Tuesday, February 9, 2010

ချစ်လွန်းလို့ ငါ မင်းကို မေ့ထားတယ်


စိတ်ထဲမှာ ရေးထွင်းထားတဲ့ မင်းနာမည်လေး
စိတ်ထဲမှာ မွှေးပျံ့ နေတဲ့ မင်းကိုယ်သင်းရနံ့ လေး
စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့  မင်းရယ်မောသံလေး
စိတ်ထဲမှာ ထပ်တူကျနေတဲ့ မင်းမျက်နှာလေး
ချစ်လွန်းလို့ ငါမင်းကိုမေ့ထားတယ် ။

ငါ မရေးဖြစ်သော စာသားများလို မင်းစကားသံများ
ငါ မအိပ်ဖြစ်သော နေ့ ရက်များလို မင်းနေ့ စွဲများ
ငါ မနမ်းရှိုက်ဖူးသော ပန်းပွင့်များလို မင်းအလှတရားများ
ငါ မသိလိုက်သော အကြောင်းအရာများလို မင်းလျှို့ ဝှက်မှုများ
ငါ မရရှိဖူးသော နူးညံ့မှုတစ်ခုလို မင်းမေတ္တာတရားများ
တစ်ချိန်ချိန် ငါမေ့သွားမှာကိုပဲ စိုးရိမ်မိတယ်။

ငါဟာ ရူးနှမ်းသူပါ ညီမလေးရယ်
မင်းမျက်နှာလေး မမြင်ရတဲ့နေ့ ဆို ငါမျက်စိကွယ်သလို ခံစားရတယ်
မင်းစကားပြောသံလေးမကြားရတဲ့နေဆို ငါ နားကန်းသွားသလို ခံစားရတယ်
အမှန်တကယ် အချစ်နဲ့ မထိုက်တန်သော ဆုတောင်းတစ်ခုပဲ သစ္စာပြုခဲ့ပါတယ်
ငါမှလွဲ၍ မင်းဘ၀မှာ အရာရာ ပြည့်စုံပါစေသား …။ ။



အောင်ပိုင်စိုး

သရဖူမဂ္ဂဇင်း၊ဖက်ရှင်မဂ္ဂဇင်း

2 comments:

ပိုင်မင်းဆွေ said...

ဒီကဗျာလေး ဖတ်မိပြီး စိတ်ထဲစွဲနေလို့ ကိုယ်ရေးထားတာလို့တောင် ယောင်ယောင်ပြီး ငါတကော ကောနေမိသေးတယ်။

"ချစ်လွန်းလို့ ငါ မင်းကို မေ့ထားတယ်"
"ချစ်လွန်းလို့ ငါ မင်းကို မေ့ထားတယ်"
"ချစ်လွန်းလို့ ငါ မင်းကို မေ့ထားတယ်"
"ချစ်လွန်းလို့ ငါ မင်းကို မေ့ထားတယ်"

ဟုတ်တယ် ချစ်လွန်းလို့ ငါ မင်းကို မေ့ထားတယ်။

ကောင်းတယ်ဗျာ... ဒီကဗျာလေး စွဲကို စွဲနေတယ်။

phyo paing said...

ထိတယ်​ဗျာ အရမ်းလည်းတိုက်​ဆိုင်​တယ်
ရုယ်​ခွင့်​ပြုပါဗျာ