Thursday, February 4, 2010

အလွမ်းလူ (ရင်နံပါတ် ၂၁)

ဒီနေရာမှာ
မန်နေဂျာအလိုကျ နောက်တန်းသမား
ချစ်မှုချစ်ရာမှာ အယိုအပေါက်များတယ်။

အသံတွေ အပိုင်ကန်ခွင့်မကြုံဘူး
အချစ်တွေ ခဏခဏ ကျွံတယ်။

ရင်ဒဏ်ရာများနဲ့ ပွဲလွဲရာသီမှာ
အိပ်မက်တွေသာ ပိုင်ဆိုင်မှုအများဆုံး။

လွမ်းတယ်ဆိုတာ
အရန်ခုံထိုင်ရတာပဲ။ ။

မြားသစ်ခိုင်

(လွမ်းရပါလို၏ ကဗျာစုမှ)

No comments: