Sunday, February 14, 2010

ဘလော့ဂါကဗျာများ သမိုင်းတာဝန် ၊သိစိတ်၊ အနုပညာ ၊တန်ဖိုး၊ ကျင့်ဝတ်သိက္ခာ များ နှင့် မနက်ဖြန်

ဒီတစ်လော ဘလော့ပေါ်မှာ အပြာရောင် ကဗျာတစ်ချို့ ကိုပေါ်ပေါ်တင်တင်ရေးတင်လာကြတာလည်းတွေ့ရပြန်တယ်။
ကဗျာဟာ တစ်ချို့အကြောင်းအရာတွေအတွက် မီဒီယံ တစ်ခုများဖြစ်နေသလားလို့ပါ။ တစ်ချိန်တုန်းက မဂ္ဂဇင်းအယ်ဒီတာ ဆရာဝန်ကလေးတစ်ယောက်ပြောတာ ပြန်သတိရတယ်။`` ဆရာ ကဗျာကို ဘယ်လိုရွေးသလဲ ´´ လို့ကျွန်တော်ကမေးတော့ ၊
အဲဒီ အယ်ဒီတာလေးက``အကြီးအငယ်မကြည့်ဘူးအတူတူပဲရွေးတယ် ´´လို့ပြန်ဖြေတယ်။ ဒီတော့ကျွန်တော်က နာမည်ကြီး စာရေးဆရာကြီးတစ်ယောက်နာမည်ကို ရွတ်ပြရင်း`` ဒီဆရာကြီးစာမူတွေကိုရော´´လို့မေးတော့ မဂ္ဂဇင်းအယ်ဒီတာလေးက ဒီဆရာကြီးစာမူတွေကိုတော့ ပေးသမျှထည့်ပါတယ်၊ဒါပေမယ့် ဒီဆရာကြီးရဲ့လက်ရာတွေကိုတော့``သမိုင်းကအဆုံးအဖြတ်ပေးပါလိမ့်မယ်´´ လို့ပြန်ဖြေတာကို ယနေ့တိုင်အမှတ်ရနေတုန်းပါပဲ။ဥပမာအနေနဲ့ကဗျာတစ်ပုဒ်ကိုဖော်ပြပါရစေ။

သဘောပေါက်တဲ့အခါ ရီဝေမှုတွေနဲ့ မျှော်နေမှာပေါ့ (ရေးသားသူ-မြေမှုန်လွင်)

( Posted as per request.
The sole purpose of this post is to promote the freedom of publication.)

သားကြီး
မင်းပေးလိုက်တဲ့စာရတယ်
ထုံးစံအတိုင်းပဲ မင့်စကားလုံးတွေက ငါရဲ့လိင်စိတ်ကို မနိုးကြားစေဘူး
ဒါပေမယ့် မင်းစာကိုယူလာပေးတဲ့ မင်းရဲ့ရှောတီလေးကတော့
ကျွတ်……….. ကျွတ်……
သူ့စကားတစ်ခွန်းကြားမိတိုင်း ကြက်သီးတွေ
ဖျင်းကနဲ….ဖျင်းကနဲကိုနေတော့တာပဲ ငါတကယ်ပြောတာ
အခုစာနဲ့အတူ ငါ့ကဗျာနှစ်ပုဒ်ပါထည့်ပေးလိုက်တယ်
မင်းနာမည်တပ်ပြီး ကြိုက်တဲ့မဂ္ဂဇင်းကို ပို့လိုက်ပါ
အခုလောလောဆယ် ငါလိုနေတာ
ရေလည်းမဟုတ်ဘူး ရက်စပတ်လည်း မဟုတ်ဘူး
ဖြစ်နိုင်ရင် မင်းရှောတီလေး ငါ့ဆီကို ရောက်အောင်ထပ်လွတ်လိုက်ပါ
ဒီရက်ပိုင်းတွေ ငါပြတ်လပ်နေတာ ကြာပေါ့
ငါ့လက်ထဲမှာ ငါ့ပိုးမွှားတွေ အလဟာသ ဖြစ်တာမျိုးကို ငါရွံနေပြီ
မင်းကိုပြောဖူးပါတယ်
ကဗျာဆရာစစ်ရင် နှစ်နာရီခြားတစ်ခီါးတောင်တယ်လို့
ပိုဆိုးတာက
ဒီကမ်းခြေမှာ မြင်မြင်သမျှက သရေယိုစရာတွေ ရေငတ်ချင်စရာတွေ ချည်းပဲ
ဒါပေမယ့် သူတို့မှာကလည်း သူတို့ကတက်တွေနဲ့ သူတို့အောဝေးဖူးနေတာ
ငါမှာတော့ တစ်ကောင်တည်း
ဂျာနယ်ထဲက ကော့လန်ကားတွေရော ရေလှိုင်းတွေရော အုန်းပင်တွေရော
မြက်ခင်းတွေရော အား……. ပါး တွေ့မြင်မြင်သမျှ ရမတ်ကြွစရာတွေချည်းပဲ
ဦးနှောက်ထဲထိ ရောက်နေတဲ့ ပိုးမွှားတွေက နားထင်ကို တဒိတ်ဒိတ်ခုန်
မျက်လုံထဲမှာ မင်းရှောတီလေးရဲ့ အောကြောလေးကိုမြင်ယောင်နေမိပြီး
မွှေယာကြီးပေါ်မှာ ဟိုလူးဒီလိမ့်
သားကြီးငါ့ကိုနားလည်ပါ
မင်းအတွက် ရည်ရွယ်ပြီး ငါရှယ်ကဗျာတွေရေးပေးဦးမယ် စိတ်ချ
မင်းသြဇာ မင်းနာမည်တွေကို အထွတ်အထိပ်ရောက်စေမယ့် အဆန်းကြီးတွေပေါ့ကွာ
ဟန်ဒရတ်ပါဆင့် စိတ်ချ သားကြီး
အရေးကြီးဆုံးက ဒီစာကိုရလျင်ရခြင်း
မင်းရှောတီလေးကို ငါ့ဆီလွှတ်လိုက်ဖို့ပဲ…….။

အပြာရောင်ကဗျာ တစ်ပုဒ်အား ဥပမာအနေဖြင့် ဖော်ပြခြင်းဖြစ်ပါသည်-ပြန်လည်ဖော်ပြခြင်းအား ခွင့်လွှတ်ပါရန်
(ဤပို့စ် ရေးသားသူ......)

ဟုတ်ပါတယ်။
ကမ္ဘာလောကကြီးမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့လူတွေ လူမှုပရဟိတတွေကိုလုပ်တယ်။
တစ်ချို့ကတော့ ဒီရေတောတွေကို ခုတ်ပြီးလောင်စာအဖြစ်သုံးစွဲကြ၊ စက်မှုစွမ်းအင်တွေကို အလွန်အမင်း သုံးစွဲကြ၊ နဲ့ ကမ္ဘာကြီးကို ဖျက်ဆီးမှန်းမသိ ဖျက်ဆီးနေတုန်းပဲဆိုတော့ အချိုးအစားမမျှဖြစ်နေတာတွေကိုတွေးပြီး စိတ်ထဲမှာ မကောင်းဖြစ်မိပြန်တယ်။ဒါကြောင့်
သူ့များဖက်က ကိစ္စတွေကို တက်နိုင်သလောက်မေ့ထားပြီး ၊
ကိုယ်နိုင်သလောက် ဖြူစင်မှုလေးတွေနဲ့သာကမ္ဘာလောက၊သဘာဝပတ်ဝန်းကျင်ကြီးကို တက်နိုင်သမျှလေးနဲ့ တာဝန်ယူဖြူစင်အောင်
ကူညီနိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့တွေး မိပြန်တယ်။
စာမျက်နှာတွေကို အသုံးပြုပြီး
လူသားတစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာတွေ၊လူသားခြင်းစာနာမှုတွေ၊သဘာ၀၀န်းကျင်ပြုပြင်ထိန်းသိမ်းမှုတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ၊အသိပညာ၊အတက်ပညာတွေကိုကူးလူးဆက်သွယ်ဝေမျှခဲ့ကြတယ်။ဒီစာမျက်နှာတွေကပဲ မတရားမှုတွေကိုတရားမျှတခြင်းဆီရောက်အောင် ပို့ဆောင်ပေးနေတော့ကျွန်တော်တို့ကတော့ စာမျက်နှာတွေကို ခေတ်အဆက်ဆက် အားကိုးနေရတုန်းပဲလေ၊ ကျွန်တော်တို့ကတော့ ကဗျာဘလော့လေးကို တက်သလောက်မှတ်သလောက်တည်ဆောက် ကဗျာလောကအကျိုးကို တက်နိုင်သလောက်ဝန်လေးနဲ့ ထောက်ကူမှုပြုနေမိတယ်။ဒီလို စာမျက်နှာတွေကိုဖြုန်းတီးမှုပြုနေတဲ့ ကဗျာတွေကို ရေးသားနေတဲ့ သူတွေ(မှတ်ချက်-မည်သူ့ကိုမျှမရည်ရွယ်ကြောင်း)ကိုတော့
ဘယ်လိုမှသဘောထားမှာမဟုတ်ကြောင်း တစ်ဆက်တည်းပြောကြားလိုက်ပါတယ်။ဒီလို အပြာရောင်ကဗျာမျိုးကို စာမျက်နှာပေါ်တင်လာတဲ့ရည်ရွယ်ချက်ကိုတော့ ကျွန်တော်ဖက်က(ကဗျာဆရာတွေ၊စာဖက်သူတွေ ကိုယ်စား) ဘယ်လိုအပြုအမူမျိုးနဲ့မှ ကန့်ကွက်၊ငြင်းဆန်၊ရှုံ့ချ၊ကဲ့ရဲ့ မှာမဟုတ်ပါဘူး။ သူ့အပြုအမူ၊သူ့အရေးအသား၊သူ့အတွေးအခေါ်အတိုင်းသာတစ်ချိန်သမိုင်းမျက်နှာစာမှာနာမည်ဆိုးနဲ့ကျန်နေရစ်ပါလိမ့်မယ်။
တစ်ချို့သော ဘလော့ဂါတွေကတော့ ဒါကို(အပြာရောင်တွေ) အနုပညာလို့ငြင်းဆန်ကောင်းငြင်းဆန်ပါလိမ့်မယ်။
ဒါကလည်း သူတို့အမြင်၊အထင်တွေ တွေအာရုံမှောက်မှားနေတာပါလို့ ကျွန်တော့်ဖက်က တစ်ထစ်လျော့ချတွေးနေမိပြန်တယ်။
ဒီလိုပါပဲ လောကကြီးမှာ ပြင်လို့ရတဲ့ မှားယွင်းမှုတွေရှိနေတော့ ခဏခဏမှားနေ၊ခဏခဏပြင်နေသူတွေရှိနေကြမှာပါပဲ။
ပြင်လို့မရတဲ့အမှားတွေ အတွက်တော့ ( ဒီလိုမျိုးဖန်တီးတင်ဆက်မှုတွေ အတွက်) တစ်ချိန် သမိုင်းမျက်နှာစာမှာ ဒဏ်ခတ်ခြင်းခံရမှာမလွဲပါပဲ။
ကျွန်တော်ကတော့ ပြင်ရာ၊ဖျက်ရာ၊အပြစ်အနာအဆာ ကင်းတဲ့ ဖြူဖြူစင်စင် သမိုင်းစာမျက်နှာတွေကိုသာ ကျွန်တော်တို့ချစ်တဲ့ကမ္ဘာမြေကြီးကို လက်ဆောင်အဖြစ်ပေးနေချင်မိတာပါပဲ။

ဒီပို့စ်လေးကိုတော့ ကျွန်တော်တို့ ကမနေနိုင်မထိုင်နိုင် ဘလော့လေးပေါ်ကိုတင်မိလိုက်ပြန်ပါပြီ ။
တကယ်လို့ သဘောမတူခဲ့ရင်လဲပဲ ခင်ဗျားတို့ဆန္ဒအတိုင်းပါပဲ။
ကျွန်တော်တို့ကတော့ အမှန်/အမှား ပြန်လည်ပြီးတော့ သဲကွဲဖို့ မစဉ်းစားထားပါဘူး။

မြန်မာကဗျာများ ဖြူစင်၊ရှင်းသန့်၊ကျန်းမာ၊လွတ်လပ်စွာ၊ အနုပညာ ဂုဏ်မြောက်ပါစေကြောင်း.........။

( မြန်မာကဗျာဆရာတစ်ယောက် မှ ရေးသားတင်ဆက်ပေးပို့မှုကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)


စီစဉ်တင်ဆက်သူများ

1 comment:

lanolay said...

ဖြစ်ချင်တော့ ကျနော်လဲ အဲ့လိုပဲ ထင်တာပဲ (i mean the_history_will_tell bit). 'တစ်ချိန်က' ဆိုတာထက်တော့ မပိုလောက်ပါဘူးနော?