Sunday, October 10, 2010

အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသော ကဗျာ ဘလော့တစ်နှစ်ပြည့်မြောက်ခြင်းအမှတ်တရစကား

အချိန်ကာလတွေကတော့တစ်နေရာပြီးတစ်နေရာ ရွေ့လျားပြောင်းလဲနေတက်တာဟာဓမ္မတာပါပဲ။
နောက်ကိုလှည့်ကြည့်လိုက်ရင်တော့ မြင်ကွင်းတစ်ချို့ဟာ မပီပြင်၊မပြတ်သား၊မထင်မရှားဖြစ်နေတက်ပါတယ်။
တစ်ချို့အဖြစ်အပျက်တွေကတော့ စိတ်ထဲမှာ စွဲထင်နေကျန်ရစ်လောက်အောင်ပင် ပြတ်ပြတ်ထင်ထင်မြင်နေမိပြန်ပါတယ်။
ဒါဟာဘာကြောင့်လဲဆိုတာကတော့ ထင်ရှားခိုင်လုံတဲ့သက်သေအထောက်အထားတွေနဲ့ ပြောဆိုလို့မရနိုင်အောင်
ထူးဆန်းနေခြင်းဖြစ်စဉ်တစ်ခုခုကြောင့်လို့ပြောဆိုနိုင်ပါတယ်။ ကဗျာ ဆိုတဲ့ဘာသာဗေဒ၊စကားလုံးများနဲ့
ပြုလုပ်တည်ဆောက်ထားတဲ့အကြောင်းအရာတစ်ခုဟာ ဘာကြောင့်လူ့ယဉ်ကျေးမှုအဖွဲ့
အစည်းတစ်ခုထဲမှာနေရာတစ်နေရာမရခဲ့တာလဲ?ကျွန်တော်တို့ ကဗျာဖန်တီးရေးသားနေတဲ့
ကဗျာဆရာဆိုသူတွေရော၊ကဗျာချစ်သူ လူတန်းစားအားလုံးကရော ကြိုးစားအဖြေရှာဖို့လိုနေတဲ့
အချိန်အခါကိုရောက်ရှိနေပါပြီ။တစ်ချို့ကလည်း အဟောင်းကိုစွဲလန်းတဲ့ စိတ်ရောဂါအခံတွေနဲ့
ကဗျာ၊ကဗျာ၊ကဗျာ ဆိုပြီး အသစ်တင်သွင်းလာတဲ့ ကဗျာနည်းနာနိသယတွေကိုအကြောက်အကန်ငြင်း
ဆန်တော်လှန်နေတာကိုတွေ့မြင်နေရပါတယ်။ဆိုလိုတာကတော့ အယူအဆ၊၀ါဒရေးရာတွေတိုင်းမှာခိုင်မာတဲ့
သက်သေ၊အကိုးအကားတွေတည်ရှိနေပါတယ်။ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြောင်းလဲခြင်းဆိုင်ရာဝါဒတွေကိုလည်း
မနှစ်သက်တဲ့သူတွေလဲရှိနေနိုင်ပါတယ်။ဒါပေမယ့် ဝါဒတစ်ခုကိုမနှစ်သက်၊အမြင်မကြည်လင်ဖူးဆိုလျင်တောင်
အဲဒီဝါဒကိုတော့ မကြိုက်နှစ်သက်ကြောင်းအကိုးအကားပြသနိုင်ဖို့ ဒီဝါဒကို ပြန်လည်ချေပနိုင်ဖို့ လေ့လာသင့်တာတော့အမှန်ပါပဲ။
မိတ်ဆွေကဗျာဆရာတစ်ဦးကတော့ စစ်အေးကာလရောက်နေတဲ့ ကဗျာဆိုင်ရာ အနေအထားလို့ပြောနေတာကို
လက်ခံချင်နေပါတယ်။ ဘယ်လိုပဲဖြစ်စေကာမူကျွန်တော်တို့ကတော့ ကဗျာကိုစွဲလန်းနှစ်သက်တဲ့စိတ်အခံတွေနဲ့
ကဗျာတွေကိုဆက်လက်ရေးသားနေမှာ အမှန်ပါပဲ။ ပရင့်ဖော်ပြခွင့်ရရှိနေကြတဲ့ ကဗျာဆရာတွေရော၊ဘလော့ပေါ်က
ကဗျာဆရာတွေပါ ဘယ်သူဘယ်ဝါကတော့ ဘာဖြစ်တယ်ဆိုပြီးအငြင်းပွားနေကြတဲ့အချိန်ကာလတစ်ခုကိုလည်း
ကျွန်တော်တို့ အတော်အသင့်ကျော်ဖြတ်ပြီးပြီလို့လည်း ယုံကြည်နေမိပါတယ်။
ကျွန်တော်တို့ကလည်း (အဓိပ္ပါယ်ဖော်ပြရန်ခက်ခဲသော ကဗျာ)ကဗျာဘလော့လေးတစ်ခုကို လွှင့်တင်ဖြစ်ခဲ့တာ
ဒီOctober 16 ရက်နေ့ဆို ဒီကဗျာဘလော့လေး တစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ပါပြီ။
ဒီကဗျာဘလော့လေးတစ်နှစ်ပြည့်မြောက်တဲ့ အမှတ်တရအနေနဲ့ ကျွန်တော်တို့ရဲ့ နောင်တော်ကဗျာဆရာ(ကို)ခင်အောင်အေးရဲ့
ကဗျာထဲက ကဗျာဗေဒ ဆိုတဲ့ ကဗျာဆိုင်ရာ သဘောထားတခုနဲ့ သူ့ကဗျာ ၂ ပုဒ်ကိုတင်ဆက်လိုက်ပါတယ်

အမှားပြောသူများရော၊အမှန်မြင်သူများပါမကျန် ကျေးဇူးတင်ထိုက်သူများအားလုံးကို ဒီစာမျက်နှာလေးကနေ အထူးကျေးဇူးတင်ရှိကြောင်း တစ်ဆက်တည်းပြောကြားလိုပါတယ်။



သူရနီ၊အောင်ပိုင်စိုး
(အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသောကဗျာ)

2 comments:

pandora said...

တစ်နှစ် တစ်နှစ်..
အွန်လိုင်းထက် အက္ခရာ ဆက်၍​ဆက်၍
တင်နိုင်ပါစေ :)

tin min htet said...

ဒီတနှစ်အတွင်းမှာ ကဗျာကောင်းလေးတွေ ဖတ်ရတဲ့ အတွက်ကျေးဇူးပါ။ နောင် ၂ နှစ်ပြည့် ၃ နှစ်ပြည့် .. စသည် စသည် တွေမှာလည်း ဆုံတွေ့ချင်ပါတယ်။