Thursday, July 22, 2010

ကုလားအုတ် (A Camel)

ကုလားအုတ်



သီချင်းက မဆုံးသေးဘူး။
စည်သွပ်ဗူးတင် ရထားကြီးက
ကျည်ဆံသယ် ရထားကြီးဖြစ်။
ကလေးက
ဘီးတစ်ဘက်ပြုတ်နေတဲ့ ထရပ်ကားကြီးထဲမှာ
အဖေက
မီးစွဲနေတဲ့ ဂျုံခင်းထဲမှာ
ခြေထောက်တစ်ဘက် မရှိတော့ဘူး။
တိုက်ပျက်နံရံကို
ကျည်ဆံခွံနဲ့
ကက်ခြေခတ် ဆွဲချလိုက်တယ်။
ပိုင်သူမဲ့ ကုတ်အင်္ကျီ
ကိုးတန်းပေါ်မှာ
တွဲ...လျား...ကျ။


သူရနီ



A Camel


The song hasn't ended yet!
The luggage van stuffed with tinned foods
becomes that with ammunition.
The child
in a truck detached off a wheel,
whose one-legged dad
in an ignited wheat field.
The wall of a building gunned-down
is marked a cross
with shells.
On the line
no one's coat
is being hung in air.


_translated by TS


ပိတောက်ပွင့်သစ် စာပေမဂ္ဂဇင်း
အမှတ် (၃၂) ဇူလိုင်၊ ၂၀၁၀ခုနှစ်။

No comments: