Saturday, October 24, 2009

ဟယ်လူဆီနေးရှင်း - ၂

ပြတင်းတံခါးကို ဖွင့်လိုက်ရင် တစ်ယောက်ယောက်ကိုတွေ့ရမယ်လို့ထင်နေတယ်
ပြတင်းပေါက်ကကြည့်ရင် သစ်ရွက်တွေကြွေနေတာကို တွေ့ရမှာပဲ
ခုလိုမျိုးအချိန်မှာ တစ်ယောက်ယောက်က သစ်ရွက်တွေကြွေတာအဓိပါယ်မရှိဘူးလို့ပြောလာရင်
ဘယ်အရာကများ အဓိပါယ်ရှိလဲလို့ ငါပြန်မေးမိမှာပဲ
အခန်းကျဉ်းထဲမှာ ငါတစ်ယောက်တည်း
ပျင်းရိငြီးငွေ့ဖွယ်ရာ
လူအဖြစ်ဟာ အဆက်အစပ်မရှိသလို ရှည်လျားလို့
တိတ်ဆိတ်မှုဟာ အရာရာမှာ သွေးဆုတ်ဖြူလျော်လို့
ငါ့နောက်ပါးမှာ တစ်စုံတစ်ရာရှိနေတယ်
ငါလှည့်ကြည့်တော့ ဘာမှမရှိပြန်ဘူး
ခုလိုအချိန် ငါ့စိတ်ကို ငါ့လက်မှာတပ်ပေးလိုက်ရင်
ငါ့လက်ကို ဘယ်လိုမှပြနှ်ရှာလို့ရမှာ မဟုတ်တော့ဘူး
လူအဖြစ်မှာ ငါရှိနေတာ ၊ ငါထိုင်နေတာ ၊ ငါငေးမောနေတာ
ရောဂါပိုးမွှားဆိုရင် တစ်ချိန်ချိန်မှာ သွေးထဲပျံ့နှံ့ရောက်ရှိသွားမှာပဲ
ကြွေနေတဲ့သစ်ရွက်တွေလည်း တစ်ချိန်ချိန်မှာ သွေးအေးသွားမှာပဲ
ဒီလိုနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ ငါဟာဖြတ်သန်းခဲ့တာပဲ
ဖုန်တွေတက်နေတဲ့အခန်း ၊ အမှောင်ကျနေတဲ့ ကမ္ဘာတစ်ခြမ်းနဲ့ သွေးရူးသွေးတန်းနဲ့
ငါမမြင်နိုင်တဲ့အမှောင်မှာ ငါမမြင်နိုင်တဲ့ ရှုပ်ထွေးမှုနဲ့
ဟယ်လို ချစ်ခြင်းမေတ္တာ …..
ဟယ်လို ကမ္ဘာကြီး …..
အသံတစ်ခုခုကြားရင် ငါဟာချက်ခြင်းထရပ်မိမှာပဲ
လူနာတစ်ယောက်သာဆိုရင်
မျှော်လင့်ချက်မရှိတော့ဘူးလို့ပြောမိမှာပဲ။ ။

ဘုန်းနေသွန်း

မိုးဂျာနယ် ၊ ၂၀၀၉ ၊

No comments: