လှိုင်းခေါင်းဖြူဖြူတွေ
မဟူရာထဲ
မြွေဆိုးတွေလို
ကမ်းခြေပေါ် အလျားလိုက်ပြေးပြေးတက်
စိတ်ဓာတ်မပြည့်စုံသူရဲ့  ညချမ်းမှာ
ပင်လယ်ဟာ ကြောက်စရာမမြင်မစမ်း
အကန်းတစ်ယောက်လို
ရေနက်ထဲ ဆင်းဆင်းသေမိတယ်။ ။
မင်းစိုးရာ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊၂၀၀၆
1 comment:
သူငယ်ချင်း
ဒီကဗျာကို ဖတ်ရတော့ ငါရီစရာလေးတစ်ခုကို သွားသတိရတယ်၊
ဟိုညီအစ်ကိုနှစ်ယောက် ချောင်းသာကမ်းစပ်ကို အလျားတိုင်းတာလေ၊ မှတ်မိမယ်ထင်ပါတယ်
အောင်ပိုင်စိုးတော့မသိဘူးပေါ့ကွာ ငါတို့ပဲသိတာလေ
Post a Comment