လေယာဉ်ပေါ်ကဆင်းတော့
မြို့ကြီးကိုတန်းနင်းမိတယ်မဟုတ်လား
ပြီးတော့ မြို့ စွန်မြို့ဖျား
လမ်းမကျယ်ကြီးကနေ လမ်းကြိုလမ်းကြား
သွေးကြာမကြီးကနေ သွေးကြောမျှင်လေးတွေကြား
သွေးနဲ့ချွေးနဲ့တိုးဝေ့လို့
လက်ဖက်ရည်ဆိုင်ထိုင်ရင်း
လမ်းတစ်ဖက်ဖြတ်ပြေးသွားတဲ့ တံလျှပ်တွေကို ငေးနေတယ်
မင်းနေတာ ခြောက်ထပ်တိုက်မို့
တက်ရတာခြောက်ကပ်ကပ်ပါပဲ
မြို့ရဲ့လူနေမှုပုံစံမှာ
တဖြည်းဖြည်းပွယောင်းလာတဲ့ LP နဲ့
တဖြည်းဖြည်းရှုပ်ထွေးလာတဲ့ LT နဲ့
အရေပြားနဲ့ အရိုးကြား အဆီပိုတွေများများလာတယ်
အင်္ဂတေကြမ်းခင်းနဲ့ သင်ဖြူးဖျာကြား
ဂျင်းဘောင်းဘီ အစုတ်တွေများများလာတယ်
လျှပ်စစ်သမားမို့
ဝါယာကြိုးတွေ ပေါက်ပြဲနေတာလည်းကျွတ်ကျဲစရာမလို
Software သမားမို့
Windows ကခဏခဏ ပြုတ်ကျ ခဏခဏပြန်တင်
Hardware သမားမို့
Casing တစ်ခြား Circuit တစ်ခြား Drive တစ်ခြား
ခေါင်းတစ်ခြားကိုယ်တစ်ခြား ရုပ်တစ်ခြားနာမ်တစ်ခြား
ခဏခဏပြုတ်ကျနေတဲ့ စိတ်ဓာတ်ကိုလည်း
ခဏခဏပြန်တင်ထားတယ်
ဘောလုံးဂျာနယ်ကို အိပ်ယာခင်းလုပ်
တောင်ပံမရှိတော့တဲ့ငှက်လို ငုတ်တုတ်မေ့နေတယ်
ကာရာအိုကေခန်းထဲကျွံဝင်နေတဲ့ခြေထောက်တစ်ဖက်ကိုပြန်ဆွဲထုတ်
သစ္စာတရားကို ခုတုံးလုပ်ဖို့ ဒစ်ဂျစ်တယ်ပစ္စည်းတွေထုတ်လုပ်လိုက်ပါပြီ။ ။
LP - Language Poetry
LT - Living Together
သံလမ်း(လှိုင်)ကဘော်ဒါတွေအတွက်
မင်းစိုးရာ
17.11.09
3 comments:
အယ်လ်ပီ......LP .....ဖတ်ရှု သွားပါကြောင်း...
မင်းစိုးရာရေ....
ပိတောက်ပွင့်သစ်မှာပါတဲ့
မင်းနေကောင်းလား ကောင်းကြီး ကို
type ရိုက်ပြီး အစ်မဆီပို့ပေးပါလားးဟေ..
ငါရိုက်ရမှာ ပျင်းလို့
တင်ချင်လို့ ဘလော့မျာ...း)
အစကတော့ comment ရေးဦးမလို့ပဲ
အခုတော့ နည်းနည်းပျင်းသွားလို့ မရေးတော့ဘူး
Post a Comment