ကျည်ဆံကို ပန်းအိုးလုပ်
မေတ္တာတရားကို ပန်းလိုထိုးစိုက်
သစ္စာတရားကို ဘုရားမှာဆုပန်
တရားသောစစ်ပဲဖြစ်ဖြစ်
မတရားသောစစ်ပဲဖြစ်ဖြစ်
မျက်ရည်ဟာ တောင်ကျချောင်းလိုစီးတယ်
နာကျင်စရာဟာ သွေးစိမ်းရှင်ရှင် စီးကျတယ်
ပတ်ဝန်းကျင်မှာ တံလျှပ်တွေထနေတယ်
ညီလေးလည်း မရှိတော့ဘူး
အမေလည်းဘယ်ရောက်နေပြီလဲ မသိဘူး
ပြေးစရာ မြေလဲမရှိ
သောက်စရာ ရေလဲမရှိ
စားစရာ အာဟာရလဲမရှိ
စာနာစိတ်ကို ထိခိုက် ဖွဲ့ဆိုဖို့
ကဗျာဆရာမှာ စကားလုံးမရှိဘူး။
အောင်ပိုင်စိုး
3 comments:
ကိုယ်တိုင်ကြေကွဲ လက်ကိုပဲဆန့်ထုတ် မျက်ရည်သုတ်ပေးနိုင်အောင်ကြိုးစားနေရင် ...
Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?
cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads
_lb_blog&utm_medium=lb_blog
Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?
cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads
_lb_blog&utm_medium=lb_blog
Post a Comment