Thursday, August 5, 2010

Poet's Choice By Pi Min Swe

Poet's Choice ကဗျာကဏ္ဍလေးအဆက်ပြတ်နေတာတော့ ကြာနေခဲ့ပါပြီ။ကဗျာဆရာတွေကလည်း
အဆင်မသင့်တဲ့အတွက် စာမူများတောင်းသော်လည်း ကဗျာဆရာများမအားမလပ်ရှိနေတာကြောင့်
ဒီကဏ္ဍလေးခေတ္တရပ်တန့်သွားရခြင်းကို နားလည်ပေးစေနိုင်ကြောင်းနဲ့
ဆက်တိုက် Poet's Choice ကဏ္ဍလေးနှင့်အတူ ကဗျာရေးရာ၊ အာရှကဗျာ ကဗျာခံစားမှု၊
ကဗျာဆရာသူရနီ၏ ကဗျာခံစားမှုများကို ဆက်လက်တင်ဆက်သွားနိုင်
အောင်ကြိုးစားနေကြောင်းပြောကြားလိုပါတယ်။

ဒီကဏ္ဍလေးရဲ့ နောက်ထပ်စာမူရှင်ကတော့ လက်ရှိဘလော့စာမျက်နှာများပေါ်မှာ
မော်ဒန်ကဗျာများအား အစဉ်တစ်စိုက်ရေးဖွဲ့နေသူ၊မဂ္ဂဇင်းစာမျက်နှာများပေါ်မှာလည်း
ကဗျာများအစဉ်တစိုက်ရေးဖွဲ့နေသူ ကဗျာဆရာဘလော့ဂါ ပိုင်မင်းဆွေ ဖြစ်ပါတယ်။
“ခေတ်ပေါ်ကဗျာလမ်း” ဘလော့လေးကိုရေးသားဖန်တီးနေတဲ့
ဘလော့ဖန်တီးရှင်လည်းဖြစ်ပါတယ်။ကဗျာဆရာ ပိုင်မင်းဆွေ ရေးပြီး
ကဗျာဆရာအကြိုက်ဖြစ်တဲ့ကဗျာလေးတစ်ပုဒ်ကို ကဗျာဆရာပိုင်မင်းဆွေ က
ဘယ်လိုအချိန်၊ဘယ်လိုပတ်ဝန်းကျင်၊ဘယ်လိုခံစားချက်တွေနဲ့ရေးဖွဲ့ဖန်တီးဖြစ်ခဲ့ကြောင်းကို
အပြည့်အစုံမဟုတ်တောင်အနီးစပ်ဆုံး ချဉ်းကပ်ခံစားဖတ်ရှုနိုင်စေရန်
ရည်ရွယ်တင်ဆက်ခြင်းမျှသာ ဖြစ်ပါတယ်။ ကဗျာဆရာများကိုရွေးချယ်ခြင်းကတော့
ဒီဘလော့လေးကို ရေးသားတင်ဆက်နေသော ကျွန်တော် အောင်ပိုင်စိုး၏
တစ်ကိုယ်ရည်တစ်ကာယစိတ်ခံစားချက်သာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
နောက်ထပ် ကဗျာဆရာများရဲ့ ရွေးချယ်ကြိုက်နှစ်သက်သော စာမူများကိုလည်း
ဆက်ကာဆက်ကာ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း
ဘလော့ဂါများ၊ကဗျာဆရာများ၊ ဘလော့စာဖတ်ပရိသတ်များအားအသိပေးအပ်ပါသည်ခင်ဗျား...။
သည်ကဗျာဆရာအကြိုက်(Poet's Choice)ကဏ္ဍလေးဖြစ်ပေါ်လာစေရန် စာမူပေးပို့ပေးသော
ကဗျာဆရာ ပိုင်မင်းဆွေအား ကျေးဇူးအထူးတင်ရှိပါကြောင်း
သည်ဘလော့စာမျက်နှာလေးမှတစ်ဆင့်ပြောကြားအပ်ပါသည်။

No comments: