Wednesday, May 2, 2012

အသံတိတ် ရုပ်ရှင်





ကျည်ဆံကို ပန်းအိုးလုပ်
မေတ္တာတရားကို ပန်းလိုထိုးစိုက်
သစ္စာတရားကို  ဘုရားမှာဆုပန်
တရားသောစစ်ပဲဖြစ်ဖြစ်
မတရားသောစစ်ပဲဖြစ်ဖြစ်
မျက်ရည်ဟာ တောင်ကျချောင်းလိုစီးတယ်
နာကျင်စရာဟာ သွေးစိမ်းရှင်ရှင် စီးကျတယ်
ပတ်ဝန်းကျင်မှာ တံလျှပ်တွေထနေတယ်
ညီလေးလည်း မရှိတော့ဘူး
အမေလည်းဘယ်ရောက်နေပြီလဲ မသိဘူး
ပြေးစရာ မြေလဲမရှိ
သောက်စရာ ရေလဲမရှိ
စားစရာ အာဟာရလဲမရှိ
စာနာစိတ်ကို  ထိခိုက် ဖွဲ့ဆိုဖို့
ကဗျာဆရာမှာ စကားလုံးမရှိဘူး။

အောင်ပိုင်စိုး

3 comments:

ငြိမ်းစိုးဦး said...

ကိုယ်တိုင်ကြေကွဲ လက်ကိုပဲဆန့်ထုတ် မျက်ရည်သုတ်ပေးနိုင်အောင်ကြိုးစားနေရင် ...

Anonymous said...

Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?

cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads

_lb_blog&utm_medium=lb_blog

Anonymous said...

Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?

cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads

_lb_blog&utm_medium=lb_blog