Monday, February 8, 2010

သစ်ရွက်ကြွေ

အခုလောက်ဆိုရင်
မင်းဆံပင်လေး ဘယ်လောက်ရှိပြီ
အခုလောက်ဆိုရင်
မင်းအရပ် ဘယ်လောက်ရှိပြီ
ငါ့မှာ
ပြင်မရတဲ့ အမှားတစ်ခုနဲ့
အဖျားကူးခဲ့တဲ့ နေ့ကလေးတစ်နေ့
အလွမ်းအဆွေးဟာ မတိုးတော့တဲ့ ဆေးလား
လမ်းကလေးဟာ
ငါ့ဘ၀အတွက် မဆုံးတော့တဲ့ အတွေးလား
သြော် ...
မင်းထားခဲ့တဲ့တရားဓမ္မပေါ့
တခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ်။ ။

စိုင်းဝင်းမြင့်
(သူစိမ်း ကဗျာစာအုပ်မှ)

No comments: