Wednesday, May 5, 2010

မ ကလက်တဲ့ အက

ရက်ရက်စက်စက်ရေစီးတွေကို ရင်စီးခံမှာလား
သတင်းတစ်ပုဒ်ရဖို့ စစ်မြေပြင်အထိသွားနိုင်မှ
ကဗျာတစ်ပုဒ်ဖတ်ရဖို့ စာသားထဲဝင်ရောက်နိုင်မှ
ထမင်းတစ်လုပ်သို့၊ သီချင်းတစ်ပုဒ်မှ ။

ပြော ပြော ဖြည်းဖြည်းပြော
ဒေါသဇောနဲ့ မြေမြင့်ရာ လှံစိုက်ရမလား
ပြော ပြော ဖြည်းဖြည်းပြော
ရင်ခုန်ပြီးပြော ယုံယုံကြည်ကြည် ပြော
အခိုက်ဓါတ်ကို ဆိုက်အောင်ပြော ။

ညရှစ်နာရီခွဲမှာ ရုပ်မြင်သံကြားဖွင့်လျက်
ညဆယ်နာရီမှာ ကဗျာစာအုပ်ဖွင့်လျက်
ညဆယ့်နှစ်နာရီတိတိမှာ ရောက်လာမယ့်နေ့ကြီးကိုဖွင့်လျက်
ရောက်လာမယ့် ပုံသဏ္ဍာန်နဲ့
ရောက်လာမယ့် မနက်ဖြန်တို့
ရောမွှေထားတဲ့အနံ့ရဖူးလား
ဒီဝါကျတွေက ညှီလား
ဒီစာသားတွေက နံလား
္ဂဂရုတစိုက်နဲ့ ပြောလိုက်တဲ့ စကား
ကြားလား ။ ။

ကိုမြတ်ခိုင်ဦး

1 comment:

အိန္ဒြာ said...

ကိုမြတ်ခိုင်ဦး ရတီမှာပါတဲ့ကဗျာလား...

သူ ဖတ်သွားပါဦးပြောတာ ရှာဖို့ အချိန်မရခဲ့လို့ အောင်ပိုင်စိုး ရေ...

အဖတ်ရတာ ကြာပြီ သူ့လက်ရာတွေ...

ကောင်းလည်းကောင်း ပြောင်းလည်းပြောင်းသွားတယ်