတာက
ဒီကမ်းခြေမှာ မြင်မြင်သမျှက သရေယိုစရာတွေ ရေငတ်ချင်စရာတွေ ချည်းပဲ
ဒါပေမယ့် သူတို့မှာကလည်း သူတို့ကတက်တွေနဲ့ သူတို့အောဝေးဖူးနေတာ
ငါမှာတော့ တစ်ကောင်တည်း
ဂျာနယ်ထဲက ကော့လန်ကားတွေရော ရေလှိုင်းတွေရော အုန်းပင်တွေရော
မြက်ခင်းတွေရော အား……. ပါး တွေ့မြင်မြင်သမျှ ရမတ်ကြွစရာတွေချည်းပဲ
ဦးနှောက်ထဲထိ ရောက်နေတဲ့ ပိုးမွှားတွေက နားထင်ကို တဒိတ်ဒိတ်ခုန်
မျက်လုံထဲမှာ မင်းရှောတီလေးရဲ့ အောကြောလေးကိုမြင်ယောင်နေမိပြီး
မွှေယာကြီးပေါ်မှာ ဟိုလူးဒီလိမ့်
သားကြီးငါ့ကိုနားလည်ပါ
မင်းအတွက် ရည်ရွယ်ပြီး ငါရှယ်ကဗျာတွေရေးပေးဦးမယ် စိတ်ချ
မင်းသြဇာ မင်းနာမည်တွေကို အထွတ်အထိပ်ရောက်စေမယ့် အဆန်းကြီးတွေပေါ့ကွာ
ဟန်ဒရတ်ပါဆင့် စိတ်ချ သားကြီး
အရေးကြီးဆုံးက ဒီစာကိုရလျင်ရခြင်း
မင်းရှောတီလေးကို ငါ့ဆီလွှတ်လိုက်ဖို့ပဲ…….။
အပြာရောင်ကဗျာ တစ်ပုဒ်အား ဥပမာအနေဖြင့် ဖော်ပြခြင်းဖြစ်ပါသည်-ပြန်လည်ဖော်ပြခြင်းအား ခွင့်လွှတ်ပါရန်
(ဤပို့စ် ရေးသားသူ......)
ဟုတ်ပါတယ်။
ကမ္ဘာလောကကြီးမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့လူတွေ လူမှုပရဟိတတွေကိုလုပ်တယ်။
တစ်ချို့ကတော့ ဒီရေတောတွေကို ခုတ်ပြီးလောင်စာအဖြစ်သုံးစွဲကြ၊ စက်မှုစွမ်းအင်တွေကို အလွန်အမင်း သုံးစွဲကြ၊ နဲ့ ကမ္ဘာကြီးကို ဖျက်ဆီးမှန်းမသိ ဖျက်ဆီးနေတုန်းပဲဆိုတော့ အချိုးအစားမမျှဖြစ်နေတာတွေကိုတွေးပြီး စိတ်ထဲမှာ မကောင်းဖြစ်မိပြန်တယ်။ဒါကြောင့်
သူ့များဖက်က ကိစ္စတွေကို တက်နိုင်သလောက်မေ့ထားပြီး ၊
ကိုယ်နိုင်သလောက် ဖြူစင်မှုလေးတွေနဲ့သာကမ္ဘာလောက၊သဘာဝပတ်ဝန်းကျင်ကြီးကို တက်နိုင်သမျှလေးနဲ့ တာဝန်ယူဖြူစင်အောင်
ကူညီနိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့တွေး မိပြန်တယ်။
စာမျက်နှာတွေကို အသုံးပြုပြီး
လူသားတစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာတွေ၊လူသားခြင်းစာနာမှုတွေ၊သဘာ၀၀န်းကျင်ပြုပြင်ထိန်းသိမ်းမှုတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ၊အသိပညာ၊အတက်ပညာတွေကိုကူးလူးဆက်သွယ်ဝေမျှခဲ့ကြတယ်။ဒီစာမျက်နှာတွေကပဲ မတရားမှုတွေကိုတရားမျှတခြင်းဆီရောက်အောင် ပို့ဆောင်ပေးနေတော့ကျွန်တော်တို့ကတော့ စာမျက်နှာတွေကို ခေတ်အဆက်ဆက် အားကိုးနေရတုန်းပဲလေ၊ ကျွန်တော်တို့ကတော့ ကဗျာဘလော့လေးကို တက်သလောက်မှတ်သလောက်တည်ဆောက် ကဗျာလောကအကျိုးကို တက်နိုင်သလောက်ဝန်လေးနဲ့ ထောက်ကူမှုပြုနေမိတယ်။ဒီလို စာမျက်နှာတွေကိုဖြုန်းတီးမှုပြုနေတဲ့ ကဗျာတွေကို ရေးသားနေတဲ့ သူတွေ(မှတ်ချက်-မည်သူ့ကိုမျှမရည်ရွယ်ကြောင်း)ကိုတော့
ဘယ်လိုမှသဘောထားမှာမဟုတ်ကြောင်း တစ်ဆက်တည်းပြောကြားလိုက်ပါတယ်။ဒီလို အပြာရောင်ကဗျာမျိုးကို စာမျက်နှာပေါ်တင်လာတဲ့ရည်ရွယ်ချက်ကိုတော့ ကျွန်တော်ဖက်က(ကဗျာဆရာတွေ၊စာဖက်သူတွေ ကိုယ်စား) ဘယ်လိုအပြုအမူမျိုးနဲ့မှ ကန့်ကွက်၊ငြင်းဆန်၊ရှုံ့ချ၊ကဲ့ရဲ့ မှာမဟုတ်ပါဘူး။ သူ့အပြုအမူ၊သူ့အရေးအသား၊သူ့အတွေးအခေါ်အတိုင်းသာတစ်ချိန်သမိုင်းမျက်နှာစာမှာနာမည်ဆိုးနဲ့ကျန်နေရစ်ပါလိမ့်မယ်။
တစ်ချို့သော ဘလော့ဂါတွေကတော့ ဒါကို(အပြာရောင်တွေ) အနုပညာလို့ငြင်းဆန်ကောင်းငြင်းဆန်ပါလိမ့်မယ်။
ဒါကလည်း သူတို့အမြင်၊အထင်တွေ တွေအာရုံမှောက်မှားနေတာပါလို့ ကျွန်တော့်ဖက်က တစ်ထစ်လျော့ချတွေးနေမိပြန်တယ်။
ဒီလိုပါပဲ လောကကြီးမှာ ပြင်လို့ရတဲ့ မှားယွင်းမှုတွေရှိနေတော့ ခဏခဏမှားနေ၊ခဏခဏပြင်နေသူတွေရှိနေကြမှာပါပဲ။
ပြင်လို့မရတဲ့အမှားတွေ အတွက်တော့ ( ဒီလိုမျိုးဖန်တီးတင်ဆက်မှုတွေ အတွက်) တစ်ချိန် သမိုင်းမျက်နှာစာမှာ ဒဏ်ခတ်ခြင်းခံရမှာမလွဲပါပဲ။
ကျွန်တော်ကတော့ ပြင်ရာ၊ဖျက်ရာ၊အပြစ်အနာအဆာ ကင်းတဲ့ ဖြူဖြူစင်စင် သမိုင်းစာမျက်နှာတွေကိုသာ ကျွန်တော်တို့ချစ်တဲ့ကမ္ဘာမြေကြီးကို လက်ဆောင်အဖြစ်ပေးနေချင်မိတာပါပဲ။
ဒီပို့စ်လေးကိုတော့ ကျွန်တော်တို့ ကမနေနိုင်မထိုင်နိုင် ဘလော့လေးပေါ်ကိုတင်မိလိုက်ပြန်ပါပြီ ။
တကယ်လို့ သဘောမတူခဲ့ရင်လဲပဲ ခင်ဗျားတို့ဆန္ဒအတိုင်းပါပဲ။
ကျွန်တော်တို့ကတော့ အမှန်/အမှား ပြန်လည်ပြီးတော့ သဲကွဲဖို့ မစဉ်းစားထားပါဘူး။
မြန်မာကဗျာများ ဖြူစင်၊ရှင်းသန့်၊ကျန်းမာ၊လွတ်လပ်စွာ၊ အနုပညာ ဂုဏ်မြောက်ပါစေကြောင်း.........။
( မြန်မာကဗျာဆရာတစ်ယောက် မှ ရေးသားတင်ဆက်ပေးပို့မှုကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)
စီစဉ်တင်ဆက်သူများ

အလင်း
ပြောပြောနေရတဲ့ ကဗျာလေးတစ်ပုဒ် အကြောင်းပါ
ကျက်ကျက်နေရတဲ့ နားလည်ခြင်းတေးတစ်ပုဒ် အကြောင်းပါ
မှတ်မှတ်နေရတဲ့ မျက်ရည်စက်လက်နေ့ရက်လေး အကြောင်းပါ
လွမ်းလွမ်းနေရတဲ့ ကျေးလက်ကကျောင်းဆရာမလေး အကြောင်းပါ
ဆေးသားပြယ်မှာမဟုတ်သော ချစ်ခြင်းမေတ္တာဇာတ်လမ်းပမာ
ရင်ခုန်နှုန်းဟာ နာရီစက္ကန့်လက်တံတွေလို မရပ်မနားရွေ့လျားနေတာ
သစ္စာပန်းကလေးတွေ တဖြည်းဖြည်းဝါရော်လာတာ
တစ်နေ့ပြီးတစ်နေ့ နောက်ထပ် မင်းရှိမနေသော ခြောက်သွေ့နေ့ရက်များစွာ
မျက်လုံးကိုမှိတ်ပစ်လိုက်ရင် ဘာကိုမှမမြင်ရတော့ဘူးလား
မင်းစကားသံလေး ကြားချင်နေတဲ့ စိတ် ထိန်းချုပ်လို့မရနိုင်
မင်းမျက်နှာလေးမြင်ချင်နေတဲ့ စိတ် ထိန်းချုပ်လို့မရနိုင်
ဝေးကွာနေတုန်း မင်းအလှအပကို ငါ ဖွဲ့ဆိုမတက်ဖြစ်ရတယ်
အဝေးဆုံးတွေးလည်း အနီးအနားကိုပဲ ပြန်လည်ရောက်ရှိရတယ်
ကင်မရာကို တစ်နေရာခြင်း၊တစ်ကွက်ခြင်း ရွေ့ယူနေမိတယ်
မေ့လျော့ထားလိုက်တယ်၊လိုက်ရောခဲ့မိတယ်၊မှုန်ဝါးပစ်လိုက်တယ်
မင်းစိတ်နဲ့ အလွမ်းမူးမူးနေတဲ့ ကဗျာဆရာလေးဟာ ငါပေါ့
မင်းစိတ်နဲ့ တမြေ့မြေ့ဆွေးနေတဲ့ သစ်ကိုင်းခြောက်လေးဟာ ငါပေါ့
ငါ့အသွေးအသား၊ ငါ့အသက်ဓာတ်၊ ငါ့ယုံကြည်ချက်အဆက်ဆက်
အဓိပ္ပါယ်မပါပဲ လေးနက်တဲ့စကားပြောမိတယ်
“မင်းကိုငါချစ်တယ်” ဘယ်လောက်ရိုးရှင်းတဲ့စကားလုံးလည်း
သင်ရိုးညွန်းတမ်းထဲ ဖြည့်စွက်လိုက်ပါတယ်။ ။

နှင်းထဲကလူငယ်တွေ
လမ်းထိပ်က အုတ်ခုံမှာ
ချစ်ခြင်းရဲ့ အကြွေပွင့်များ ။
စိတ်ခြင်းဝေးလို့
ခြေလှမ်းချင်း ကွာလို့
ဆေးလိပ်မီးက ခဏခဏ သေတယ်
အစွဲအလမ်းက
လိုအပ်တာထက် ရှင်တယ် ။
သီချင်းတစ်ပုဒ်ကို စချင်နေတဲ့နေရာက စလိုက်
ပြီးတော့ သံပြိုင်
ငါတို့လိုပဲ
မြစ်တွေလည်း တစ်ဖက်သက် စီးနေဆဲလို့ ။
ကေမျိုးငြိမ်း
(BAUTY_NOV 2004)

နီဝါ
မျက်ဝန်းတစ်စုံဆီက စိမ့်ထွက်လာတဲ့
တိမ်သားမျှင်လေးတွေနဲ့စတင်တယ် ။
ဇာတ်လမ်းက
နောက်ကျောမှာထောက်ထားတဲ့
သတ္တုနှုတ်ခမ်းကို သိုဝှက်လို့
တစ်ဆောင်းလုံး
သွေးကြောပေါ် တယောဘိုလ်းကိုတင်
ဆိုညည်းခဲ့သမျှ
သူစိမ်းပြင်ပြင်နွေဦးကိုတွေ့လိုက်ရ
အခု
ရာသီဥတုတွေသံစုံမြည်တယ်
သွေးအားမကောင်းတဲ့အနမ်းတွေဟာ
ဲ့ဖေဖေါ်ဝါရီရဲ့
ရင်အုံကို ထိုးခွဲလို့ ။
သက်ငြိမ်သစ်
တိမ်သားမျှင်လေးတွေနဲ့စတင်တယ် ။
ဇာတ်လမ်းက
နောက်ကျောမှာထောက်ထားတဲ့
သတ္တုနှုတ်ခမ်းကို သိုဝှက်လို့
တစ်ဆောင်းလုံး
သွေးကြောပေါ် တယောဘိုလ်းကိုတင်
ဆိုညည်းခဲ့သမျှ
သူစိမ်းပြင်ပြင်နွေဦးကိုတွေ့လိုက်ရ
အခု
ရာသီဥတုတွေသံစုံမြည်တယ်
သွေးအားမကောင်းတဲ့အနမ်းတွေဟာ
ဲ့ဖေဖေါ်ဝါရီရဲ့
ရင်အုံကို ထိုးခွဲလို့ ။
သက်ငြိမ်သစ်
ကမ္ဘာပြုမိုး
ကိုယ်နှင့်စပ်ဆိုင်သောသူကို
ကိုယ်နှင့်အမျှချစ်လော့ ။
(မ၊၂၂;၃၉)
အမုန်းတရားသည် စေတန်အမှတ်တံဆိပ်ဖြင့်
ဟန်ဆောင်စဉ်းလဲသော ပဥွမမြောက်နှုတ်ခမ်း၏
အသက်ကိုသက်သော အနမ်းဖြစ်သည် ။
တစ်ယောက်သည် ဆုးံရှုံးသောနံရိုးတစ်ချောင်းအတွက်
ထိုက်တန်ခြင်းလက်ဆောင်မွန်ကိုရစေပြီး
ကျန်တစ်ယောက်မှာမူ ပေးဆပ်ရသူ၏ နံရိုးတစ်ချောင်းဖြင့်
ရှင်သန်ခြင်းဆုလာဘ်တစ်ခု ဖြစ်စေရာ၏ ။
သစ္စာတရားသည် ရန်သူတစ်ထောင်၏ရိုးသားမှုဖြင့်တင်ဆက်သော
သေမင်းတမာန်မြား၏ခြေသံကဲ့သို့
ဝိညာန်အား သတိစေတတ်သော ကယ်တင်ခြင်းအမှုဖြစ်သည် ။
မှားယွင်းမှု နေ့တစ်နေ့ဠ်
တားမြစ်ထားသော အဆိပ်သီး၏ရသသည်
သင်နှင့်သင့်ချစ်သူတို့နှစ်ဦးအား ရူးသွပ်စေပြီတည့် ။
ချစ်ခြင်းမေတာသည် ကျောက်ဖျာထက်ဠ် စိုက်ပျိုးသော်ငြားလည်း
ဆုတောင်ပြည့်သော ဂျုံခင်းရိကာကဲ့သို့
ဘုရားသခင်အလိုတော်အတိုင်းဖြစ်၏ ။
ထို့အတွက်၊တောင်ပေါ်ဠ်ဖြစ်စေ၊တောင်အောက်ဠ်ဖြစ်စေ
သင်ထားရစ်ရက်ခဲ့သော သင့်ချစ်သူအား
သင်ကိုယ်တိုင်ပင်
ကမ်းလက်ဆင့် ပြန်လည်ခေါ်ယူရပေမည် ။ ။
မာန်ထက်သာ
(Empress-Magazine Dec:2008)

Tuesday, February 9, 2010
ချစ်လွန်းလို့ ငါ မင်းကို မေ့ထားတယ်
်
စိတ်ထဲမှာ ရေးထွင်းထားတဲ့ မင်းနာမည်လေး
စိတ်ထဲမှာ မွှေးပျံ့ နေတဲ့ မင်းကိုယ်သင်းရနံ့ လေး
စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့  မင်းရယ်မောသံလေး
စိတ်ထဲမှာ ထပ်တူကျနေတဲ့ မင်းမျက်နှာလေး
ချစ်လွန်းလို့ ငါမင်းကိုမေ့ထားတယ် ။
ငါ မရေးဖြစ်သော စာသားများလို မင်းစကားသံများ
ငါ မအိပ်ဖြစ်သော နေ့ ရက်များလို မင်းနေ့ စွဲများ
ငါ မနမ်းရှိုက်ဖူးသော ပန်းပွင့်များလို မင်းအလှတရားများ
ငါ မသိလိုက်သော အကြောင်းအရာများလို မင်းလျှို့ ဝှက်မှုများ
ငါ မရရှိဖူးသော နူးညံ့မှုတစ်ခုလို မင်းမေတ္တာတရားများ
တစ်ချိန်ချိန် ငါမေ့သွားမှာကိုပဲ စိုးရိမ်မိတယ်။
ငါဟာ ရူးနှမ်းသူပါ ညီမလေးရယ်
မင်းမျက်နှာလေး မမြင်ရတဲ့နေ့ ဆို ငါမျက်စိကွယ်သလို ခံစားရတယ်
မင်းစကားပြောသံလေးမကြားရတဲ့နေဆို ငါ နားကန်းသွားသလို ခံစားရတယ်
အမှန်တကယ် အချစ်နဲ့ မထိုက်တန်သော ဆုတောင်းတစ်ခုပဲ သစ္စာပြုခဲ့ပါတယ်
ငါမှလွဲ၍ မင်းဘ၀မှာ အရာရာ ပြည့်စုံပါစေသား …။ ။
အောင်ပိုင်စိုး
သရဖူမဂ္ဂဇင်း၊ဖက်ရှင်မဂ္ဂဇင်း

ကျေးတောသူ
ခပ်လာတဲ့ ရေအိုးထဲက ရေလှိုင်းပုတ်သံတွေလို
ရင်ခုန်သံတွေမြန်နေမယ့်အရွယ်
တန်ဖိုးထားစိုက်ပျိုးတတ်သူမို့
နှလုံးသားမှာ
အလှဆုံး အချစ်ပန်းလေးတွေ ပွင့်ဝေလို့
ပန်းခင်းအလယ်မှာ
မာနဟာ စာခြောက်ရုပ်လေးလို မတ်တပ်ရပ်လို့
ပါးဖွေးဖွေးလေးကို သနပ်ခါးလေးလိမ်းခြယ်ထားသလို
ဖြူစင်တဲ့ဘ၀လေးကို ကိုယ်ကျင့်တရားလေးလိမ်းထားတယ် ။ ။
စိုးနောင်(မုံရွာ)

ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့
စိတ်ကလေး
မလွမ်းအောင်နေလို့မရဘူး
လွမ်းလွမ်းနေ..သူ့ခမျာ
မပျော်အောင်လည်းနေလို့မရဘူး
ပျော်ပျော်နေ..။
ဟေး..ဂျွန်
အချစ်ကိုမနိုင်မနင်း
သယ်ဆောင်လာတဲ့
တမျှော်တခေါ်အနမ်းရဲ့
ဟိုးအတွင်းဖက်မှာ
အိမ်ဆီပြန်ခေါ်မယ့်လမ်းပါသကွဲ့
အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့
လေယာဉ်ပျံကြီးနဲ့မှမဟုတ်ပါဘူး
ပျံလွှားငှက်လေးနဲ့လည်းလိုက်မယ်။
ဒီလောကီမှာ
ဒီပါးပြင်လေးကို
ဒီနှလုံးသားအရူးအမူးလေးက
ဘယ့်နှယ့်လုပ်သူစိမ်းပြင်ပြင်
သဘောမထားနိုင်ရှာတဲ့အတွက်
ဂျွန်ရေ..
စိတ်ကိုဖမ်းကြပေတော့..။
အနမ်းဆိုတာခိုးယူလို့မရနိုင်ဘူးလား
သူကသိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေမသိအောင်တစ်မျိုး
သိအောင်တစ်မျိုး..လှသူပေါ့..။
အနယ်အမှုန်ထနေတဲ့ညအပြာက
ကြယ်သားနုနုထွတ်ထွတ်တွေကိုမှစွဲမက်သတဲ့။
သက်တံတွေ ကြယ်တွေ
ပန်းပွင့်တွေ သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ ဘယ်လိုပဲလှလှနေပေမယ့်
သူကလေးမှအိနြေ္ဒရတာပါ..သူ့မှာ
စကားလုံးတွေလည်းလှပတယ်..ပြီးတော့
တသွင်သွင်စီးလို့..။
ဂျွန်ကိုပြောလိုက်ပါ
ငါတို့မြစ်ဆီသွားဖို့မလိုတော့ဘူး……..။ ။
မောင်သိန်းဇော်
သြဂုတ်-၉၅ တေးကဗျာ
မလွမ်းအောင်နေလို့မရဘူး
လွမ်းလွမ်းနေ..သူ့ခမျာ
မပျော်အောင်လည်းနေလို့မရဘူး
ပျော်ပျော်နေ..။
ဟေး..ဂျွန်
အချစ်ကိုမနိုင်မနင်း
သယ်ဆောင်လာတဲ့
တမျှော်တခေါ်အနမ်းရဲ့
ဟိုးအတွင်းဖက်မှာ
အိမ်ဆီပြန်ခေါ်မယ့်လမ်းပါသကွဲ့
အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့
လေယာဉ်ပျံကြီးနဲ့မှမဟုတ်ပါဘူး
ပျံလွှားငှက်လေးနဲ့လည်းလိုက်မယ်။
ဒီလောကီမှာ
ဒီပါးပြင်လေးကို
ဒီနှလုံးသားအရူးအမူးလေးက
ဘယ့်နှယ့်လုပ်သူစိမ်းပြင်ပြင်
သဘောမထားနိုင်ရှာတဲ့အတွက်
ဂျွန်ရေ..
စိတ်ကိုဖမ်းကြပေတော့..။
အနမ်းဆိုတာခိုးယူလို့မရနိုင်ဘူးလား
သူကသိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေမသိအောင်တစ်မျိုး
သိအောင်တစ်မျိုး..လှသူပေါ့..။
အနယ်အမှုန်ထနေတဲ့ညအပြာက
ကြယ်သားနုနုထွတ်ထွတ်တွေကိုမှစွဲမက်သတဲ့။
သက်တံတွေ ကြယ်တွေ
ပန်းပွင့်တွေ သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ ဘယ်လိုပဲလှလှနေပေမယ့်
သူကလေးမှအိနြေ္ဒရတာပါ..သူ့မှာ
စကားလုံးတွေလည်းလှပတယ်..ပြီးတော့
တသွင်သွင်စီးလို့..။
ဂျွန်ကိုပြောလိုက်ပါ
ငါတို့မြစ်ဆီသွားဖို့မလိုတော့ဘူး……..။ ။
မောင်သိန်းဇော်
သြဂုတ်-၉၅ တေးကဗျာ
ပွဲတော်
ရေခြောက်ခြောက်
တစ်ယောက်တည်း
အခုလိုပျင်းရိနေရတာကိုကတစ်မျိုးအရသာရှိ။
ပျော်ရွှင်မှုဆိုတာတိုက်ဆိုင်မှရတယ်
ဒီလိုမှန်းသိ သူ့အိမ်ရှေ့သွားထိုင်မိမယ်
တနလာင်္နေ့ကစခဲ့သောဇာတ်
တနလာင်္နေ့မှာဆုံးခန်းတိုင်ခဲ့။
တစ်နှစ်တစ်ခါရောက်လာစမြဲဟာ
ပဝါကိုဦးခေါင်းမှာစည်းထားတယ်။
ညီမလေးက
နှုတ်ခမ်းကိုခရမ်းရောင်ဆိုးထားတယ်
မြင်ပေမယ့်
လေထဲမှာကိုယ့်အသံမရှိဘူး။ ။
ခင်ဇော်မြင့်
တစ်ယောက်တည်း
အခုလိုပျင်းရိနေရတာကိုကတစ်မျိုးအရသာရှိ။
ပျော်ရွှင်မှုဆိုတာတိုက်ဆိုင်မှရတယ်
ဒီလိုမှန်းသိ သူ့အိမ်ရှေ့သွားထိုင်မိမယ်
တနလာင်္နေ့ကစခဲ့သောဇာတ်
တနလာင်္နေ့မှာဆုံးခန်းတိုင်ခဲ့။
တစ်နှစ်တစ်ခါရောက်လာစမြဲဟာ
ပဝါကိုဦးခေါင်းမှာစည်းထားတယ်။
ညီမလေးက
နှုတ်ခမ်းကိုခရမ်းရောင်ဆိုးထားတယ်
မြင်ပေမယ့်
လေထဲမှာကိုယ့်အသံမရှိဘူး။ ။
ခင်ဇော်မြင့်
နှစ်ဦးသားဆုံတဲ့နေ့
အခန်းတခုလုံး..
ဖွေးဆွတ်နေတဲ့ နှင်းဆီပန်းတွေနဲ့ မွှေးရီဖုံးလွှမ်း
ခန်းဆီး အဖြူ ရောင်....
ဆက်တီ အဖြူရောင်....
နံရံ အဖြူ ရောင်.....
စာပွဲခင်း အဖြူရောင် ခင်းထားတဲ့ စားပွဲ ပုလေးပေါ်
ရနံ့ သင်းသင်း ကော်ဖီ နှစ်ခွက် က မျှော် လို့....
အခန်းဒေါင့် တနေရာ..
ကိုယ့် ရင်ခုံ သံ ကိုယ် ကြားနေတဲ့ အခိုက်..
တိတ်ဆိတ်တဲ့ ခြေလှမ်းတွေနဲ့ .. အသာ အယာ ရောက်လာခဲ့တဲ့ .. သူ...
ပြုံးခဲတဲ့ နှုတ်ခမ်းပေါ်
ရှားပါးတဲ့ အပြုံးတပွင့် လန်းတင့် လို့နေတာ
မြင်ခွင့် ရခဲ့တဲ့.. အခိုက်အတန့်ကလေး မတော့
ကမ္ဘာ ပေါ်က အရာရာ .. ပြာ သွား ခဲ့ ပါပေါ့
တို့ နှစ်ယောက်သာ ရှိတဲံ့ ဒီကမ္ဘာ..
ကျမတို့ စကား တွေ မပြော ကြဘူး
ကျမတို့ စကားတွေ ပြောစရာ မလိုဘူး...
ကျမ တို့ မှာ ပြောစရာ စကား မရှိဘူး...
ကျမ နှလုံးသားက စကားသံ
သူ့ နှလုံးသား နဲ့ ကြားခဲ့ ပြီးပြီ..
သူ့ နှလုံးသား က စကား သံ ... ကျမ နှလုံးသား နဲ့ ကြားခဲ့ပြီး ပြီ...
သူ့ ထံ က ချစ်ခြင်းတွေ ကျမ ဆီ စီး ဆင်းခဲ့ ပြီး ပြီ.....
သူ့ ရင် ခွင် ထဲက .. သူ့ မျက်နှာ မော့ အကြည့်..
မျက်ရည် တွေ ပြည့်လျှံနေတဲ့ သူ့ မျက်ဝန်း...
အဲဒီ နောက်မှာတော့
ကျမ ကို ချစ်တဲ့ အချစ်တွေ..သမုဒ္ဒရာမက ကျယ်ဝန်းတာ ကျမ မြင်ခဲ့...
သူ့ကျောလေး အသာ သိုင်းဖက်
ချစ်လိုက်တာ..
ချစ်လိုက်တာ.. လို့ ထပ်ခါထပ်ခါ ... ကျမပြောတော့...
သူ..... ကြည်ကြည် နူးနူး နဲ့ ငုံ ကြည့်....
ခုတော့ လဲ..
အကျည်းတန်သော အရာတွေ အားလုံး....အတိတ်မှာ ကျန်ခဲ့..
လောကကြီး က အသာယာ ဆုံး...
ကျမ တို့ ဆက်လျှောက်မဲ့ လမ်းမှာ.. ချစ်ခြင်းဖွဲ့ ပန်းပွင့်တွေ ဖုံးလွှမ်း....
ကျမတို့ ဥယျာဉ်ထဲ မှာတော့..
ကျမတို့ ငှက်ကလေးတွေ ကဗျာဖွဲ့ သီခိုက်..
ကျမတို့ ပန်းကလေးတွေ က ဘယ်ညာ ယိမ်း စည်းချက်လိုက်...
အဖြူရောင် ခရုတွေနဲ့ စီထားတဲ့ ခန်းဆီးလေး..
ဒန်း စီး ရင်း... အချစ် သီချင်း တပုဒ် ကို ဆို....
ဟိုး အရှေ့ ပင်လယ်က လှိုင်းပုတ်သံ သဲ့သဲ့
တချက် တချက်... ယဲ့ယဲ့ လေး.. ကြား မိ....
မိုးကောင်းကင် တခု လုံး က ကြည်လင်လို့...
အခန်းထောင့်က တယောပြားလေး...
သူ့ အလိုလို .. တေး သွား တခု ဖန်တီး....
ပင်လယ် ပြင် အစွန်း.. မေးတင်နေတဲ့ နေလုံး ကြီး...
ပြုံး ဖြီးဖြီး လေး နှုတ်ဆက်...
ငါ... ပုန်းနေပေးပါ့ မယ် ကွယ်.... တဲ့...
သူ့ပါးပြင် မှာ ပုဇွန်ဆီရောင်တွေ သမ်းနေတာ
ကျမတို့ ချစ်ရည်တွေနဲ့ ရွှန်းလက် ခဲ့လို့.. ဆိုပဲ....
ကျမ ကတော့..
သူ့ ရင်ခွင် ထဲ...ရှက် ရှက် နဲ့... ခေါင်း ၀ှက် ထား မိရုံ....
သောက်သူမဲ့.. ကော်ဖီ နှစ်ခွက်..
စားပွဲ ပုလေး ပေါ်... ပြုံးပြုံး လေး.. အေး စက်.... လို့.....။
မမသီရိ

၂၀၀၅ ဖေဖော်ဝါရီတုန်းကအတိုင်း
အရင်က
ငါတီးတိုးဖွဖွရွတ်ဆိုနေကြ မင်းနာမည်လေး
ရင်မှာ ။
ငါ့အနမ်းပန်းဟာ
မင်းပါးပြင်ပေါ် တစ်ပွင့်ချင်းဝေလို့။
အခု
မင်းနာမည်လေး ရွတ်ဆိုမိတိုင်း
သတိရလွမ်းဆွတ်ခြင်းဟာ
အချိန်နဲ့အမျှရွာသွန်းနေသောမိုး
နာကျင်ကြေကွဲခြင်းဟာ
အချိန်နဲ့အမျှလောင်ကျွမ်းနေသောမီး။
ဒီဧပရယ်ရဲ့ဦးတည်ရာမဲ့တိုက်နေတဲ့လေထဲ
အတူလျှောက်နေကျလမ်းမတွေပေါ်
လေလွင်ရူးနှမ်းကြွေကျနေရတဲ့ရွက်ကြွေလေးလို
မင်းမရှိတော့တဲ့အဖြစ်နဲ့……ငါ။ ။
သုမင်းညို
people magazine,July,2009

သို့…ဖြူဖြူဇော်…
“အချစ်ဆိုတာ
ကမ္ဘာဦးကတည်းက ရုံပြည့်ခဲ့တဲ့ရုပ်ရှင်ပဲ”
“အသည်းကွဲဂစ်တာ”က ဒီလိုမြစ်ဖျားခံတယ်။
ဖြူဖြူဇော်ရယ်….
အနာတရဆိုတော့လည်း
လက်ခံထားသလောက်လေးလံရတာပေါ့၊
ကျောင်းသွားကျောင်းပြန်မျက်ဝန်းတွေ
မိန်းမစီးဘီးအပြာရောင်
ဘယ်လိုမေ့လို့ရမလဲ
အတွေးမှာ
မင်းဆံနွယ်တွေသုံးလွန်းတင်လို့
သုံးရောင်ခြယ်
မင်းမသိတဲ့အိပ်မက်အပြာလေး
သန်းခေါင်က ငါ့အတွက်ပိုနက်တယ်။
နင်ရယ်…
ခဏဖြစ်ဖြစ်
ငါ့အိပ်မက်တွေကို ဖြန့်ကြည့်စမ်းပါ
ငါ့ကမ္ဘာမှာ နင့်ကိုယ်ငွေ့လေးတွေ့ရမယ်
ငါ့ကဗျာမှာ ငါ့သစ္စာတရားကို မြင်ရမယ်။
လပြည့်လကွယ်
ငါဟာ အလင်းဆွံ့အ,ပိုးစုန်းကြူးပါပဲ
ငါဟာ လမ်းမရှိတဲ့ ကဗျာဆရာပါပဲ။
အိပ်မက်တွေ တစ်ခါသေဆုံးတိုင်း
ငါ့
အရိပ်မရှိတဲ့ နွေမှာ
သစ်ရွက်ကြွေကို လွမ်းရမှာလားမိဖြူဇော်ရယ်….
ကာလသုံးပါးမှာ
ကံသုံးပါးနဲ့ မင်းကိုချစ်ခဲ့တယ်။
လရောင်လို
ဖမ်းဆုပ်လို့မရနိုင်အတွေးများ
ငါ့အတွက် အသည်းကွဲတစ်ဆင်စာ
ငါ့ဂူတံခါးက မင်းမန္တာန်နဲ့မှ ပွင့်ရမှာပါ ဖြူဖြူဇော်ရယ်။
ခု
မင်းရင်ထဲက ပိုးတုံးလုံးတွေ လိပ်ပြာဖြစ်လာမယ့်နေ့
ငါပစ်ဖဲစောင့်နေတယ်
ငါ့ရင်ပိတ်ကားပေါ်
မင်းအကြောင်းလေး ရုံတင်လို့ထားတယ်။
ကျေးဇူးပြု၍
ငါ့ရင်ဘတ်ပေါ် ကမ္ဘာဖျက်မိုးမညိုလိုက်ပါနဲ့
ကမ္ဘာဖျက်မိုး မသည်းလိုက်ပါနဲ့
မိညီမလေး။ ။
ဘုန်းနေသွန်း
သရဖူမဂ္ဂဇင်း၊ ၂၀၀၅

လက်ဆောင်
ကံ့ကော်ပန်းတွေနဲ့ လုပ်ထားတဲ့
ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ
သူ့ကို ရည်စူးခဲ့တာပါ။
ကျွန်တော်ပျံသန်းဖို့ ကောင်းကင်တစ်ခု
သူ့မျက်ဝန်းကနေရတယ်။
သန့်စင်ပြီးလှပတဲ့ အိပ်မက်လေးတစ်ခု
သူ့ကို ကျွန်တော်ပေးခဲ့တယ်။
သူ့ရဲ့ရနံ့တွေကို သယ်ဆောင်လာတဲ့
အပြာရောင် လက်ကိုင်ပုဝါလေးတစ်ထည်က
ကျွန်တော့်ကို ချွေးသိပ်ယုယခဲ့ပါတယ်။
ကျွန်တော်တို့အပေါ် အမြဲတမ်းဖိစီးနေတဲ့
အမှောင်ခေတ်ထဲက ရတတ်သမျှအလင်းရောင်
အကောင်းဆုံး လက်ဆောင်အဖြစ်
သူ့အတွက် ကျွန်တော့်ကိုပေးတယ်။
ကျွန်တော့်အတွက် သူ့ကိုရတယ်။
သစ်ရွက်လေးတစ်ရွက်
လှုပ်ခတ်တာကအစ
အဓိပ္ပာယ် ရှိခဲ့ပါတယ်။
တင်မင်းထက်
(ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၉၆)

တံငါ
လောကရဲ့အကြွယ်ဝဆုံးခေါင်းစဉ်ဟာ
အချစ် လို့သိပါရဲ့
အကြောင်းတရားကြောင့်ငိုကြွေးရတဲ့အကျိုးတရားမှာတော့
ကိုယ်ပိုင်ခန်းနားဖူးတယ်။
တိမ်တွေရေ
ခင်ဗျားတို့ကိုမချစ်တတ်ပါဘူး
တစ်ကမ္ဘာလုံးခုန်အုပ်ခံရသလိုလွမ်းရတဲ့သုခနဲ့
မျက်ရည်လှလှလေးပေါ်ထိုင်ဖူးပါစ…
ရနံ့ပင်လယ်ဆိုတာ အနမ်းကိုခေါ်တာမဟုတ်လား
နောက်တစ်နေ့တိုင်နှုတ်ခမ်းများပြုံးဆဲ
နှစ်တစ်ရာခံမယ့်ဆေးလေ
ချိုမြရဲ့..။
ကျွန်တော်တော့
ဘဝဆူဖြိုးစအရွယ်ကဖမ်းခဲ့ဖူးတဲ့
ငါးကလေးကို
မမေ့ဘူး။ ။
ခိုင်မြဲကျော်စွာ

Monday, February 8, 2010
အငြင်းဝါကျ
ငါငိုကြွေးလို့ရအောင် ဝမ်းနည်းစရာတစ်ခုတလေဖြစ်ဖြစ်ပေးပါ
ငါနာကျင်လို့ရအောင် ဒဏ်ရာတစ်ခုဖြစ်ဖြစ်ပေးပါ
ငါလွတ်ထွက်သွားချင်တယ် ဒီညထဲက
ဘာကိုဆာလောင်နေတာလဲလို့မေးကြည့်တယ်
ဘာစားစားအရသာမရှိဘူး
ဘာမှမပြောလိုက်ရဘူး ဒီအတိုင်းကြည့်နေရတယ် ကော်ဖီခွက်တွေ
မနက်ဖြန်ဘယ်သွားမှာလဲ မနက်ဖြန်ဘယ်ရောက်မှာလဲ
ဘာမှမပြောလိုက်ရဘူး အလိုလိုပါပဲ ဝမ်းနည်းရတယ်ဆိုတာ
အဆင်မပြေဘူးဆိုတာ တစ်ခုခုဖြစ်နေပြီဆိုတာ
တစ်ခုခုလုပ်နေမှငါရှိတယ်ဆိုတာ သတိထားမိတယ်
ဘာတွေကိုရချင်နေတာလဲ ထွက်ပြေးလို့မရအောင်ဘဲရှည်လျား
ဘာမှမဟုတ်ပါဘူးလို့လည်းအပြစ်တင်မိတယ်
ဘာမှမဟုတ်ဘူး ဟုတ်တယ်
မျက်စိလည်သွားပြီလား ဟုတ်တယ်ဆိုတာဘာမှမဟုတ်ဘူးလို့
ဘယ်အထိလိုက်ရမှာလဲ ဟုတ်တယ်ဆိုတဲ့ ဘာမှမဟုတ်တာတွေနောက်ကို
ဒီလိုတဖြည်းဖြည်း သမ်းဝေ ညွှတ်အိလေးလံ
မင်းမျက်လုံးမျက်ဖန်လေးလား အချစ်ရယ် ငါတောင့်တမိတဲ့အရာ
ဘယ်လောက်ပြေးပြေး မလွတ်ပါလား ဘယ်လောက်လျောက်လျာက်မရောက်ပါလား
ကုသိုလ်တရား အကုသိုလ်တရား
သေချာတာတွေမရှိဘူးလားလို့ နေမထိထိုင်မသာ
ဒီကဗျာ ရပ်စေချင်တဲ့နေရာမှာရပ်မသွားဘူး။
မင်းစိုးရာ
30.1.2010

နိုဝင်ဘာ
ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိပ်ဝတ်ဆင်ထားတဲ့မိန်းမ
မြူခိုးနီညိုတွေကြားမှာ
စပယ်ကပိုကရိုနဲ့ ... လှလို့။
ငါ .. တစ်ပွင့်ပြီးတစ်ပွင့်ပြိုလဲ
နှင်း အဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့ ။ ။
တာရာမင်းဝေ
၁၉၉၅၊စက်တင်ဘာ၊ဟန်သစ်
ခြေကျင်းတွေလို ခွဲစိပ်ဝတ်ဆင်ထားတဲ့မိန်းမ
မြူခိုးနီညိုတွေကြားမှာ
စပယ်ကပိုကရိုနဲ့ ... လှလို့။
ငါ .. တစ်ပွင့်ပြီးတစ်ပွင့်ပြိုလဲ
နှင်း အဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့ ။ ။
တာရာမင်းဝေ
၁၉၉၅၊စက်တင်ဘာ၊ဟန်သစ်
ပင်လယ်ဂျစ်ပစီ/Sea Gypsy
ပင်လယ်ဂျစ်ပစီ
ဆလုံ ပုလဲညို
ဆည်းဆာနေလုံး ပင်လယ်မျို
လှေအိုပေမယ့်
သူ့အချစ်မအို။ ။
အောင်ဝေး
Sea Gypsy
Brown pearl Salone
The sun in the twilight
Swallowed by the sea
Though the boat is old
Her love is still young
Aung Way
(Trns: Nyein Wai)
ဟန်သစ်မဂ္ဂဇင်း၊ ၂၀၀၄ မေလ
ဆလုံ ပုလဲညို
ဆည်းဆာနေလုံး ပင်လယ်မျို
လှေအိုပေမယ့်
သူ့အချစ်မအို။ ။
အောင်ဝေး
Sea Gypsy
Brown pearl Salone
The sun in the twilight
Swallowed by the sea
Though the boat is old
Her love is still young
Aung Way
(Trns: Nyein Wai)
ဟန်သစ်မဂ္ဂဇင်း၊ ၂၀၀၄ မေလ
ချစ်သူချော့
ငါ့ desktop ပေါ်က မိုးဟေကို ပုံကြည့်ပြီး
ငါ သူ့ကို ပိုစိတ်ဝင်စားတယ်လို့ မစွပ်စွဲသင့်ဘူး
မင်း ချစ်တဲ့ယောက်ျားတစ်ယောက်ရဲ့စိတ်ကို
တစ်အုပ်လုံးမဟုတ်တောင် လေးငါးမျက်နှာတော့ မင်းလှန်လှောကြည့်သင့်ပါတယ်။
တခါတလေတော့ J.Lo ရဲ့ အကတွေ ငါလည်းကြည့်ချင်တယ်..
တခါတလေတော့ Jolie ရဲ့ အကြည့်တွေ နှစ်သက်လို့
သူ့ရုပ်ရှင်တွေ ဝယ်သိမ်းထားတာလည်း ရှိတယ်..
မင်း လေးဖြူရဲ့ သီချင်းတွေ ရူးသွပ်သလောက်ပါပဲ
သိပ်လည်း ကိုယ့်ကိုကိုယ် မီးပုံ မရှို့စမ်းနဲ့ကွယ်
မင်းမွှေးတဲ့မီးက နှစ်ယောက်လုံး စိုက်လို့ပျိုးလို့ ကောင်းတဲ့မြေဖြစ်မလာဘူး။
စိုင်းထီးဆိုင်သီချင်းတစ်ပုဒ် လိုပါပဲ
ငါ အရက်သောက်တာ မင်းမကြိုက်ဘူး
ငါ ဘာကြောင့် အရက်သောက်ဖြစ်နေသလဲ
မင်း စဉ်းစားဖို့ လိုနေသလိုမျိုးပေါ့…
ငါဟာ မင်းအတွက်ဆို ကျဆုံးစရာရှိရင်
ရှေ့ဆုံးက ကျဆုံးပေးချင်တဲ့ စစ်သူကြီးပါ..
ရုံးအဆင်းကို အချိန်မှန် လာမကြိုတာလောက်နဲ့
အချစ်တွေ ကျပျောက်ကုန်ပြီလို့
အဖော်တွေကို လော်လည်ပြီး တိုင်တန်းမနေစမ်းနဲ့ ဟန်နီ
ဒေါသတွေ စိန်လိုစီထားတတ်တဲ့ မျက်ဝန်းစိုစိုလေး
မင်းဒေါသတွေ မှုတ်မှုတ်သောက်ရတာ ငါလည်း နုန်းလှပြီ..
မနက်ဖြန်မနက် ဈေးဝယ်ထွက်ရအောင်
အရင်လိုအပြုံးလေးပဲ ဝတ်လာခဲ့
အရင်စကားမျိုးလေးတွေပဲ ပြောရအောင်ပါ
အရင်လို တွတ်ထိုး…
နည်းနည်းကြာလာတော့ အရင်လို ရန်ဖြစ်ရင်း မောရအောင်
အရင်လို အုတ်ခုံလေးက စောင့်နေမယ်ကွာ…
လင်းဒီပ
၂၁.၂.၀၉

အလွမ်းစက်လက်
ကိုယ့် သန်းကောင်ယံတွေကို လှုပ်နိုး၊
ကိုယ့် အိမ်မက်ကို ပန်းလို ပျိုး ခဲ့တဲ့
ဂစ်တာသံ အ၀ါလေးဟာ
အဲဒီ့ ဂျင်းပင်(န်) အပြာလေး ပဲဖြစ်မှာပါ။
ညနေတွေတိုင်းက ကြည်ပြာ
ရှိန်းမြ တစ်ကိုယ်ရည် အတွေး
ကိုယ့် ရင်ခုန်ကဖေးလေးရှေ့ ဖြတ်လျောက်ဖို့
မင်း အကြည့်တွေကို
မြားလို ရိုင်းမပြစမ်းနဲ့ ကောင်လေးရယ် ။
ကိုယ့် ခြေသံတွေက
မင်း ခြေသံကို..မှ.....ချူချ လိုက်ချင်သတဲ့
ကိုယ် ချဲ့ထွင်ခဲ့တဲ့လမ်းလေးက
မင်းတစ်ကိုယ်စာ
မျှော်လင့်ခြင်းဆိုတာမှာ
သက်ပြင်းတွေ ဖြာနေတတ်ပါသလား....
မင်း သတင်းကို
သီချင်းလို ကိုယ် ဆိုခဲ့မိပေါ့။
အချိန်ကို ရထားလိုစီးပြီး
ဒီခရီးကို ကိုယ်နှင်လာခဲ့ပြီ
ရာသီတွေဘယ်နှစ်ခါ ယွန်းယွန်း.....
ကိုယ့် မျက်ဝန်းထောင့်စွန်းလေးမှာ ပျက်ကွက်
ကိုယ့် အလွမ်းစက်လက်ပန်းချီကား...
နာ ဖျား ကွဲ ကြေ ။
ကောင်လေးရေ...
ငါ က ........
အချစ်ကို
မင်း နဲ့မှ ချို ချင်နေခဲ့တယ် ။ ။
အိန္ဒြာ

မင်းအပြုအမူကို ကိုယ်စားပြုသော ငါ့သီချင်း
ငါထင်ခဲ့တယ်
မင်းနဲ့ဝေးရင် ငါ့မနက်ဖြန်ရဲ့အရောင်ဟာ အမှောင်လို့
အားလုံးလွဲတာပဲ
ကောင်းကင်ကြီးကလဲ မီးကုန်ယမ်းကုန်ပြာလို့
ငှက်ကလေးတွေ သီချင်းအသစ်ကို ထိုးလို့ဆိတ်လို့
ပြည်လမ်းမပေါ် နေလုံးကြီးက တက်လိုက်ဆင်းလိုက်
ငါလည်း ဂျင်းဘောင်းဘီဝတ်လိုက်
လက်ဖက်ရည်ဆိုင်ထိုင်လိုက်
သူငယ်ချင်းတွေနဲ့ ပျော်လိုက်ပါးလိုက်
စကြ၀ဠာကြီးထဲ
ယင်ကောင်လေးတစ်ကောင်
ထိုးကျပျက်စီးသွားတာပါ
နည်းပညာခေတ်ကြီးထဲမှာ
‘အာဒမ်’ဟာ နံရိုးတွေအများကြီးနဲ့  ။
၂၀၀၄
(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ – မောင်ဖီလာ၊ ကျော်မွှေးစာပေ၊ ၂၀၀၉။)

စက္ကူပုတီး
ကမ္ဘာကြီး မပျက်သုဉ်းခင်
တနေ့နေ့ပေါ့
မင်းလုပ်ပေးမယ့် စက္ကူပုတီးလေး
လည်မှာဆွဲထားမယ့်နေ့
အရောင်စုံ စိုလက်တောက်ပစွာ
အကြီးအသေး မညီမညာ
မင်းသီကုံးလိုက်တဲ့အခါ
တောပန်းရောင်စုံတွေကြားက
လိပ်ပြာတွေတောင် ငေးသွားကြမယ်
မြက်ခင်းစိမ်းပေါ်မှာ
ခြေဗလာထိုင်စင်း ကဗျာရွတ်ရင်း
နေ့အလင်းကို ညချဉ်းကပ်လာရင်
လရောင်ကိုခေါ်တဲ့သီချင်း မင်းကညည်းဆို
ကြယ်ဖြူရိပ်မှာ လေညင်းချို
တိမ်ညိုမည်း မိုးတွေသည်းလာတဲ့အခါ
ခြေဦးတည့်ရာ သံစဉ်ဆက်ရှာကြ
လက်ဖ၀ါးတွေပင့်မြှောက် မိုးပေါက်ကြားမှာ ကခုန်
သတိတရ ငုံ့ကြည့်လိုက်တော့
ဟော…
ငါ့စက္ကူပုတီးလေးလည်း အရည်ပျော်နေပါလေရော
ငါ… ငိုကြွေးမှာပေါ့
ပြီးတော့… ငါတို့ ရယ်မောလိုက်ကြမယ်။
ပန်ဒိုရာ

ချစ်ခြင်းမေတ္တာတရားနှင့် ဖေဖော်ဝါရီ နေ့စွဲများ(၂)
ရင်ခုန်နွေးမြ ဖေဖော်ဝါရီလကတော့ ချစ်သူများ၏နှလုံးသားရာသီခွင်သို့ ချဉ်းနှင်းဝင်ရောက်လာချေပြီ။
ကဗျာဆရာနှင့် ရင်ခုန်သံသည် ဤရာသီခွင်၌ ထပ်တူကျ၍နေလေသည်။
မြန်မာ့သမိုင်းကြောင်းအရ ဖေဖော်ဝါရီ(၁၃)ရက်သည် အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အခါသမယလည်းဖြစ်ချေသည်။
ကမ္ဘာ့သမိုင်းကြောင်းအရ ဖေဖော်ဝါရီ(၁၄)ရက်နေ့သည် ရေမြေ့ရှင်ဘုရင်အမိန့်ကိုလွန်ဆန်၍ မေတ္တာတရားကိုဆောင်နှင်းပေးခဲ့သော
ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း၏ ရှင်သန်ခွင့်ပျောက်ဆုံးခဲ့သော အခါသမယလည်းဖြစ်ပေသည်။
ဤသည်တို့ကို မှတ်သားရည်စူး၍ ကျွန်တော်တို့၏ ကဗျာဘလော့လေးမှတစ်ဆင့် အမှတ်တရကဗျာတင်ဆက်မှုများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း၊
ခေတ်အလိုက် ထင်ရှားခဲ့သော ကဗျာဆရာများ၏ အချစ်ကဗျာများ၊လက်ရှိခေတ်ပေါ်၌ကဗျာများရေးသားလျက်ရှိသော ကဗျာဆရာများ၊
ဘလော့ဂါများ၏ဘလော့များပေါ်မှ အချစ်ကဗျာများ၊ မှတ်တမ်းမှတ်ရာ ကျောင်းတော်ရက်စွဲများမှ အချစ်ကဗျာများနှင့်အတူ
ကဗျာများကို တင်ဆက်သွားမည်ဖြစ်ကြောင်း၊ကဗျာများကို ပြန်လည်ဖော်ပြရာ၌
အချို့သော ကဗျာဆရာများ၊ဘလော့ဂါများအား ခွင့်ပြုချက်တောင်းခံရန်ခက်ခဲသည့်အတွက် ခွင့်လွှတ်စေချင်ပါကြောင်း၊
ဖော်ပြပါရှိသော ကဗျာများသည် ချစ်ခြင်းမေတ္တာကို အတိအကျဖော်ညွှန်းပြနိုင်မှုမရှိလျင်တောင် အနီးစပ်ဆုံးညွှန်းဆိုနိုင်ပါလျှင် ကျွန်တော်တို့ဖန်တီးတင်ဆက်ရကြိုးနပ်သည်ဟုဆိုချင်ပါသည်။
မြန်မာကဗျာများလွတ်လပ်၊ညီညွတ်၊ကွဲလွဲ၊ဖွံ့ဖြိုးနိုင်ပါစေ။

တောသူမလေးနှင်း
နင်နဲ့ငါနဲ့ ပြောခဲ့တဲ့ ကြက်တောင်စည်းလေးဟာ
ရှင်နဲ့ကျွန်မ ပြောတတ်တဲ့ ကျစ်ဆံမြီးလေးဖြစ်ခဲ့ပြီ
ဆံစု ဆံစပ် ဆံတောက်လေးနဲ့ လှတဲ့နှင်းရေ
ဆံထုံးလေးနဲ့ ဆံထိုးဆံညှပ်တွေနဲ့ နွဲ့နှောင်းလို့
ဆံမြိတ်လေးချ ဆံရစ်ဝိုင်းလေးနဲ့ ကြော့မော့လို့
မြို့ ကျောင်းကို ရောက်သွားပေမဲ့
ငါတို့ ရွာလေးက ကွမ်းတောင်ကိုင်ဟာ နင်ပါကွယ်
ကြည်လင်တဲ့ မျက်နှာ
ကြည်သာတဲ့ အပြုံး
ခုံးမျက်စလေး နက်မှောင်မှောင်
ကြိုင်လှိုင်သင်းနေတဲ့ နင်ရဲ့ ရည်မွန်ခြင်းတွေအကြောင်း
မြို့ ကတနွဲ့တဖွဲ့သတင်းတွေ ကြားရတယ်
ကျက်သရေ ကြူကြူမွှေး ငါဂုဏ်ယူရသေးပေါ့ နှင်းရေ
ကြော့ရှင်းနေတဲ့ လည်တိုင်လေးဟာ ကမ္ဘာဆန်မှန်း ငါသိပါတယ်
ပိန်းကျားရိုက် သနပ်ခါးတွေမရှိတော့တဲ့ အရပ်မှာ
ခြယ်နားကပ်လေးမပန်ဘဲ ၀င်းညက်နေမယ့် နင့်ပါေးလးနဲ့
စေ့စေ့ကြည့်ခံတဲ့ ပညာရဲ့  မျက်ဝန်း
ချပ်ချပ်ရပ်ရပ် ကိုယ်ကျင့်တရား
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူ နှင်းရေ
ကနွဲ့ကလျ ကပိုကရိုမလေးတွေထက် နင်ဟာထုံမွှေးပြီး
ကြွကြွရွရွ ဘောင်းဘီရှည်မလေးတွေထက် သင်းပျံ့  ပျံ့ မွှေးရနံ့  ထုံသင်းပါရဲ့ 
ခါးသေးရင်ချီ ခါတော်မှီလေးနှင်းရေ
နုနုထွတ်ထွတ် နင့်စိတ်ထားတွေ
နုနုဖပ်ဖပ် နင့်ကြင်နာမှုတွေ
န၀င်ပီယံ နင့်စကားသံတွေအတွက်
ကမ္ဘာကို အုပ်စိုးမယ့် နင့်လက်ချောင်းရှည်ရှည်လေးတွေအတွက်
ယမင်းရုပ်လေးကိုကြည့်ပြီး ငါသတိရနေတယ်
ငါသိပ်ချစ်တဲ့ အညာဓလေ့ ရွာဓလေ့တွေရှိရာ
ပျောင်းညွတ်နေတဲ့ စပါးခင်းဝါ၀ါတွေရှိရာ
ပွင့်ချပ်ပွင့်ငုံ ပွင့်ဆံ ပွင့်တံ ပွင့်ဖတ်စုံသော တောပန်းများရှိရာ
နင်ပြန်လာမယ့် ရွာဝင်လမ်းဆီမှာ
ရှက်သွေးဖြန်း ရှက်အမ်းအမ်း နင့်မျက်နှာလေးကိုကြည့်ဖို့
တီတီတာတာ ငှက်ကလေးတွေနဲ့အတူ
ငြိမ့်ညောင်းသာယာ ဆည်းလည်းသံတွေနဲ့အတူ
ခွာညို ခွာပြာပန်းလေးတွေနဲ့အတူ
တမာတန်းက ရေချမ်းစင်လေးရဲ့ ဘေး ငါမျှော်ငေးနေမယ်
အညာသူမလေး နှင်းရေ
ခေတ်ကာလက နင့်အလှတွေကို ချွတ်ခြွေမချစေဖို့
ရွာဦးစေတီလေးမှာ ငါအမြဲဆုတောင်းပေးနေတယ်
နင့်ဘ၀လေး ငြိမ်းချမ်းစွာ လင်းလက်ပါစေတော့။ ။
၂၂.၆.၂၀၀၉
မြတ်ဝေ

ပရိဘောဂများ
သူ့အိမ်ဂေဟာ တခမ်းတနား လှပအောင်
အမြဲတမ်း သူနေရာ ချတတ်တယ်။
အိမ်ကိုရောက်ဖူးတဲ့ လူကြီးလူကောင်းတိုင်းက
တအံ့တသြ ချီးမွမ်းခန်းဖွင့်ရလောက်အောင်
သူတော်တယ်။
ကနုတ်ပန်းနဲ့ ရှေးဟောင်း ထိုင်ခုံတွေက
သူ့ကို မင်းမျိုးမင်းနွယ်တစ်ယောက်လို့ အထင်ရောက်စေတယ်။
ထိုင်နေကျ သူ့ထိုင်ခုံ အပေါ်တည့်တည့် နံရံမှာတော့
အမဲလိုက် သေနတ်နဲ့ ခေါင်းပါတဲ့ ကျားရေခွံကြီးက
သူပြောသမျှ စကားတိုင်းကို အလေးအနက် ဖြစ်စေတယ်။
သူစုဆောင်းထားသမျှ ပန်းချီကားအားလုံး
ဘယ်သူမှ မမြင်အောင် သိမ်းထားလေ့ရှိတယ်
လိုအပ်မ္ဘှည့်ခန်းနံရံမှာ တစ်ချပ်ချင်း ချိတ်ဆွဲ
ဒါက ပစ်မှတ် ကို တစ်ချက်တည်းနဲ့ မှန်အောင် ပစ်တတ်သူမှန်း
သူ့စွမ်းရည်နဲ့ သူ့ပညာကို သိသာစေတယ်။
ပြဿနာတွေ သူဖြေရှင်းတဲ့အခါ
စာကြည့်ခန်းထဲမှာ သူတွေ့ဆုံတယ်
အခန်းပတ်လည်က စာအုပ်ဗီရိုကြီးတွေထဲမှာတော့
သူ့အတွက် ဆင်ခြေဆင်လက်တွေကို
အက္ခရာစဉ်အတိုင်း စနစ်တကျ စီရီထားတယ်။
ဆင်ဝင်အောက်က ရှားပါးဂမုန်းတွေနဲ့
ဝရန်တာမှာ ချိတ်ဆွဲထားတဲ့ သစ်ခွမျိုးစုံကိုတော့
ဖြစ်ရပ်မှန်တွေ ဆီကနေ အာရုံလှည့်စားဖို့အတွက်
တန်ဖိုးကြီးကြီးပေးပြီး သူစုဆောင်းထားတယ်။
သူ့အသုံးအဆောင် ပရိဘောကတွေထဲမှာတော့
ကျွန်မဟာ ဈေးအပေါဆုံးဖြစ်လိမ့်မယ်
နေ့ဘက်၊ မီးဖိုချောင်ထဲမှာ
ညဘက်၊ သူ့အိပ်ခန်းထဲမှာ
စနစ်တကျ သူနေရာချတတ်တယ်။
သူ့ဘက်ကလည်း တွေးနေလိမ့်မယ်
သူ့အသုံးအဆောင် ပရိဘောဂတွေထဲမှာ
သူ့ကို၊ သံသယမျက်လုံးနဲ့ ပြန်ကြည့်တတ်တယ်ဆိုလို့
ကျွန်မ တစ်ယောက်တည်း ရှိလိမ့်မယ်လို့။
ဒါပေမဲ့ ကျွန်မရဲ့ ဒေါသနဲ့ ကြေကွဲမှုတွေကိုတော့
စကားလုံးတွေအဖြစ် ဘယ်တော့မှ
ပြောင်းလဲခွင့် မရခဲ့ဘူး
သူ့ရှေးဟောင်းပစ္စည်းတွေပေါ်က
အက်ကြောင်းရာတွေလိုပေါ့
ပြင်ဆင်လိုက်လို့ တန်ဖိုးလျော့သွားမှာမျိုးကို
သူ မလိုလားဘူး။
ဒီအတွက်လည်း အားလုံး သူစီစဉ်ပြီးသားပါ
နှစ်ယောက် အိပ်ခုတင် နဲ့ ပြတင်းပေါက်ဘက်အခြမ်းကို
ကျွန်မအတွက် သီးသန့်၊ သူပေးထားတယ်
လမင်းကို အချိန်အကြာဆုံး၊အလှဆုံး မြင်ရတဲ့
အိမ်ဂေဟာရဲ့ အကောင်းဆုံး ပြတင်းပေါက်ပေါ့
နာကြည်းချက်တိုင်းကို ကျွန်မပြောပြလိုက်တဲ့အခါ
လမင်းကလည်း နားလည်ကြေကွဲစရာ ၊နှစ်သိမ့်ပေးရှာတယ်။
ကျွန်မရဲ့ မျက်ရည်နဲ့၊ ကျွန်မရဲ့ ခန္ဓာကိုယ်ကို
သူ့ရောင်ခြည်တွေနဲ့ ပွတ်သပ်ပေးရင်းပေါ့။
ဒီလိုနဲ့ပဲ၊ လမင်းဆီရောက်သွားတဲ့ လျှို့ဝှက်စကားတွေကို
တခြား ဘယ်သူမှ မကြားနိုင်တော့ဘူး
ခုတင် တစ်ဖက်ခြမ်းက အမှောင်ရိပ်ထဲမှာတော့
သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်
လမင်းနဲ့ ကျွန်မကို ကျောခိုင်းရင်းနဲ့လေ။
မြင့်မိုးအောင်

ဂျက်ကပြောတယ်
ဂျက်ကပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
သူ မချစ်တော့ဘူးတဲ့
ဂျက်ကပြောတယ်
ကမ္ဘာမှာ မိန်းမတွေမရှိရင်
မဖြစ်ဘူးဆိုပဲ
ဒါပေမယ့် မိန်းမတစ်ယောက်ကို သင်ချစ်မယ်ဆိုရင်
သင်တုန်းဓားကို တစ်ကြိမ်နမ်းသင့်သတဲ့
ဂျက်ကပြောတယ်
ချစ်ခြင်းမေတ္တာ၊ သူရသတ္တိနဲ့ အရိုင်းစိတ်ကို
ခင်းကျင်းပြသဖို့ အကောင်းဆုံးစားပွဲဟာ မိန်းမတွေပဲတဲ့
ဂျက်ကပြောတယ်
အဲဒီ စားပွဲပေါ်မှာ အနှစ် ၄၀ လုံးလုံး ကြာအောင်
ငါပြေးနေခဲ့ဖူးတာပေါ့ ကွာ
ဂျက်ကပြောတယ်
ကြယ်စုံမြူးတဲ့ ညမှာ
ချစ်သ၀ဏ်လွှာတွေ တစ်ညလုံးရေးနေခဲ့တာ
နေနတ်သားရဲ့  တံပိုးခရာသံကြားတဲ့ အထိပါပဲတဲ့
သို့ပါသော်ငြား
ရေးသားခဲ့သမျှ ချစ်သ၀ဏ်လွှာတွေဟာ
ပေါင်မုန့်ကြားထဲ ၀င်ရောက်သွားပြီး
ပြန်မထွက်တတ်ကြတော့ဘူးတဲ့
ဂျက်ကပြောတယ်
မိန်းမတစ်ယောက်အတွက်
ဒိုင်ဗင်အကြိမ်ကြိမ် ထိုးခဲ့တယ်
ဦးခေါင်းမှာ ချုပ်ရိုးတွေချည်းပဲ
ဂျက်ကပြောတယ်
သိပ်စိတ်ညစ်တာပဲ
အချစ်ကို သက်သေပြဖို့ ငွေကြေးမလုံလောက်ဘူးတဲ့
ဒါကြောင့်
ကျောက်တုံးကြီးတွေကို ခဏခဏ မပြနေရသတဲ့
ဂျက်ကပြောတယ်
မိန်းမတွေဟာ ဘယ်တော့မှ မမှားဘူးတဲ့
ငါ တို့ က သူတို့ ကို ချစ်မိမှာသာ
အမှားအယွင်းတွေ စတင်တော့တာတဲ့
ဒါကြောင့် ဂျက်ကပြောတယ်
မိန်းမတွေနဲ့ မျက်လုံးချင်းဆုံးအောင် မကြည့်နဲ့တဲ့
ဂျက်ကပြောတယ်
မိန်းမတစ်ယောက်ကို ချစ်ရတာဟာ
ဂြိုဟ်ကမ္ဘာတစ်ခုက ပိုးမွှားအသစ်အဆန်းတွေ
ထည့်ထားတဲ့ ဖန်းဘူးနဲ့
တစ်ခန်းတည်း အတူနေရသလိုပဲတဲ့
ဂျက်ကပြောတယ်
သူဟာ တစ်နေ့တည်း နှစ်ခါ
အသက်ရှင်နေနိုင် သတဲ့
တစ်ကြိမ်က မိန်းမတစ်ယောက်ကို ချစ်မြတ်နိုးဖို့
တစ်ကြိမ်က ကမ္ဘာမြေကြီးကို ချစ်ခင်ဖို့တဲ့
ဂျက်ကပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူ အိမ်ကိုပြန်မအိပ်ဘူး
ဂျက်ကပြောတယ်
ဂျက်က ခဏခဏပြောတယ်
ဂျက်က တွေ့တဲ့သူတိုင်းကိုပြောတယ်
ဂျက်က မရပ်မနားပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူချာချာလည်အောင်မူးတယ်
ဂျက်ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်
သူဘယ်သူလဲ သိပါရဲ့ လား အဆွေငဲ့
လမ်းထိပ်မှာ အမူးလွန်ပြီး အိပ်ပျော်နေတတ်တဲ့
အရက်သမားအဘိုးကြီးကွဲ့ ။ ။
နေမျိုး
ဟန်သစ်မဂ္ဂဇင်း၊၂၀၀၄

အချစ်
တသသပြန်တွေးတိုင်း
တသသပြန်မွှေးတဲ့ ပန်းကလေး
သူက သိပ်အသက်ဝင်လွန်းသွားတဲ့အခါ
ဘယ်လိုမှ မတွေးသင့် မတွေးအပ်တော့ဘူးလို့
ကြိုးစားထိန်းချုပ်သည့်တိုင်
တသသ မွှေးမြဲမွှေးနေတတ်သော။
ညိမ်းညို
(ညိမ်းညိုကဗျာ ဘလော့မှ ကူးယူဖော်ပြပါသည်။)
တသသပြန်မွှေးတဲ့ ပန်းကလေး
သူက သိပ်အသက်ဝင်လွန်းသွားတဲ့အခါ
ဘယ်လိုမှ မတွေးသင့် မတွေးအပ်တော့ဘူးလို့
ကြိုးစားထိန်းချုပ်သည့်တိုင်
တသသ မွှေးမြဲမွှေးနေတတ်သော။
ညိမ်းညို
(ညိမ်းညိုကဗျာ ဘလော့မှ ကူးယူဖော်ပြပါသည်။)
စွဲစွဲလမ်းလမ်း
ချစ်မိပြီဆိုတာနဲ့
လွမ်းရတော့တာပဲ။
ငါက ချစ်ခြင်းမှာ ဖျတ်ဖျတ်လူးရမယ့်အရွယ်လား
လေပြေညင်းလေးပွတ်တိုက်ရုံနဲ့
ပြုတ်ထွက်သွားရတော့မယ့် ခရေပွင့်လေးရဲ့အညှာ
ငါ့မေတ္တာကို ကောင်ယူမွေးစားလှည့်ပါ ။
စာချုပ်စာတမ်းတွေမလို
ကလေးလေးတစ်ယောက်စုဗူးဖောက်သလို
နင်ကြည်ကြည်နူးနူးရေတွက်မယ့် မုန့်ဖိုးလေးသာ
ငါဖြစ်ချင်တယ်။
ညီမလေးရယ်
ငါ့ရဲ့ကြည်နူးလေးစားခြင်းဆိုတာ
ညအမှောင်မှာ
ပြတင်းတံခါးပေါက် ကျရောက်အလင်း
ဝင်းကနဲပြိုးပြက် ငါ့ရင်တစ်ဆောင်လုံး အသက်ဓာတ်
လည်ပတ်နေတဲ့သွေးများကိုပူနွေးစေတဲ့
ညီမလေးရဲ့ သုံးလုံးသောနာမည်လည်းဖြစ်တယ်။
ငါ့ရဲ့စွဲလမ်းခြင်းဆိုတာ
ပင့်သက်လှိုက်လှိုက် အကြည့်တစ်ရှိုက်စာဟင်းလင်း
ရှုခင်းတစ်ဝက်မှာ
သိမ်သိမ်မွေ့မွေ့လေးဝှက်ထားခဲ့တဲ့
ညီမလေးရဲ့ မျက်ဝန်းနက်တစ်စုံလည်းဖြစ်တယ်။
ငါ့ရဲ့ ကြင်နာယုယခြင်းဆိုတာ
သနပ်ခါးရေကျဲ အသည်းနစ်မွှေးမြ
သင်္ကေတအဖြူ မထူမပါး
ညီမလေး ညာဘက်ပါးပေါ်က
အမာရွတ်လှလှလေးလည်းဖြစ်တယ်။
ငါ့ရဲ့နှောင်တွယ်မြတ်နိုးခြင်းဆိုတာ
လအစင်းစင်းအလင်းကြွေသက် ၀ပ်တွားအပ်သော
နတ်တို့ဖန်ဆင်း နက်မှောင်သောအလင်းလည်းရှိအပ်သော
ဆွတ်ပျံ့ရီရီ ပုခုံးနုဆီဝဲကျ
ညီမလေးရဲ့ပျော့ပျောင်းတဲ့ဆံနွယ်စလေးတွေလည်းဖြစ်ရဲ့။
ထိုမျှမက
ညီမလေးအရယ် ညီမလေးအပြုံး
နှလုံးသားဆီ ဖုန်းမြည်ခဲ့တဲ့
ညီမလေးရဲ့အသံနုနု
နှစ်ခုသောမေးစေ့ဝိုင်းလေးနှင့်တကွ
ဆွတ်ဆွတ်ဖြူလှပ စိတ်နေစိတ်ထား
ညီမလေးနဲ့ပတ်သက်သမျှအရာအားလုံးလည်းဖြစ်တယ်။
ညီမလေးရယ်
ငါကပြဿဒါးမှာမွေးဖွားတဲ့သစ်ပင်
ငါ့အပွင့်က ဝေဒနာနဲ့ချင်းချင်းနီတယ်။
ငါသီဆိုရတဲ့ လောကဓံတေးက သွေးသံရဲရဲ
နင်နားမထောင်ဝံ့မှာလည်း စိုးတယ်။
ရှင်းရှင်းပြောရရင် ငါကဆင်းရဲတွင်းနက်တယ်
ငါ့အသက်ရှင်တင်ဆက်မှုမှာ
ငါ့ဆုတောင်းများသာ နင့်အတွက်စောင့်ရှောက်စရာဖြစ်တယ်
ငါ့အချစ်တစ်ခုသာ
နင့်အပေါ်မှာငါမိုးပေးနိုင်တဲ့ထီး
နင်စီးရမယ့်ဖိနပ်
ညီမလေးသက်ဝင်တဲ့
စိတ်ကူးယဉ်အနာဂတ်မှာ
ငါကတဖြည်းဖြည်း မှုန်းဝါးပျောက်ပျက်ရမယ့်အရာပါ။
သို့ပေမယ့်လေ. . .
နင့်အပေါ် ချစ်မိခြင်းတစ်ခုသာ
မျှော်လင့်ချက်မပါတဲ့ ငြိမ်းချမ်းရေး
သွေးသား အဓိပ္ပါယ်
နင့်မေတ္တာတရားသာ
ငါရှာဖွေတဲ့ ဘ၀အဘိဓမ္မာ
ရဲရင့်သန်မာတဲ့ ဆုံးဖြတ်ချက်
ငါရှေ့ဆက်မယ့်အနာဂတ်ရဲ့အားလည်းဖြစ်တယ်။
နင်သာ ငါ့အနုပညာ ငါ့ကဗျာ
ငါ့ရင်ခုန်သံစစ်စစ်
ငါ့အချစ်ထံအလင်းပြန်တဲ့ ကြေးမုံတစ်ချပ်
ငါ့ဘ၀ဆီပဲ့တင်ထပ်တဲ့ ငါ့အသက်ရှူသံလည်းဖြစ်တယ်။
ငါလေ. . .
နင့်ကိုချစ်တဲ့စိတ်နဲ့သေရမယ်ဆိုရင်လည်း
ငါ့ထွက်သက်ဟာ
ညင်သာလွန်းမက နူးညံ့လှပနေမှာ။
ညီမလေးရေ. . .
ငါ့ဆုတောင်းခြင်းမှာ
နင့်မနက်ခင်းတွေ ငြိမ်းချမ်းမွန်မြတ်ပါစေ
မနက်ဖြန်ညီမလေးလှမ်းမယ့် ခြေလှမ်းတိုင်းမှာ
တန်ဖိုးအသိန်းအသန်းမက ရဲရင့်လှပပါစေ
မနက်ဖြန် ညီမလေးဆိုမယ့်သီချင်းမှာ
ကံကောင်းခြင်းကိုသာ မွေးဖွားသန့်စင်ပါစေ. . .
တကယ်ဆိုရင်
မမြင်ဖူးလို့ မူးခဲ့ရတဲ့မြစ်ကလေးတစ်စင်းပါ
ချစ်မိခြင်းကြောင့် ဖြစ်ရတဲ့ အပြစ်တွေရှိရင်လည်း
ချစ်မိခြင်းကြောင့်သာလျှင် ကျေပါစေတော့
ညီမလေးရယ် ။ ။
မင်းစိုးရာ
၅.၆.၂၀၀၄
သရဖူမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊၂၀၀၅။

ဣနြေ္ဒသူ
လရောင်ကို မျက်ဝန်းနဲ့သပ်အတင်မှာ
ယဉ်တစ်ကိုယ် သူ့ဆံနွယ်လေးမြင်ရတယ်
တယောကလေးလို
သူ့အတွေးမှာ ကိုယ်ဟာငေးရီလို့
သူ,မညိုခင် ကိုယ့်စိတ္တဇလေးအရင်ရွာနေဟန်
တံလျှပ်လို
လေမှာထင်နေ ကိုယ်သင်းရနံ့လေး အသံပေးတယ်
လှတစ်မျက်နှာ သူ့အပြုံးလေး ကိုယ်ထင်ပြတယ်
သွေးကြောနုစိမ်း ကြယ်ကလေး
သူ့…
အဖွဲ့အနွဲ့ဗလာ
ဘယ်လိုရတနာဆင်မြန်းမထားရာ လည်တိုင်လေး
ပတ္တမြားသွေး သူ့နှုတ်ခမ်းတော်ရဲရဲအနီ
ဘယ်ပန်းချီမှာ သူ့အလှရွှေလွှာသီရမယ်
ဘယ်ကဗျာမှာ သူ့အလှစာမပီရမယ်
ပြစ်မျိုးမျှမထင်
ကိုယ်နေဟန်ကျော့ကျော့ဝင်းပရာ
ပါးထက်က
စံပါယ်တင်မှဲ့လေး သူ့ဒဏ္ဍာရီ။ ။
ဘုန်းနေသွန်း
ရတီမဂ္ဂဇင်း ၊ ၂၀၀၇
ယဉ်တစ်ကိုယ် သူ့ဆံနွယ်လေးမြင်ရတယ်
တယောကလေးလို
သူ့အတွေးမှာ ကိုယ်ဟာငေးရီလို့
သူ,မညိုခင် ကိုယ့်စိတ္တဇလေးအရင်ရွာနေဟန်
တံလျှပ်လို
လေမှာထင်နေ ကိုယ်သင်းရနံ့လေး အသံပေးတယ်
လှတစ်မျက်နှာ သူ့အပြုံးလေး ကိုယ်ထင်ပြတယ်
သွေးကြောနုစိမ်း ကြယ်ကလေး
သူ့…
အဖွဲ့အနွဲ့ဗလာ
ဘယ်လိုရတနာဆင်မြန်းမထားရာ လည်တိုင်လေး
ပတ္တမြားသွေး သူ့နှုတ်ခမ်းတော်ရဲရဲအနီ
ဘယ်ပန်းချီမှာ သူ့အလှရွှေလွှာသီရမယ်
ဘယ်ကဗျာမှာ သူ့အလှစာမပီရမယ်
ပြစ်မျိုးမျှမထင်
ကိုယ်နေဟန်ကျော့ကျော့ဝင်းပရာ
ပါးထက်က
စံပါယ်တင်မှဲ့လေး သူ့ဒဏ္ဍာရီ။ ။
ဘုန်းနေသွန်း
ရတီမဂ္ဂဇင်း ၊ ၂၀၀၇
ဇာတ်အိမ်
စေ့စပ်တုန်းက
အလှပဆုံး သတို့သားကလေး။
လက်ထပ်ပွဲမှာ
လူစားလဲခံလိုက်ရ
သူ့ဒုက္ခပွေ့ပွေ့နေရတော့။
ဘုရားရေ ...
လည်နေတဲ့ လွှသွားထဲ
အသည်းနှလုံးကို
သစ်လုံးကြီးလို ထိုးခွဲခံနေရပေါ့။ ။
မောင်ကောက်
(၉၈အချစ်ကဗျာ၊အချစ်ကဗျာ၉၈)
အလှပဆုံး သတို့သားကလေး။
လက်ထပ်ပွဲမှာ
လူစားလဲခံလိုက်ရ
သူ့ဒုက္ခပွေ့ပွေ့နေရတော့။
ဘုရားရေ ...
လည်နေတဲ့ လွှသွားထဲ
အသည်းနှလုံးကို
သစ်လုံးကြီးလို ထိုးခွဲခံနေရပေါ့။ ။
မောင်ကောက်
(၉၈အချစ်ကဗျာ၊အချစ်ကဗျာ၉၈)
တစ်နေ့မှ မေ့မရသူလေးသို့
လူတစ်ယောက်မှာ
သူ့အကြောင်း ဒဏ္ဍာရီတစ်ခု
ရှိသင့်တယ်မဟုတ်လား။
အရာရာဟာ
မြေကြီးပေါ်တုတ်ချောင်းနဲ့ရေးခြစ်ထားသလို
ဖြစ်လွယ် ပျက်လွယ်တွေချည်းပါပဲကွယ်။
မင်းတစ်ဘဝလုံး ကြေကွဲကျန်ရစ်ရအောင်ဆိုပြီး
ငါ့ကိုယ်ငါလည်း အဆုံးမစီရင်ရဲ
ဒါဆို
သေနတ်ပြောင်းထဲ ချောင်းကြည့်ရင်း
ခလုပ်နှိပ်မိတဲ့လူတစ်ယောက်လို့
လူတွေ ပြက်ရယ်ပြု ကျန်ရစ်ကြမှာပေါ့
ငါ့ရဲ့ အကောင်းဆုံးကို ငါလုပ်မပြီးသေးသမျှ
ဘယ်အရာပေါ်မှာမှ
ငါ့ကိုယ်ငါ မပုံခဲ့နိုင်ဘူး။
ငှက်တစ်ကောင်ဟာ
ကောင်းကင်တစ်ခုတည်းမှာ နှစ်ခါပျံသန်းနိုင်ဖို့
နေမင်းကြီးကို တစ်ကြိမ်ပတ်ရတယ်။
တစ်နေ့မှ မေ့မရသူလေးရေ
သည်တစ်ညနေခင်းလေးပဲဖြစ်ဖြစ်
အကောင်းအတိုင်း ထင်ကျန်ရစ်ဖို့
တောင့်ခံထားရသူပါ။
ငါက ဂျူးလိယက်ဆီဆာလိုပဲ
ကိုယ့်ရန်သူတွေရဲ့ စာရင်းကို မှတ်မထားတတ်ဘူး။
ကိုယ်နာမည်ဘယ်သူတုန်းရယ်လို့
ကိုယ့်ဟာကိုယ် ပြန်မေးရတဲ့ အခါမျိုးတွေမှာတော့
သေနတ်ပြောင်းထဲ ချောင်းကြည့်မိပြန်ရဲ့။
မင်းဖို့ ဒဏ္ဍာရီတစ်ခုပေါ့ကွယ်။ ။
ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း
ဒီဇင်ဘာ၊ ၁၉၉၇

ပန်းချီ
နူးညံ့လွန်းလို့လား
တအားနာကျင်လွန်းလို့လား
ပိတောက်ပွင့်ကလေးတွေ
တဖွဲဖွဲကြွေနေတဲ့မြင်ကွင်းထဲ
ထီးဆောင်းပြီး ဖြတ်သန်းနေတာ။
အာရုံကိုစုစည်းလိုက်ဖို့
ငါကိုးကွယ်တဲ့ ကြိုးစကိုမမြင်နိုင်
သူ့အလင်းက မျက်စိမှုန်တယ်။ ။
မိုးဝေး
၂၀၀၀ခုနှစ်
(သူပဲအကြမ်း၊သူပဲအချော ကဗျာစာအုပ်မှ)
တအားနာကျင်လွန်းလို့လား
ပိတောက်ပွင့်ကလေးတွေ
တဖွဲဖွဲကြွေနေတဲ့မြင်ကွင်းထဲ
ထီးဆောင်းပြီး ဖြတ်သန်းနေတာ။
အာရုံကိုစုစည်းလိုက်ဖို့
ငါကိုးကွယ်တဲ့ ကြိုးစကိုမမြင်နိုင်
သူ့အလင်းက မျက်စိမှုန်တယ်။ ။
မိုးဝေး
၂၀၀၀ခုနှစ်
(သူပဲအကြမ်း၊သူပဲအချော ကဗျာစာအုပ်မှ)
သစ်ရွက်ကြွေ
အခုလောက်ဆိုရင်
မင်းဆံပင်လေး ဘယ်လောက်ရှိပြီ
အခုလောက်ဆိုရင်
မင်းအရပ် ဘယ်လောက်ရှိပြီ
ငါ့မှာ
ပြင်မရတဲ့ အမှားတစ်ခုနဲ့
အဖျားကူးခဲ့တဲ့ နေ့ကလေးတစ်နေ့
အလွမ်းအဆွေးဟာ မတိုးတော့တဲ့ ဆေးလား
လမ်းကလေးဟာ
ငါ့ဘ၀အတွက် မဆုံးတော့တဲ့ အတွေးလား
သြော် ...
မင်းထားခဲ့တဲ့တရားဓမ္မပေါ့
တခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ်။ ။
စိုင်းဝင်းမြင့်
(သူစိမ်း ကဗျာစာအုပ်မှ)
မင်းဆံပင်လေး ဘယ်လောက်ရှိပြီ
အခုလောက်ဆိုရင်
မင်းအရပ် ဘယ်လောက်ရှိပြီ
ငါ့မှာ
ပြင်မရတဲ့ အမှားတစ်ခုနဲ့
အဖျားကူးခဲ့တဲ့ နေ့ကလေးတစ်နေ့
အလွမ်းအဆွေးဟာ မတိုးတော့တဲ့ ဆေးလား
လမ်းကလေးဟာ
ငါ့ဘ၀အတွက် မဆုံးတော့တဲ့ အတွေးလား
သြော် ...
မင်းထားခဲ့တဲ့တရားဓမ္မပေါ့
တခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ်။ ။
စိုင်းဝင်းမြင့်
(သူစိမ်း ကဗျာစာအုပ်မှ)
လေကောင်းလေသန့်
နေပူမိုးရွာဖြစ်တုန်း
ကိုယ်ဟာအ၀တ်အစားတွေ ထုတ်လှန်းမိသူပါ
ခြေခင်းလက်ခင်းသာနေရုံနဲ့
မင်းရဲ့သံယောဇဉ်ကိုမျှော်လင့်နေမိတာ
ကြည့်စမ်း
ဘ၀တစ်ခုလုံးတောင် ဖားဥတွေလှိုင်လှိုင်တက်နေပါရောလား!
မင်းကိုချစ်ရလွန်းလို့ ကိုယ့်ရဲ့ဈာပနအဖြစ်
ဆိတ်ငြိမ်ကြေကွဲပြဖို့တောင်
မင်း
မှတ်မှတ်သားသား ရှိပါစေ။
ဆွေးမြေ့လှုပ်ခတ်
ကိုယ်ပိုင်ဆိုင်ရာ စိတ်ကူးထည်ထဲကို
ဘယ်လိုအကြောင်းပြချက်နဲ့မှ
မင်း မလာနဲ့။
ကျေးလက်ဒေသသို့ ခရီးသွားဖြစ်ပြီး
ရွေးချယ်ခွင့်မရှိတဲ့ ဖြစ်စဉ်တွေ
မနက်ခင်းတိုင်းမှာ
အလွမ်းတွေ ပေကျံနေပြီ။
ဒီလိုလေ
အသည်းကွဲတဲ့ညမျိုးမှာ
အနုပညာအကြောင်းပြောရတာ
ပို ပြီး ထိ ရှ တက် သ လို မျိုး ။ ။
လင်းသူ ညို
(အကြီးစား သစ္စာ ကဗျာစုမှ)

ယဉ်ယဉ်ကျေးကျေး
ငါ့ဦးထုပ်ကို ယူလိုက်ပါ
ငါ့လက်ပါတ်နာရီကို ယူလိုက်ပါ
တန်ဖိုးမများပေမယ့်
ငါမြတ်နိုးတဲ့ `နိုင်းတူးဖိုက်´ လက်စွပ်ကလေးကိုလည်း
ယူပါ
ငါ့ဘောလ်ပင်ကို ယူလိုက်ပါ
ငါ့ဂတ်စ်မီးခြစ်အပြာကို ယူပါ
ငါ့အ၀တ်အစားတွေကို ယူလိုက်ပါ
ငါ့ဆံပင်ကိုလည်း ယူလိုက်ပါ
အခန်းရဲ့အထဲ
ငှက်ကလေးတစ်ကောင်နဲ့ ငါ့ကိုပါ
ယူပါ
ယဉ်းကျေးတဲ့လူ
ငါဖြစ်လို့
ပြောစရာလို
ပြောရမယ့်စကနားလို
ချွေးတွေ
စိမ့်ထွက်နေဦးမှာ
ဒါကိုလည်း ငါ
ယဉ်ယဉ် ကျေးကျေး ပေးခဲ့ပါရစေ
ဒီလိုပေါ့
ယဉ်ကျေးဖို့လာကြရတဲ့ အခါ။
လူဆန်း
(အခုန် ကဗျာစာအုပ်မှ)

ချစ်သူ
ကိလေသာ အအေးဓါတ်တို့
အရိုးထဲ ပါတ်ဖွဲ့လာတဲ့အခါ
စောင်တစ်ထည်တည်း တို့နှစ်ယောက်ခြုံကြတယ်။
အချစ်ရယ်
ဒါဟာ ဘုရားမကြိုက်တဲ့ကိစ္စပါလို့ မင်းကမပြော
ဒါဟာ ရှောင်လွှဲမရနိုင်တဲ့သဘာဝတရားကြီးပါလို့ ငါကမဆို
ရင်ခုန်ကြယုံသက်သက်ပဲ
ပြီးတော့
တစ်ယောက်ကိုတစ်ယောက်
ကမ္ဘာထဲက ကန်ထုတ်ကြပြန်ရော။ ။
မိုဃ်းဇော်
(သေတမ်းစာ ကဗျာစုမှ)

အပြာရောင်ကြကွဲတေး
ကြက်ခြေခက်တွေကပဲ
ငါ့ကိုထွန်ယက်သွားကြ
ဘာတွေကို သီးပွင့်ရမှာလည်း
မိန်းကလေးရယ် ...
ငါဟာ မင်းရဲ့စာမျက်နှာတွေပေါ်
ခုန်ကူးချင်တဲ့
ပင့်ကူတစ်ကောင်ဆိုရင်တောင်မှ
ယဇ်ပူဇော်ခံဖို့ သက်သက်ပါ
မင်းလှည့်ပြန်သွားတဲ့အထိ
နှင်းဆီမပါတဲ့ နူတ်ခမ်း
ရနံ့ပြယ်မနက်ခင်း
အလင်းပေါက်မျက်ရည်တွေ...
ဒါဟာ ပွင့်လင်းမှုအတွက်
အသက်ပါအောင်
ရယ်မောပေးလိုက်တာပေါ့။
ဆက်မင်းသော်
(လွယ်အိတ်ထဲက မီးခိုး ကဗျာစုမှ)
ငါ့ကိုထွန်ယက်သွားကြ
ဘာတွေကို သီးပွင့်ရမှာလည်း
မိန်းကလေးရယ် ...
ငါဟာ မင်းရဲ့စာမျက်နှာတွေပေါ်
ခုန်ကူးချင်တဲ့
ပင့်ကူတစ်ကောင်ဆိုရင်တောင်မှ
ယဇ်ပူဇော်ခံဖို့ သက်သက်ပါ
မင်းလှည့်ပြန်သွားတဲ့အထိ
နှင်းဆီမပါတဲ့ နူတ်ခမ်း
ရနံ့ပြယ်မနက်ခင်း
အလင်းပေါက်မျက်ရည်တွေ...
ဒါဟာ ပွင့်လင်းမှုအတွက်
အသက်ပါအောင်
ရယ်မောပေးလိုက်တာပေါ့။
ဆက်မင်းသော်
(လွယ်အိတ်ထဲက မီးခိုး ကဗျာစုမှ)
အမှတ်တရများ
မပြောဖြစ်တဲ့ စကားတွေက
ရင်မှာထိုးတဲ့ဆေးမင်ကြောင်
ဆုံဖြစ်တဲ့ အကြည့်တွေက
နေရောင်မလာခင် ဝေတဲ့နှင်း ...။
ဟောဒီ ဆောင်းလေ
သူ့နှင်းနဲ့သူ ပြန်ချမ်းနေသလိုမျိုး
ငါ့မှာ
မင့်ကိုချစ်တဲ့အချစ်နဲ့
လောင်ကျွမ်းကြေကွဲခဲ့ရတယ် ...။
ကောင်မလေးရေ ...
အခမ်းနားဆုံးသောမင်းရဲ့အပြုံးတွေ
သတိရစွာ မေ့ထားခဲ့ရ
မေ့ထားဖို့ သတိထားနေရတာနဲ့
ပိုပို သတိရ ...။ ။
ပိုင်နိုး
(ဖေဖော်ဝါရီဆင်ဖိုနီ ကဗျာစုမှ)
ရင်မှာထိုးတဲ့ဆေးမင်ကြောင်
ဆုံဖြစ်တဲ့ အကြည့်တွေက
နေရောင်မလာခင် ဝေတဲ့နှင်း ...။
ဟောဒီ ဆောင်းလေ
သူ့နှင်းနဲ့သူ ပြန်ချမ်းနေသလိုမျိုး
ငါ့မှာ
မင့်ကိုချစ်တဲ့အချစ်နဲ့
လောင်ကျွမ်းကြေကွဲခဲ့ရတယ် ...။
ကောင်မလေးရေ ...
အခမ်းနားဆုံးသောမင်းရဲ့အပြုံးတွေ
သတိရစွာ မေ့ထားခဲ့ရ
မေ့ထားဖို့ သတိထားနေရတာနဲ့
ပိုပို သတိရ ...။ ။
ပိုင်နိုး
(ဖေဖော်ဝါရီဆင်ဖိုနီ ကဗျာစုမှ)
စာဖတ်သူ
ကျုပ်က
ကမ္ဘာကြီးကို မဂ္ဂဇင်းတွေလိုဖတ်ပြီး
မဂ္ဂဇင်းတွေကို ကမ္ဘာကြီးလို ဖတ်ခဲ့တဲ့ကောင်
ကျုပ်တို့မြို့လေးကိုဖတ်ဖို့တော့
ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးကို တာဝန်ပေးခဲ့။
အလှအပတွေကို မျက်စေ့ဖွင့်ဖတ်ပြီး
အနိဠာရုံတွေကိုတော့ မျက်စေ့မှိတ်ဖတ်ခဲ့။
အမေ့ရဲ့စိတ်ကို မေတ္တာတရားနဲ့ဖတ်ပြီး
သူငယ်ချင်းတွေကို ဗြဟ္မစိုရ်တရားနဲ့ ဖတ်ခဲ့။
သိမ်ငယ်တွေသူကို တန်းတူရည်တူဖတ်ပြီး
မာန်မာနထောင်လွှားနေသူတွေကိုတော့ မထေမဲ့မြင်ဖတ်ခဲ့။
ကျုပ်ကိုကျုပ်
တော်တော် စာတက်နေပြီလို့ထင်ထားပေမယ့်
ကျုပ်လုံးလုံးမဖတ်နိုင်သေးတာက
ကျုပ်ကောင်မလေးရဲ့
ရင်ထဲက
ဇွဲ ... သတ္တိကို။ ။
သိုးမိုက်

အသေးစားသစ္စာ
ကမ္ဘာကြီးလုံးနေတာ
ကြိုးစားပမ်းစားမဟုတ်
လေပြည်လေးတိုးဝှေ့သွားတာ
ကြိုးစားပမ်းစားမဟုတ်
ပန်းကလေးမွှေးမြသွားတာ
ကြိုးစားပမ်းစားမဟုတ်
ရွေးမြစ်ရေစီးဆင်းသွားတာ
ကြိုးစားပမ်းစားမဟုတ်
မင်းကိုငါချစ်တာ
ကြိုးစားပမ်းစားမဟုတ်
သို့သော်...
ဘယ်တော့မှမရပ်
သို့သော်...
ဘယ်တော့မှမရွေ့။ ။
ကိုရွေး
(ဖေဖော်ဝါရီဆင်ဖိုနီ ကဗျာစုမှ)
ကြိုးစားပမ်းစားမဟုတ်
လေပြည်လေးတိုးဝှေ့သွားတာ
ကြိုးစားပမ်းစားမဟုတ်
ပန်းကလေးမွှေးမြသွားတာ
ကြိုးစားပမ်းစားမဟုတ်
ရွေးမြစ်ရေစီးဆင်းသွားတာ
ကြိုးစားပမ်းစားမဟုတ်
မင်းကိုငါချစ်တာ
ကြိုးစားပမ်းစားမဟုတ်
သို့သော်...
ဘယ်တော့မှမရပ်
သို့သော်...
ဘယ်တော့မှမရွေ့။ ။
ကိုရွေး
(ဖေဖော်ဝါရီဆင်ဖိုနီ ကဗျာစုမှ)
Thursday, February 4, 2010
အိုမာခိုက်ယမ်နဲ့ကျွန်တော် ပြက္ခဒိန် စီရင်ဖူးတယ်
မင့်နူတ်ခမ်းပေါ်က
ဆည်းဆာတွေ ကိုယ်သိမ်းထားလိုက်မယ်
ကြယ်ပွင့်တွေ ခိုးပြီးနမ်းမှာစိုးလို့
ခုန်ချလိုက်တော့
လရောင်ထဲ
ဘယ်သူတွေ အသည်းကွဲဖူးလို့လည်းကွယ်။
နေဇော်နိုင်
(၉၈ အချစ်ကဗျာ၊အချစ်ကဗျာ ၉၈ ကဗျာစာအုပ်မှ)
ဆည်းဆာတွေ ကိုယ်သိမ်းထားလိုက်မယ်
ကြယ်ပွင့်တွေ ခိုးပြီးနမ်းမှာစိုးလို့
ခုန်ချလိုက်တော့
လရောင်ထဲ
ဘယ်သူတွေ အသည်းကွဲဖူးလို့လည်းကွယ်။
နေဇော်နိုင်
(၉၈ အချစ်ကဗျာ၊အချစ်ကဗျာ ၉၈ ကဗျာစာအုပ်မှ)
မြစ်ရေကြီးခြင်း သတင်း
ကြိုပြီးလွမ်းကြည့်နေရတာနဲ့တောင်
ရင်ခုန်သံတွေက နွမ်းလျနေလိုက်တာ
တကယ်သာဆိုခဲ့ရင်...
ကိုယ့်အဖြစ်က
မျက်ရည်နဲ့ဖွဖွလေး ကိုင်ထားရတဲ့စိတ်နဲ့
တစ်မိုးသားလုံးအုံ့ဆိုင်းပြီး
ကိုယ်မင်းကိုလွမ်းနေခဲ့တယ်။ ။
ဟိန်းမြတ်ဇော်
(၉၈ အချစ်ကဗျာ၊အချစ်ကဗျာ ၉၈ ကဗျာစာအုပ်မှ)
ရင်ခုန်သံတွေက နွမ်းလျနေလိုက်တာ
တကယ်သာဆိုခဲ့ရင်...
ကိုယ့်အဖြစ်က
မျက်ရည်နဲ့ဖွဖွလေး ကိုင်ထားရတဲ့စိတ်နဲ့
တစ်မိုးသားလုံးအုံ့ဆိုင်းပြီး
ကိုယ်မင်းကိုလွမ်းနေခဲ့တယ်။ ။
ဟိန်းမြတ်ဇော်
(၉၈ အချစ်ကဗျာ၊အချစ်ကဗျာ ၉၈ ကဗျာစာအုပ်မှ)
ကြယ် အ "တေး"
ငါဟာ...
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..
ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..
ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..
ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့
တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...
ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...
ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။
အိန္ဒြာ
{၂၀၀၃ခုနှစ် သြဂုတ်လ၊ မြားနတ်မောင်မဂ္ဂဇင်း (အမှတ်-၁၃၄)

သေချင်းဆိုးမလေး
ကြည့်ကြ !!! ဟောဒါ ...
ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။
ဘဝက ...
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ ...
မြင်လား !! “သူမ” တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ၊
(အဲဒီသေချင်းဆိုးမလေးက)
“မျှော်လင့်ချက်” ဆိုတာကိုလည်း အယုံအကြည်မရှိပေဘူး။
နောက်ပြီး ... သူမက
“အရူး” နဲ့ “နတ်ဘုရား” တွေကိုလည်း
အတူတူလို့ သဘောထားတက်သေး ...
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
ဘဝ ဟာ ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ယူဆ၊
(အဲဒီ သူမက)
လမ်းမှာ ခဏခဏပြုံးပြတတ်သူတွေကိုလည်း
“အာရုံကြောရောဂါ ရနေတယ်” လို့ လှောင်တက်သူ ...
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
လောကကြီးရဲ့ အယုအယ ခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်၊
ကြယ်သရဖူတွေ ကြွေကျလာရင်တောင်
ခြေမနဲ့ ညှပ်ပြီး ကောင်းဆောင်းဘို့ကို
ပျင်းရိတတ်သူ ...
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
ဈေးပေါပေါဆက်ဆံမှုတွေကို ရွံရှာ
“မင်္ဂလာ နံနက်ခင်းပါ” လို့နှုတ်ဆက်ခံရတာကို ... မုန်း၊
ကိုယ့်မျက်လုံး ကိုယ်တံခါးပိတ်ပြီး
နေမြင့်တဲ့ အထိအိပ်တတ်သူ...
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
တစ်နေ့ တစ်နေ့ ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ထင်တဲ့သူ ...
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အဝတ်ပတ်သလို
ဖိုသီ ဖတ်သီနေထိုင်
(သူမ ကိုယ်တိုင်က ...)
“ဘဝ” ကို ကြယ်သီးအပြည့်တပ်ပြီး ဝတ်ဆင်ရမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။
သူမရဲ့ဘဝမှာ ...
အချစ် ဆိုတာ ဘယ်ရှိနိုင်မလဲ !!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကိုရှောင် .. ရှောင် ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့မိန်းမ ...
မျက်နှာပေါ် ဆံပင်တွေ ဝဲကျ
အဲဒီ ဖရိုဖရဲမလေးပေါ့ ...
(သူမက ခေါင်းဖြီးရတာကို အလုပ်ပိုလို့ ထင်တယ်)
“ကမ္ဘာမြေ ဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာရှိသလဲ” လို့လည်းမေးရဲ့။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
"နစ်ရှေး" ရဲ့အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီ စက္ကူနဲ့သုတ်ပြီး ထိုင်တဲ့သူ ...။
"ကျွန်မက ...
ဘယ်သူ့ကိုလက်ဆွဲ နှုတ်ဆက်ရမှာလဲ ?
ဒါမှမဟုတ် ... ဘယ်သူ့ကို အမြီးနှံ့ပြရမှာလဲ ? ... " တဲ့၊ ကဲ !!!
အဲဒီ သေချင်းဆိုးမလေးပေါ့ ...
သူမ က စိတ်အလိုမကျရင်လည်း
"ဆဲ" တက်သေးတယ် ...။
အဲဒီ သေချင်းဆိုးမလေးပေါ့ ...
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
... ပိုလေးတယ်လို့ ယူဆ၊
တစ်စုံတစ်ယောက်ကို သတိရဖို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ။
အဲဒီ သေချင်းဆိုးမလေးပေါ့ ...
“သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ ဘဝမှာ
ကျွန်မက ... ကိုယ့်ကို ကိုယ်တောင်
သိမ်းမထားချင်တဲ့ ကောင် ...” လို့ပြောခဲ့၊
တကယ့် သေချင်းဆိုးမလေးပေါ့ ...
ဟောဒီမှာ မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘဝကို အဝတ်ရုပ်တစ်ရုပ်လို ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့ အတိုင်းပါပဲ ...။
သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ် ...
နားလည်ပေးလိုက်ပါ ... လောကကြီးရေ ...
"ဘာများ အရေးကြီးလို့လဲ" ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့မိန်းမ ...
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။
နားသာလည်ပေးလိုက်ပါ ... လောကကြီးရေ ...။
ဒါမှမဟုတ် ... သူမကို ခွင့်လွှတ်ပါ ...
လောကကြီးရေ ...
ဒါမှမဟုတ် ... သူမကို ဦးညွတ်ဂုဏ်ပြုပါ ...
ဒါမှမဟုတ် ... သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ ...
ဒါမှမဟုတ် ...
လောကကြီးရေ ... အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ ...
“သူမ” ပေါ့ ...
... ... ...
နတ်ဆိုးတစ်ပါးလည်း ဖြစ်၊
ကောင်းကင်တမန်လည်း ဖြစ်၊
(အဲဒီသေချင်းဆိုးမလေး ကိုမှ)
ငါက ...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ် ...။
မင်းခိုက်စိုးစံ
(မင်းခိုက်စိုးစံ ဘလော့မှ ကူးယူဖော်ပြပါသည်)

မျက်လုံး
မင်းက
ဘာလို့
ဝိုင်အရက်တွေ ထည့်ထားရတာလဲ။
တံခါးကိုပိတ်လိုက်...
အခုကို
ငါမူးနေပြီ။ ။
စံညိမ်းဦး
(၉၈ အချစ်ကဗျာ၊အချစ်ကဗျာ ၉၈ ကဗျာစာအုပ်မှ)
ဘာလို့
ဝိုင်အရက်တွေ ထည့်ထားရတာလဲ။
တံခါးကိုပိတ်လိုက်...
အခုကို
ငါမူးနေပြီ။ ။
စံညိမ်းဦး
(၉၈ အချစ်ကဗျာ၊အချစ်ကဗျာ ၉၈ ကဗျာစာအုပ်မှ)
တံတား
လေထဲမှာ
ရှေ့နောက် ဘယ်ညာ ယမ်းခါလို့
ယိုင်ရွဲ့ရွဲ့ကြိုးတန်းပေါ် လျှောက်ခဲ့ကြ
မြစ်ကူးတံတားတစ်စင်းရယ်လေ
နှလုံးသားနှစ်ခုက စီးဆင်းတဲ့
မြစ်တစ်စင်းပေါ်သွယ်တန်းခဲ့။
လိုက်ခဲ့တော့ကွယ်
သေခြင်းပန်းပွင့်တို့ပွင့်ရာ ကမ်းခြေဆီ
ထာဝစဉ် မငြိမ်းမယ့်မီးလျှံကို ဖြည့်ဆည်းဖို့
မေ့လျော့ခြင်း နှင်းမှုန်ဖွဲဖွဲတွေအောက်မှာ
မပျောက်အောင် လက်တွဲခဲ့ကြနော်။
ချစ်ခြင်းရဲ့ မျိုးစေ့တွေ
မြေမှာ နစ်မြုပ်နေပေမယ့် သည်ဆောင်းလွန်ခဲ့ရင်ဖြင့်
ရာသီမိုးနဲ့အတူ သူတို့နိုးထ ပွင့်လာကြဦးမယ်
ကျိန်စာ ဆူးတွေ နေရာအနှံ့ပြန့်ကြဲလို့
မုန်းစိတ် ကလည်း စိမ့်စမ်းကို အရောင်ဆိုးခဲ့
မြတ်နိုးမှု တစ်ခုတည်းနဲ့သာ
နွယ်ကြိုးကိုခိုင်အောင်ချည်ခဲ့တယ်။ ။
ခင်မြဇင်

ကိုယ်ရံတော်
အချစ်...
မင်းကိုယ့်ကို သေနတ်တစ်လက် ၀ယ်ပေးသင့်တယ်
ကျည်တစ်တောင့်စီပေါ်မှာ
မင်းရန်သူတွေရဲ့နာမည်တွေလည်း ရေးပေးလိုက်ပေါ့...။
ကျန်တာက
ကိုယ့်လက်ကလေးကို
မင်း နမ်းလိုက်ရုံပါပဲ...။ ။
ညိုမင်းထက်

သူမ
ကောက်နှံ့ပြည့်လယ်၊စန္ဒကူးတော
မြင့်မားသောရယ်သံ၊ အတိုင်းမသိ လျှို့ဝှက်ချက်များ။
သုံးရာသီရေတံခွန်၊နတ်သမီးပုံပြင်
ကြီးမြတ်သောဝါကျ၊သမားကောင်း၊ဓားတစ်လက်။ ။
အိုအောင်
(၉၈ အချစ်ကဗျာ၊အချစ်ကဗျာ ၉၈ ကဗျာစာအုပ်မှ)
မြင့်မားသောရယ်သံ၊ အတိုင်းမသိ လျှို့ဝှက်ချက်များ။
သုံးရာသီရေတံခွန်၊နတ်သမီးပုံပြင်
ကြီးမြတ်သောဝါကျ၊သမားကောင်း၊ဓားတစ်လက်။ ။
အိုအောင်
(၉၈ အချစ်ကဗျာ၊အချစ်ကဗျာ ၉၈ ကဗျာစာအုပ်မှ)
ပင်လယ်
မြစ်တွေက
ငါ့ဆီကျမှ
ချစ်ခြင်းဆုံခွင့်ရသတဲ့ ...။
ငါကတော့ ...
အဖော်မဲ့ပေါ့။
နီမာရှင်း
(တမိုးထဲအောက်မှာ၊ ၁၉၉၄)
ငါ့ဆီကျမှ
ချစ်ခြင်းဆုံခွင့်ရသတဲ့ ...။
ငါကတော့ ...
အဖော်မဲ့ပေါ့။
နီမာရှင်း
(တမိုးထဲအောက်မှာ၊ ၁၉၉၄)
ဖေဖော်ဝါရီသို့ တမ်းချင်း(၁)
ငါ့အနုပညာ စွပ်ကြောင်းရာတစ်လျှောက်လုံး
မင်းကိုလွမ်းတဲ့ အလွမ်းတွေက
ဖြတ်သန်းတိုက်ခတ်ခဲ့တယ် … ဖေဖော်ဝါရီ
မတော်တဆအသည်းကွဲခဲ့ရာက
ခြေချော်လက်ချော် ကဗျာဆရာဖြစ်လာသူလို့
ဆရာသစ္စာနီက သူ့ကိုယ်သူဖွင့်ဆိုဖူးတော့
ကဗျာဆရာဖြစ်ခဲ့ဖူးလို့
အသေအချာအသည်းကွဲခဲ့ရတာငါပေါ့ … ဖေဖော်ဝါရီ … ။
ငါ့ရင်ထဲမှာ မြည်တဲ့ခေါင်လောင်းသံဟာ
မင်းနာမည်အထပ်ထပ်
ရာစုနှစ်တစ်ခုလုံး မြေအောင်းခံလိုက်ရတဲ့
ဝိုင်အရက်တွေလို
ငါ့နှလုံးသွေးတွေ ပူပြင်းရှတကုန်ပြီ … ။
Suzuki R+ တွေကို မြန်မာပြည်အတွက်
စီးရေတစ်ထောင်ကျော်ထုတ်လုပ်တော့မယ်တဲ့
သုံးထောင်ကျပ်တန် စက်ယက်ကန်းတစ်ရံနဲ့
ရန်ကုန်မြို့ပလက်ဖောင်းတွေကို သစ္စာနှံခဲ့တဲ့
ငါ့ခြေထောက်တစ်စုံဟာ
မီးပျက်နေတဲ့ မီးပွိုင့်တွေကြားမှာ
တုန့်ဆိုင်းမသွားခဲ့ပါဘူး
ရာစုသစ်တစ်ခုလုံးကို မာရေကျောရေ
ဖြတ်သန်းသွားလာခဲ့ဖူးတယ် … ။
ဒီကဗျာတွေ ရေးဖြစ်တာတစ်ခုပဲ
ငါ့ရင်ထဲမှာ အဖတ်တင်ကျန်ခဲ့တယ်
အချိန်ယန္တယားတစ်ခုလုံးကို
ပလက်ဖောင်းကဖေးမှာအရည်ဖျော်သောက်ပစ်လို့
မင်းအတွက်ကအပျင်းပြေပြန်ပြောစရာ
အချစ်ပုံပြင်တစ်ပုဒ်ပေမယ့်…
ငါ့အတွက်တော့ နှလုံးသွေးနဲ့ရေးခဲ့တဲ့
ငါ့ဘ၀သမိုင်းဖတ်စာပါ…
အဲဒါကို ကျောက်သားနံရံနဲ့
လပြည့်ဝန်းပလာဇာကလည်းမသိပြန်ဘူးတဲ့
ငါ့အချစ်စစ်တွေအတွက်
ငါ့ဘက်ကထောက်ခံချက်တွေနည်းပါးလွန်းပါတယ်
ဖေဖော်ဝါရီ….
ညဦးပိုင်း ပွဲချိန်အပြီးမှာ
သမ္မတရုပ်ရှင်ရုံထဲကလျှံထွက်ကျလာတဲ့
စုံတွဲတွေကိုငေးရင်း….
ယောက်လမ်း ကားမှတ်တိုင်မှာ
ယောက်ရက်ခတ်နေတဲ့အတွေးတွေနဲ့
အေးစက်တောင့်တင်းသွားတဲ့ဆောင်းညတစ်ချို့
ငါ့ပြက္ခဒိန်မှာထပ်တိုးသွားခဲ့ရဖူးတယ်….
ဖေဖော်ဝါရီရယ်
ငါ့ရဲ့ပြင်းထန်ဆုံးပေးဆပ်နိုင်မှုက
ငါ့ကဗျာကိုဖော်ပြထားတဲ့ မဂ္ဂဇင်းမှာ
လက်မှတ်ထိုးပေးနိုင်ရုံပါ…
စူပါမားကက်နံရံမှာချိတ်ဆွဲထားတဲ့
နှစ်သောင်းခွဲတန်လက်ကိုင်အိတ်ကို
မင်းငေးနေတဲ့မျက်ဝန်းမျိုးက
ငါ့စိတ်အားငယ်မှုကို ငရဲတွင်းထဲထိပစ်ချတယ်
ငါမအောင်မြင်ခဲ့တာအသေအချာပေါ့…။
တစ်ရက်တော့လေ
ဆဲလ်ဖုန်းတစ်လုံးရဲ့ Ring Tone က
ငါ့ရင်ခုန်သံကိုဖြတ်တောက်လို့
မင်းနဲ့ငါစိတ်ခြင်းမနီးစပ်နိုင်တော့ဘူး
လက်တစ်ကမ်းက ဓားသွားအစင်းစင်းဟာ
ခုခံခြင်းကင်းတဲ့ ငါ့ကိုထိုးစိုက်တယ်…။
ဒါ…
ကျွန်မသူငယ်ချင်း ကဗျာဆရာလေ…တဲ့
သံခင်းတမန်ခင်းအပြုံးနဲ့ မင်းမိတ်ဆက်ပေးတဲ့လူ
ကြွယ်ဝမှုတွေနဲ့ မင်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့လူ
ဆန့်ထားတဲ့လက်ကို မျက်နှာပျက်ပျက်နဲ့ရုတ်လိုက်တော့
မင်းကငါ့ကိုလူမှုရေးမသိတတ်သူလို့
အပြစ်တင်အထင်သေးတဲ့မျက်ဝန်းနဲ့ကြည့်
ဖေဖော်ဝါရီရယ်
မင်းမသိလိုက်ဘူး…
ငါ့ဝင်လေထွက်လေမှာ
အဓိပါယ်မဲ့သေးဆုံးသွားခဲ့တာ….။
မိုးလှိုင်ည

အတိတ်အိပ်မက်
ကျိုးပဲ့ပြီးသား တောင်ပံတစ်ခုကို
အသက်ဆက်ရှုဖို့ မင်းက သင်ပေးခဲ့သူ
မဆာလောင်တော့တဲ့ စိတ်ဆန္ဒကို
ငတ်မွတ်လာအောင် မင်းက လမ်းပြခဲ့သူ
ငါ့ရဲ့ အဖြူခံတွေကို
ပန်းချီကားတစ်ချပ်အဖြစ် မင်းကခြယ်မှုန်းခဲ့သူ
ငါတစ်ကယ် ဆာလောင်တက်တော့မှ
ငါတစ်ကယ် ငတ်မွတ်တက်တော့မှ
မင်းက ငါ့ကို သော့ခတ်ခဲ့တယ်။
ငါ
ချစ်ခဲ့ပုံများ
လွမ်းခဲ့ပုံများ
ရင်ထဲ
ပိတ်ပိတ်ပိန်းပိန်း မှောင်တဲ့အထိ။ ။
ကဗျာဖြူဖြူ
(လွမ်းရပါလို၏ ကဗျာစုမှ)

မိုး
ညဟာ အရက်စက်ဆုံးတေးသွားကို
တီးခတ်လိုက်တော့မယ်ဆိုရင်
သူ့နာမည်ကို မိုးလို့ခေါ်ပါ့မယ်။
ဒီဘက်ကမ်းမှာ တစ်ယောက်တည်း
အမုန်းပေါင်းများစွာရင်ဆိုင်လို့
တစ်ကိုယ်လုံး ရွဲရွဲစိုနေတော့မယ့် ကျွန်တော့်ဆီ
အချစ်တွေ သိုမှီးရင်း မိုးက ပြန်လာနိုင်မှာမို့လား။
ကျွန်တော့်မှာ လွမ်းကောင်းကောင်းနဲ့
ကြွေလွင့်သွားတဲ့ ရွက်ဝါများပမာ
လွမ်းစိတ်တွေ များမြောင်ပုံကလည်း
ချိန်ခါမစဲ တဖွဲဖွဲနဲ့ပေါ့။
လက်တစ်ဖက်က နှင်းဆီပန်းလေးကိုင်နေချိန်
လက်တစ်ဖက်က ဆူးစူးခံထိ ဝေဒနာနဲ့
မိုးဖတ်ရှုဖို့ ချစ်မေတ္တာတွေ
သွေးစ စွန်းပေရေးဖွဲ့နေမှာပဲ။
မှောင်ရီခြယ် အော်ဟစ်ခေါ်ငင်တိုင်း
အသံလာရာဆီ ရှုမျှော်ငေးလွင့်
ဘယ်လိုဖြေရမှန်းမသိ အလွမ်းမေးခွန်းလွှာတွေကိုမှ
ခတ္တာပွင့်လေးပုံစံ မိုးကို မျှော်ကြည့်လွမ်းစိတ်သန်လို့။
ဆိုးနွဲ့ခွင့်ရစဉ်က ကျွန်တော်ပြောခဲ့ဖူးသားပဲ
ကျွန်တော်ဟာ အမှိုက်ကလေးတစ်စပေမယ့်
အမှိုက်ပုံးတွေနဲ့ မချုပ်ချယ်ပါနဲ့လို့ပေါ့။
အနီးတစ်ဝိုက်မှာ ရီမိုက်အုံ့ပြာနေတာ
မိုးတွေ ရွာဖို့ ဟန်ပြင်တာတဲ့လား
မိုးရနံ့နဲ့ တိမ်သားတွေဝိုင်းလည်တိုင်း
ဟောင်းနွမ်းခဲ့ရတဲ့ အမာရွတ်ကလေးကို ငုံ့ငုံ့ကြည့်
မိုးလို့
တိတ်တခိုးပေးထားတဲ့ နာမည်လေး
ယောင်ခေါ်လိုက်မိမတက်ပါ မိုး။ ။
ဝိုင်ချို
သရဖူ မဂ္ဂဇင်း၊
ဇွန်လ၊၂၀၀၅

မျက်ရည်လွယ်တဲ့ ကြယ်
ဟိုးအဝေးမှာ ကြယ်ကလေးတစ်ပွင့်
့သူ့မျက်တောင်လေး ပုတ်ခတ်နေသလို
သူ့အလင်းတွေက မှိန်တလှည့် လင်းတလှည့်...။
သူ့ဒဏ်ရာတွေက သူများထက် နက်ရှိုင်းပြင်းပြခဲ့တော့
သူ့အလင်းကလည်း သွေးဆုတ်ဖြူရော်နေတာပေါ့။
သူ့အကြောင်းကို နှောင်းလူတွေက ဓားအစင်းစင်း စိုက်ပြီး
မှတ်တမ်းဖွဲ့လေမလား။
သူ့အလွမ်းတွေမှာ မမီမကမ်းဖြစ်ခဲ့ရတဲ့ အိပ်မက်တွေသာ ကြေမွညှိုးရော်
သူပျော်မွေ့ရာ တိတ်ဆိတ်သော စကားလုံးများမှာ
သူ့ မှောင်မိုက်ခြင်းကသာ ကြေကွဲမှုနဲ့ အရောင်လဲ့ခဲ့တယ်။
ထစ်ခနဲရှိ ဝေ့တက်လာတဲ့ မျက်ရည်ဟာ သူ့သေရာပါ အမှတ်အသား
သူခံစားရသမျှကို ဝေမျှယူနိုင်တဲ့သူ မရှိလေတော့
သူဆိုသမျှ သီချင်းတိုင်းကို မျက်ရည်နဲ့သာ စိုစွတ်မွှေးမြနေမိတော့တယ်။
အောင်မျိုးမြင့်

နောက်ဆက်တွဲသတင်း
အတိတ်မှာ
တောင်လေတိုက်ခတ်တော့
စိတ်က သစ်ရွက်လို လွင့်တက်ပြီ။
ချစ်သောသူ ပါးပြင်ရဲ့
မပြင်ရသေးတဲ့ လမ်းဟောင်းပေါ်
အကြင်နာတွေ တွဲချော်နေခဲ့ရ
ဘယ်တော့များမှလဲ အမေးနဲ့
ဘယ်တော့အသားကျမလဲ အတွေး
အဝေးရောက် အမှာစကားက
ကာလရထား နောက်ကျခဲ့လို့လား။
လေရူးသလို ရူးဖို့
နွေဦးကိုခူးရမယ့် အစီအစဉ်
ဘယ်ကိုနှင်မယ်၊ဘယ်လိုရွေ့မယ်
ဘယ်တော့ တွေ့မယ်
လွယ်ဖို့မလွယ်တဲ့ အချိန်အဆနဲ့
စိတ်မတူ ကိုယ်မမျှနိုင်သမျှ။
သတင်းအချက်အလက် နယ်ပယ်မှာ
မင်းရက်စက်တယ် ဆိုတဲ့ခေါင်းစဉ်နဲ့
အခါခါ ကြေငြာရမယ့် အဖြစ်
အချစ်နဲ့လောင် ကျွမ်းရခြင်းအကြောင်းအရာ...။ ။
ချစ်တိုးနွယ်

တစ်ထောင့်ငါးရာ
ပါးစပ်ကဖွင့်ပြောလည်း မပြည့်စုံနိုင်ဘူး
လက်ကချရေးတော့လည်း
ခံစားမှုနောက်ကို စကားလုံးက မလိုက်နိုင်ဘူး
မင်းကို မြင်ချင်တဲ့စိတ်က
တစ်နေ့မှာ နှစ်ဆယ့်လေးနာရီ
ပြောလို့ရတာတစ်ခုပဲ ရှိတယ်
အဲဒါက
`` မင်းမုန်းတဲ့သူဟာ ငါ့ရန်သူပါ ညီမလေး´´။ ။
အောင်ပိုင်စိုး
သရဖူ မဂ္ဂဇင်း၊၂၀၀၅
(ရင်ဖြင့်လွယ်ခဲ့ပါသော နှင်းကြွင်းဒဏ္ဍာရီ ကဗျာစုမှ)

အလွမ်းလူ (ရင်နံပါတ် ၂၁)
ဒီနေရာမှာ
မန်နေဂျာအလိုကျ နောက်တန်းသမား
ချစ်မှုချစ်ရာမှာ အယိုအပေါက်များတယ်။
အသံတွေ အပိုင်ကန်ခွင့်မကြုံဘူး
အချစ်တွေ ခဏခဏ ကျွံတယ်။
ရင်ဒဏ်ရာများနဲ့ ပွဲလွဲရာသီမှာ
အိပ်မက်တွေသာ ပိုင်ဆိုင်မှုအများဆုံး။
လွမ်းတယ်ဆိုတာ
အရန်ခုံထိုင်ရတာပဲ။ ။
မြားသစ်ခိုင်
(လွမ်းရပါလို၏ ကဗျာစုမှ)
မန်နေဂျာအလိုကျ နောက်တန်းသမား
ချစ်မှုချစ်ရာမှာ အယိုအပေါက်များတယ်။
အသံတွေ အပိုင်ကန်ခွင့်မကြုံဘူး
အချစ်တွေ ခဏခဏ ကျွံတယ်။
ရင်ဒဏ်ရာများနဲ့ ပွဲလွဲရာသီမှာ
အိပ်မက်တွေသာ ပိုင်ဆိုင်မှုအများဆုံး။
လွမ်းတယ်ဆိုတာ
အရန်ခုံထိုင်ရတာပဲ။ ။
မြားသစ်ခိုင်
(လွမ်းရပါလို၏ ကဗျာစုမှ)
ဆူး
နူတ်ခမ်းရဲ့ အစေးနဲ့ အနမ်းလောင်ထားတဲ့
ရင်ညွန့်အပေါ်က အရေပြား
ဖွာခနဲ အရိုက်အလွင့်မှာ
ဆံစနဲ့ ရှထားတဲ့ လက်ဖျံဒဏ်ရာတစ်ချက်။
စစချင်း
အဲဒီလက်တွေနဲ့ ညှိပေးလိုက်တဲ့ မီးတွေက
နံကြိုနံကြားထဲ လှိုက်လှိုက်အူအူ။
ဒါသစ်ရွက်လေးတွေ တုံးလုံးပက်လက်ရာသီပေါ့
ကိုယ့်နံဘေးကနေပြီး ကိုယ့်ကဗျာရွတ်သံ သူမကြားဘူး
ခုထက်ထိ
ဆွံ့ဆွံ့အအ လေညှင်းထဲ
သူ့လက်သည်းတွေကို ထိုးထည့်ပြီး
မကြာခဏ မြည့်နေအောင်သွေးဆဲ။ ။
ဝီရထက်နောင်
(နှင်းဝေးပင် ကဗျာစုမှ)

ဖမ်းမိတဲ့ငါး သေးများသေးနေမလား
လွှတ်ပစ်လိုက်
လွတ်သွားတဲ့ငါး ကြီးများကြီးနေမလား
လိုက်ဖမ်းလိုက်
နောက်ဆုံးတော့ ငါးမျှားချိတ်တုံးသွားတာပဲရှိတယ်။
လင်းနေ၀ါ
(ရင်ဖြင့်လွယ်ခဲ့ရပါသော... နှင်းကြွင်းဒဏ္ဍာရီ ကဗျာစုမှ)
လွှတ်ပစ်လိုက်
လွတ်သွားတဲ့ငါး ကြီးများကြီးနေမလား
လိုက်ဖမ်းလိုက်
နောက်ဆုံးတော့ ငါးမျှားချိတ်တုံးသွားတာပဲရှိတယ်။
လင်းနေ၀ါ
(ရင်ဖြင့်လွယ်ခဲ့ရပါသော... နှင်းကြွင်းဒဏ္ဍာရီ ကဗျာစုမှ)
ရည်းစားဦး
၁။အချစ်ကိုစတွေ့တာနဲ့
ပစ်ကြည့်လိုက်တယ်
လွဲသွားရော
၂။အချစ်ကိုမြင်လို့
ကောက်ထည့်လိုက်တာ
မှားသွားရော
၃။ဘယ်လိုမှ
ပြင်လို့မဆုံးတော့ဘူး
တပ်ဦးလ
ဗြူတီမဂ္ဂဇင်း၊၂၀၀၉
ပစ်ကြည့်လိုက်တယ်
လွဲသွားရော
၂။အချစ်ကိုမြင်လို့
ကောက်ထည့်လိုက်တာ
မှားသွားရော
၃။ဘယ်လိုမှ
ပြင်လို့မဆုံးတော့ဘူး
တပ်ဦးလ
ဗြူတီမဂ္ဂဇင်း၊၂၀၀၉
မနူဟာ
လွတ်မြောက်ခြင်း မလွတ်မြောက်ခြင်းမှာ
တရားရှာဖွေတွေ့ခဲ့လေသလား ...
သစ္စာပန်းများဟာ
မြတ်ဘုရားရှေ့မှာ။ ။
ခန့်မင်းထက်
PERFECT မဂ္ဂဇင်း၊၂၀၀၉
တရားရှာဖွေတွေ့ခဲ့လေသလား ...
သစ္စာပန်းများဟာ
မြတ်ဘုရားရှေ့မှာ။ ။
ခန့်မင်းထက်
PERFECT မဂ္ဂဇင်း၊၂၀၀၉
မျက်ရည်
ဆိုကြပါစို့
ခင်ဗျားပဲဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်
အဲဒီ့ခေတ်က မကုန်သေးဘူး
သံဝေဂတွေအဆုတ်လိုက် အခိုင်လိုက်
ပေါင်မုန့်တစ်လုံးကို
အချစ်ရေလို့လည်း မခေါ်နိုင်ဘူး
လိုအပ်ချက်ကိုပြုပြင်ဖို့ရာ
မတည်မြဲသော စိတ်နဲ့မတည်မြဲသော ညီညွတ်မှုများ
ကြက်ကလေး ငှက်ကလေးဖမ်းသလို
ဖမ်းမယ်ဆိုရင်တော့
မေတ္တာတရားကို မိမယ်မထင်ဘူး။ ။
အောင်ခိုင်မြတ်
စတိုင်သစ်မဂ္ဂဇင်း
နိုဝင်ဘာ၊၁၉၉၉

ဆံပင်ရှည်နှစ်ယောက်
ကျွန်တော်က
ချစ်သူဆံပင်ရှည်တွေကို ကဗျာဖွဲ့တယ်။
ချစ်သူက
ကျွန်တော့်ဆံပင်ရှည်တွေကို အပြစ်ဖွဲ့တယ်။
မောင်ကျောက်စိမ်း
(ဆံပင်ရှည်ရှည် သူငယ်ချင်းညီမလေးရဲ့တစ်ချပ်မှောက် သံယောဇဉ်ကဗျာစုမှ)
ချစ်သူဆံပင်ရှည်တွေကို ကဗျာဖွဲ့တယ်။
ချစ်သူက
ကျွန်တော့်ဆံပင်ရှည်တွေကို အပြစ်ဖွဲ့တယ်။
မောင်ကျောက်စိမ်း
(ဆံပင်ရှည်ရှည် သူငယ်ချင်းညီမလေးရဲ့တစ်ချပ်မှောက် သံယောဇဉ်ကဗျာစုမှ)
ချစ်ခြင်းမေတ္တာတရားနှင့် ဖေဖော်ဝါရီ နေ့စွဲများ
ရင်ခုန်နွေးမြ ဖေဖော်ဝါရီလကတော့ ချစ်သူများ၏နှလုံးသားရာသီခွင်သို့ ချဉ်းနှင်းဝင်ရောက်လာချေပြီ။
ကဗျာဆရာနှင့် ရင်ခုန်သံသည် ဤရာသီခွင်၌ ထပ်တူကျ၍နေလေသည်။
မြန်မာ့သမိုင်းကြောင်းအရ ဖေဖော်ဝါရီ(၁၃)ရက်သည် အာဇာနည်ခေါင်းဆောင် ဗိုလ်အောင်ဆန်း၏ မွေးနေ့အခါသမယလည်းဖြစ်ချေသည်။
ကမ္ဘာ့သမိုင်းကြောင်းအရ ဖေဖော်ဝါရီ(၁၄)ရက်နေ့သည် ရေမြေ့ရှင်ဘုရင်အမိန့်ကိုလွန်ဆန်၍ မေတ္တာတရားကိုဆောင်နှင်းပေးခဲ့သော
ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း၏ ရှင်သန်ခွင့်ပျောက်ဆုံးခဲ့သော အခါသမယလည်းဖြစ်ပေသည်။
ဤသည်တို့ကို မှတ်သားရည်စူး၍ ကျွန်တော်တို့၏ ကဗျာဘလော့လေးမှတစ်ဆင့် အမှတ်တရကဗျာတင်ဆက်မှုများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း၊
ခေတ်အလိုက် ထင်ရှားခဲ့သော ကဗျာဆရာများ၏ အချစ်ကဗျာများနှင့်အတူ ကျွန်တော်တို့၏ ကဗျာများကို တင်ဆက်သွားမည်ဖြစ်ကြောင်း
ကဗျာချစ်သူများအား ပြောကြားလိုက်ပါတယ်။

Subscribe to:
Posts (Atom)