Saturday, October 24, 2009

ဆင်းရဲလွန်းတဲ့ကဗျာ

ဘယ်ကစမယ်မှန်းမသိလို့
ဒီကဗျာကို ဒီကပဲစရတော့တယ်
ရှိစုမဲ့စု
အပိုင်းအစ
ဒါတွေနဲ့ပဲ စထားရတယ်
အရင်က အရမ်းလွယ်ကူလွန်းတဲ့ တစ်စုံတစ်ယောက်
ခု
ရောက်ရာအရပ်က ရပ်ရပ်စောင့်တာတောင် ရောက်မလာ
" မီး ၁၀ ခါပျက်တာ မီး ၁၀ခါ လာလို့ပေါ့" တဲ့
လ္ဘက်ရည်ဆိုင်ရှင်လေးကပြောတယ်
အရောင်တွေကို ကြောင်လွန်းလို့
အမှောင်ထဲတိုးဝင်မိတယ်
စီးကရက်ကိုပြာခြွေချတော့မှ
အစီခံရင်းမှာ အသက်ဓာတ်မှိန်မှိန်လေးလင်းနေတာမြင်ရ
အဲဒါ
လူငယ်ဘ၀တွေတဲ့လား
ကိုယ့်အလှည့်ကျမှ
ရွှေပုံထဲက အမှိုက်ကိုရခဲ့တယ်။ ။


မင်းစိုးရာ

1 comment:

Anonymous said...

really love the last line.

"ko. a hlae. kya mha
shwe pone htel ka a mhite ko ya khae. tae"