Monday, February 8, 2010

လေကောင်းလေသန့်

နေပူမိုးရွာဖြစ်တုန်း
ကိုယ်ဟာအ၀တ်အစားတွေ ထုတ်လှန်းမိသူပါ
ခြေခင်းလက်ခင်းသာနေရုံနဲ့
မင်းရဲ့သံယောဇဉ်ကိုမျှော်လင့်နေမိတာ
ကြည့်စမ်း
ဘ၀တစ်ခုလုံးတောင် ဖားဥတွေလှိုင်လှိုင်တက်နေပါရောလား!

မင်းကိုချစ်ရလွန်းလို့ ကိုယ့်ရဲ့ဈာပနအဖြစ်
ဆိတ်ငြိမ်ကြေကွဲပြဖို့တောင်
မင်း
မှတ်မှတ်သားသား ရှိပါစေ။

ဆွေးမြေ့လှုပ်ခတ်
ကိုယ်ပိုင်ဆိုင်ရာ စိတ်ကူးထည်ထဲကို
ဘယ်လိုအကြောင်းပြချက်နဲ့မှ
မင်း မလာနဲ့။

ကျေးလက်ဒေသသို့ ခရီးသွားဖြစ်ပြီး
ရွေးချယ်ခွင့်မရှိတဲ့ ဖြစ်စဉ်တွေ
မနက်ခင်းတိုင်းမှာ
အလွမ်းတွေ ပေကျံနေပြီ။

ဒီလိုလေ
အသည်းကွဲတဲ့ညမျိုးမှာ
အနုပညာအကြောင်းပြောရတာ
ပို ပြီး ထိ ရှ တက် သ လို မျိုး ။ ။

လင်းသူ ညို
(အကြီးစား သစ္စာ ကဗျာစုမှ)

No comments: