Monday, February 8, 2010

ဣနြေ္ဒသူ

လရောင်ကို မျက်ဝန်းနဲ့သပ်အတင်မှာ

ယဉ်တစ်ကိုယ် သူ့ဆံနွယ်လေးမြင်ရတယ်

တယောကလေးလို

သူ့အတွေးမှာ ကိုယ်ဟာငေးရီလို့

သူ,မညိုခင် ကိုယ့်စိတ္တဇလေးအရင်ရွာနေဟန်

တံလျှပ်လို

လေမှာထင်နေ ကိုယ်သင်းရနံ့လေး အသံပေးတယ်

လှတစ်မျက်နှာ သူ့အပြုံးလေး ကိုယ်ထင်ပြတယ်

သွေးကြောနုစိမ်း ကြယ်ကလေး

သူ့…

အဖွဲ့အနွဲ့ဗလာ

ဘယ်လိုရတနာဆင်မြန်းမထားရာ လည်တိုင်လေး

ပတ္တမြားသွေး သူ့နှုတ်ခမ်းတော်ရဲရဲအနီ

ဘယ်ပန်းချီမှာ သူ့အလှရွှေလွှာသီရမယ်

ဘယ်ကဗျာမှာ သူ့အလှစာမပီရမယ်

ပြစ်မျိုးမျှမထင်

ကိုယ်နေဟန်ကျော့ကျော့ဝင်းပရာ

ပါးထက်က

စံပါယ်တင်မှဲ့လေး သူ့ဒဏ္ဍာရီ။ ။

ဘုန်းနေသွန်း

ရတီမဂ္ဂဇင်း ၊ ၂၀၀၇

No comments: