Friday, July 13, 2012

ရေးပြီးမှပြန်ဖျက်လိုက်ရတယ်၊ ထွင်းထုလက်စ စာသားအပိုင်းအစတွေ

အထိန်းချုပ်ခံ ဘဝကနေ လွတ်မြောက်လာရသလိုမျိုး လူတစ်ကိုယ်လုံးလွတ်လပ်ပေါ့ပါးလို့
အင်ဖော်မေးရှင်းအစီအစဉ်ကလွဲလို့ ကျန်တဲ့ချန်နယ်လ်လိုင်းတွေဖွင့်ထားတယ်
ုရန်ကုန်လာဖို့ခေါင်းစဉ်ရှာမရဖြစ်နေတယ်လို့ နီးစပ်ရာတွေက ညွှန်းနေကြတယ်
ကျန်းမာရေးအရအာဟာရလျော့ချထားရသော ဒီရုပ်သွင်
မြေမျက်နှာသွင်ပြင်၊ တည်နေရာ၊ အကျယ်အဝန်း အတိအကျမသိရ
ကျွန်တော် သူမကို   မ လွန် ဆန် နိုင် ဘူး
မိန်းမတစ်ယောက်ရဲ့အလှဆုံးအချိန်ဟာ ယောင်္ကျားတစ်ယောက်အပေါ်ချစ်မိနေချိန်ပဲ
ဘယ်သူ့ကိုမှ မပြောဖူးတဲ့စကားကို ရယ်ကျဲကျဲနဲ့ ကျွန်တော်ပြောခဲ့ဖူးတယ်
ဂျင်းန်ပင်အပြာဖျော့ တီရှပ်အနွမ်းလေးဝတ်ထားလည်း အဆင်ပြေတာပဲလေ
ဂျက်စတင်ဘီဘာကို တစ်ဖက်သက်ချစ်နေခွင့် မပိတ်ပင်ရဘူးဆိုတဲ့ ကျွန်တော့်ချစ်သူ
အသံတွေကနံရံကိုထိမှန်ပြီး ကန်ထွက်လာတယ် “ ရန်ကုန်ပြန်မယ်” တဲ့
ပင်ပန်းမှုဒဏ်ကိုခံနိုင်စေဖို့ နျူထရီဗိုက်တာအားဆေးကြော်ငြာ
ဆောက်လုပ်ရေးလုပ်ငန်းခွင် စားစရာမရှိ၊ လျော်စရာရှိ နေ့စားနေရာတစ်နေရာ
အပေါင်း၊ အနူတ်၊ အမြှောက်၊ အစား နောက်ဆုံးရလဒ် သာမန်လူတန်းစား
တိတ်ဆိတ်သောအသံဆွံ့အနေလျှက် ဘော်ဒီလန်းဂွေ့ခ်ျနဲ့ပဲနူတ်ဆက်လိုက်တယ်
ကျွန်တော်လား  “ဂိုဒေါ့” ကိုစောင့်နေတာလေ
ကွန်ကရစ်လမ်းပေါ်ကလွင့်စင်ပဲ့ထွက်လာတဲ့ ကျောက်သားတစ်စ
လာ့ဂေ့ခ်ျ အနီရောင်တစ်လုံး၊ မျက်နှာသုတ်ပုဝါ နှစ်ထည်၊ အပြာရောင်အိပ်ရာခင်း၊
မိုလ်ဘိုင်းဖုန်း တစ်လုံး၊ ဖလင်ကော်ပြားတစ်ချပ်၊ စာအုပ်စာတမ်း အနည်းငယ်
စောင့်ကြည့်ရမယ့်ကစားသမားဟာ ကျွန်တော်ကိုယ်တိုင်ပဲ
ဘယ်လောက်နက်ရှိုင်းမယ်လို့ ခန့်မှန်းလို့မရ၊ မှန်းဆမမြင်နိုင်
စိတ်ရောကိုယ်ပါတစ်ထပ်တည်း ကပ်နေတုန်း ကျွန်တော်ခုန်ချလိုက်မိတယ်


အောင်ပိုင်စိုး

1 comment:

ငြိမ်းစိုးဦး said...

ထွင်းတာလည်း ထုလုပ်တာပါ အဲဒါ အနုပညာ ...