Monday, February 8, 2010

အပြာရောင်ကြကွဲတေး

ကြက်ခြေခက်တွေကပဲ
ငါ့ကိုထွန်ယက်သွားကြ
ဘာတွေကို သီးပွင့်ရမှာလည်း
မိန်းကလေးရယ် ...
ငါဟာ မင်းရဲ့စာမျက်နှာတွေပေါ်
ခုန်ကူးချင်တဲ့
ပင့်ကူတစ်ကောင်ဆိုရင်တောင်မှ
ယဇ်ပူဇော်ခံဖို့ သက်သက်ပါ
မင်းလှည့်ပြန်သွားတဲ့အထိ
နှင်းဆီမပါတဲ့ နူတ်ခမ်း
ရနံ့ပြယ်မနက်ခင်း
အလင်းပေါက်မျက်ရည်တွေ...
ဒါဟာ ပွင့်လင်းမှုအတွက်
အသက်ပါအောင်
ရယ်မောပေးလိုက်တာပေါ့။

ဆက်မင်းသော်
(လွယ်အိတ်ထဲက မီးခိုး ကဗျာစုမှ)

No comments: