Thursday, February 4, 2010

အတိတ်အိပ်မက်

ကျိုးပဲ့ပြီးသား တောင်ပံတစ်ခုကို
အသက်ဆက်ရှုဖို့ မင်းက သင်ပေးခဲ့သူ


မဆာလောင်တော့တဲ့ စိတ်ဆန္ဒကို
ငတ်မွတ်လာအောင် မင်းက လမ်းပြခဲ့သူ

ငါ့ရဲ့ အဖြူခံတွေကို
ပန်းချီကားတစ်ချပ်အဖြစ် မင်းကခြယ်မှုန်းခဲ့သူ

ငါတစ်ကယ် ဆာလောင်တက်တော့မှ
ငါတစ်ကယ် ငတ်မွတ်တက်တော့မှ
မင်းက ငါ့ကို သော့ခတ်ခဲ့တယ်။

ငါ
ချစ်ခဲ့ပုံများ
လွမ်းခဲ့ပုံများ
ရင်ထဲ
ပိတ်ပိတ်ပိန်းပိန်း မှောင်တဲ့အထိ။ ။

ကဗျာဖြူဖြူ

(လွမ်းရပါလို၏ ကဗျာစုမှ)

No comments: