Saturday, August 7, 2010

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူတစ်ယောက်ရဲ့ မှာတမ်းစာ

ဖိနပ်ချွတ်မှာ တစ်ညလုံး ဟစ်အော်နေတဲ့ ဖားအတွက်
ညလုံးပေါက် မိုးတစ်လင်းနေပြီး အရုဏ်တက်ချိန်မှာ အိပ်စက်ဖို့ ပျက်ကွက်တဲ့
ပုစဉ်းရင်ကွဲတွေအတွက်
ပွင့်အံထွက်လာတဲ့အထိ အောင့်အီးထားခဲ့တဲ့ မိုးတိမ်တွေအတွက်
ဒီနှစ် စောစောစီးစီး ဖူးပွင့်တဲ့ အရိုင်းစံပယ် ပန်းခြုံတွေအတွက်
ငါ့ကို လိုသလောက် မီးရောင်ပေးတဲ့ ပိုးစုန်းကြူးတွေအတွက်

ပိုးဖလံတောင်ပံနဲ့ လိပ်ပြာအချစ် အနံ့စွဲနေတဲ့ ရေရွှဲရွှဲ မြက်ဖုတ်တွေအတွက်
ငါ့ပြူတင်းပေါက် လက်တစ်ကမ်းအလိုမှာ ရစ်သီရစ်သီလုပ်နေတဲ့ ရွှေသမင်လေးအတွက်
ငါ့စိတ်ကြည်နူးဖို့ ကပြနေတဲ့ ခန်းဆီးဖြူဖြူတွေအတွက်
ဒီနေ့ထူးရဲ့ လက်ကျန် ဆူဆူညံညံ အသံပလံတွေအတွက်
အနားကလူတွေရဲ့ ပြောင်လက်လက် မီးခြစ်တွေနဲ့ နောက်ဆုံးပိတ် ပြာကျသွားတဲ့
စီးကရက်တွေအတွက်

သူစိမ်းတွေသွားတဲ့ လမ်းကို ညွှန်းပြမယ့် မှန်ကွဲစ စွပ်ကြောင်းတွေအတွက်
ငါ့အံ့ဖွယ် နှလုံးရဲ့ တိုးညှင်းညှင်း ခုန်သံအတွက်
ငါ့တုန်ယင်ယင် လက်နှစ်ဘက်အတွက်
ပျောက်ချင်ပျောက်မယ် မပျောက်ချင်လည်းနေမယ့် အညိုအမည်းတွေနဲ့ ခြစ်ရှရာတွေအတွက်
ဖူးဖူးယောင်လာမယ့် မြစ်တွေနဲ့ ရွေ့တော့မယ့် ကုန်းမြေတိုက်တွေအတွက်
နွေတွေ၊ မုတ်သုန်တွေနဲ့ စိတ်ဆန္ဒကို ပစ်ချမယ့် အပြင်းတကာ့ထိပ်ခေါင်
မိုးကြိုးသွားတွေအတွက်

တစ်ရက်ပဲ အသက်ရှင်တဲ့ ပုစဉ်းရင်ကွဲတွေနဲ့ ဖိနပ်ချွတ်မှာ ပိုးစိုးပက်စက်
အိပ်မောကျနေတဲ့ ဖားကလေးအတွက်

အနုရုဒ္ဓါ ၀ိဇယခရစ်ရှနန်
 Cha ၊ “အာရှ စာပေဂျာနယ်”
 ဖေဖော်ဝါရီ ၂၀၁၀ (စာစောင်အမှတ် ၁၀)

Suicide Note

by Anuradha Vijayakrishnan

To the frog at my doorstep that sang all night
To the cicadas that held unbroken vigil and would not sleep at dawn
To the rain clouds that held back till they burst
To gardens of wild jasmine that bloomed early this year
To glow worms that gave me fire for as long
as it was needed

To the drenched clumps of grass that smell of moth wings
and butterfly love
To the golden deer that lingered just beyond
my window
To the white curtains that danced for my pleasure
To the leftover noisiness of this marvellous day
To the shining lights of the neighbours and their last
ashen cigarettes

To broken glass trails that will show the way to strangers
To the quiet beating of my amazing heart
To my shaking hands
To blue ink and black and bruises that may or may not heal
To rivers that will swell and continents that will shift
To summers and monsoons and climactic
thunderbolts that will strike at will

To cicadas that live for a day and to the frog at my doorstep
that sleeps now exhausted

Cha: An Asian Literary Journal
Feburary 2010 (Issue 10)


အနုရုဒ္ဓါ ၀ိဇယခရစ်ရှနန်သည် အိန္ဒိယနိုင်ငံ ကိုချင်မြို့ဇာတိ။ ကာလီကပ်
တက္ကသိုလ်မှ ဓာတုအင်ဂျင်နီယာဘွဲ့ရ။ အိန္ဒိယနှင့် ယူအေ အီးနိုင်ငံတို့မှာ
ကော်ပိုရိတ် ၀န်ထမ်းအဖြစ် အမှုထမ်းရင်း ၀တ္ထုနှင့် ကဗျာများရေးသားလျက်ရှိ။
TS
သြဂုတ်လ ၀၂၊ ၂၀၁၀ခုနှစ်။

No comments: