Friday, September 10, 2010

သမိုင်းတစ်ကွက်၊ လျှပ်တစ်ပြက် ဓာတ်ပုံ၊ ကဗျာတစ်ပုဒ်။

The Photo

 [After the infamous 1968 photograph of a Viet Cong officer executed
by South Vietnam's national police chief.]

What hurts the most
is not how death
is made permanent
by the camera's flash
the irony of sunlight
on gunmetal
but the hand gripping the pistol
is a yellow hand,
and the face squinting
behind the barrel
a yellow face.

Like all photographs
this one fails
to reveal the picture.
Like where the bullet
entered his skull
the phantom of a rose
leapt into light, or how
after smoke cleared
from behind the fool
with blood on his cheek
and the dead dog by his feet

a white man
was lighting a cigarette.

                                 Ocean Vuong
Vol. 16, Summer 2010  ASIA LITERARY REVIEW

ဇာတ်ရည်လည်စေရန် ဗီယက်နမ်နိုင်ငံ အမျိုးသား လွတ်မြောက်ရေး
ပင်မစစ်ပွဲကြီးအတွင်း အရေးပါသော စစ်ပွဲငယ်များအနက် တစ်ပွဲဖြစ်ခဲ့ သည့်
Tet Offensive (မျောက် နှစ်သစ်ကူးပွဲတော် ထိုးစစ်) အကြောင်း ရှင်းပြရန်
လိုမည် ထင်ပါသည်။

တက်ထိုးစစ်ကို ၁၉၆၈ခုနှစ်၊ ဇန္န၀ါရီလ ၃၁ရက်နေ့တွင် စတင်ခဲ့သည်။
တောင်ဗီယက်နမ် အမျိုးသား လွတ် မြောက်ရေးတပ်ဦး (ဗီယက် ကောင်း)နှင့်
ဗီယက်နမ် ပြည်သူ့တပ်မတော် (မြောက်ဗီယက်နမ် တပ်မတော်) တို့က ဗီယက်နမ်
သမ္မတနိုင်ငံ (တောင်ဗီယက်နမ် ရုပ်သေးအစိုးရ)၊ အမေရိကန်နှင့် မဟာမိတ်
တပ်ဖွဲ့များ အား လက်ဦးမှုရယူလျက် အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်ကြသော
စစ်ဆင်ရေး။ အမှန်မှာ မြောက်နှင့် တောင် နှစ်ဖက်စလုံးက နှစ်သစ်ကူးသမယ
ပျော်ပွဲရွှင်ပွဲ ကာလအတွင်း နှစ်ရက်ကြာအောင် အပစ်အခတ် ရပ်စဲထားကြရန် ရေဒီ
ယိုအသံလွှင့်ချက်များ ကြေ ငြာထုတ်လွှင့်ပြီး ဖြစ်ကြသည်။

ထိုးစစ် ရည်ရွယ်ချက်မှာ တောင်ဗီယက်နမ် တစ်ဝှမ်းလုံးရှိ ဗျူဟာကျသည့်
စစ်ဖက်နှင့် အရပ်ဖက် အချက်အ ချာ နေရာများအား တိုက်ခိုက် ရန်နှင့်
ဆိုင်ဂုံ ရုပ်သေးအစိုးရအား ဖြုတ်ချနိုင်ရေးအတွက် အထွေထွေ လူထု
အုံကြွမှုတစ်ရပ် စတင်ဖော်ဆောင်နိုင်ရေးတို့ ဖြစ်သည်။ ကွန်မြူ နစ်
တပ်အင်အား ၈၀,၀၀၀ကျော်က စီရင်စု မြို့ကြီး ၄၄မြို့အနက် ၃၆မြို့၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ ခြောက်မြို့အနက် ငါးမြို့၊ ခရိုင်အဆင့်
၂၄၅မြို့အ နက် ၇၂မြို့ နှင့် မြို့ တော်ဆိုင်ဂုံတို့ အပါအ၀င်
မြို့၁၀၀ကျော်အား ၀င်ရောက်တိုက်ခိုက်ခဲ့ကြ၏။

တက်ထိုးစစ် ဒုတိယနေ့တွင် ငုယင် ဗန်လင်း ဆိုသူ ဗီယက်ကောင်းတစ်ဦးအား
ပြင်းထန်လှသော လမ်းပေါ် တိုက်ပွဲ တစ်ပွဲ၌ အရှင် လက်ရ ဖမ်းဆီး ရမိခဲ့သည်။
တောင်ဗီယက်နမ် သတင်းဇစ်မြစ်များ အဆိုအရမူ ငု ယင် ဗန်လင်းသည်
တောင်ဗီယက်နမ် ရဲတပ်ဖွဲ့ အရာရှိများကို ပစ် မှတ်ထား တိုက်ခိုက်ခဲ့သည့်
ဗီယက် ကောင်း ပါးကွက်သားတပ်ဖွဲ့အား ဦးဆောင်ခဲ့သူဟု အဆိုရှိခဲ့သည်။
တိုက်ပွဲ၌ ရဲအရာရှိ မိသားစု အ မြောက် အများ တိုက်ခိုက် သုတ်သင်ခံကြရသည်။
ပစ်သတ်ခြင်းခံခဲ့ရသူများတွင် ကလေးငယ် ခြောက်ဦးတို့ ပါဝင်ခဲ့ ကြသည်
ဟူ၍လည်း ဆို ကြပြန်သည်။ ငုယင် ဗန်လင်းကို လူသေကောင်များ စွန့်ပစ်ထားရာ
မြောင်းတစ် မြောင်း အနီးမှာ ဖမ်းဆီးရမိသည်ဟု တောင်ဗီယက်နမ် သ တင်းဌာနက
ထုတ် ပြန်ကြေငြာခဲ့၏။

ထိုစဉ်က ဗီယက်နမ် သမ္မတနိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ ရဲချုပ်ဖြစ်သူ
ဗိုလ်မှူးချုပ် ငုယင် ငေါ့လုန်း ရှေ့ မှောက်သို့ အကျဉ်းသားအား နောက် ပြန်
လက်ထိပ်ခတ်လျက် ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ ငေါ့လုန်းက ခါးတွင်ထိုးထားသော
ပစ္စတိုတစ်လက်ကို ဆွဲထုတ်ကာ အကျဉ်းသား နားထင်သို့ တေ့ပြီး သေနတ်မောင်း အား
ဖြုတ်ချလိုက်၏။ ထိုအကျဉ်းနည်း သေဒဏ်စီရင်မှုအား အင်န်ဘီစီ ရုပ်မြင်သံကြား
သတင်းထောက် ဗိုဆူး (Vo Suu)နှင့် အေဖီ ဓာတ်ပုံသတင်းထောက် အက်ဒီ အဒမ်စ်
(Eddie Adams)တို့က မှတ်တမ်းတင် ထားနိုင်ခဲ့ကြသည်။ "ဗိုလ်ချုပ် ငုယင်
ငေါ့လုန်း ဗီယက်ကောင်း အကျဉ်းသားတစ်ယောက်အား အဆုံးစီရင် နေပုံ"
စာတန်းထိုးထားသော ဓာတ်ပုံနှင့် မှတ်တမ်းရုပ်ရှင် နှစ်မျိုးစ လုံးမှာ
နိုင်ငံတကာ သတင်းလောက၌ အထင်ရှားဆုံး ပုံရိပ်များ ဖြစ်သွားကြပြီး
ဗီယက်နမ်စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန် လူထု ဆန္ဒသ ဘော ထားများ စတင်
ပြောင်းလဲသွားစေခဲ့၏။

အက်ဒီ အဒမ်စ် ရိုက်ကူးသော ဓာတ်ပုံမှာ အသက်ဝင်လှသည်။ ဗီယက်နမ် စစ်ပွဲ
အနိဌာရုံအား ဓာတ်ပုံတစ် ချပ်တည်းဖြင့် ထဲထဲဝင်ဝင် သရုပ် ဖော်
တင်ပြနိုင်ခဲ့သည်။ သေနတ် မောင်းခလုတ်အား ညှစ်နှိပ် ဆွဲဖြုတ်နေ သူ တစ်ဦး။
အမည်းရောင် ဘောင်းဘီတိုနှင့် ရှပ်အင်္ကျီအနက်ကွက် ၀တ်ဆင်ထားလျက်
မျက်နှာထားမဲ့မဲ့ အမူအရာဖြင့် ကျည်ဆံထိမှန်ခံရသူ အကျဉ်းသား တစ်ယောက်။
မတ်မတ်ရပ် လဲမကျသေးမီ အနေအ ထား။ ကျည်ဆံက သူ့ဦးဏှောက်ကို ဖောက်ထွက်သွား၏။
၁၉၆၉ခုနှစ် ပူလစ်ဇာဆုရ ဤဓာတ်ပုံအား အနီးကပ် ကြည့်ရှုစစ်ဆေးကြသောအခါ ကျည်ဆံ
ထိပ်ဖူး တစ်ဖက် နားထင်မှ ဖောက်ထွက်သွားသည်ကို မြင်ကြရ သည်ဟု လေ့လာသူများက
ဝန်ခံပြောဆိုကြသည်။

သုံးလအကြာ ဗီယက်ကောင်း လျှို့ဝှက်စခန်း တစ်ခုအား စီးနင်း တိုက်ခိုက်
ချေမှုန်းစဉ် ဗိုလ်မှူးချုပ် လုန်း တစ်ယောက် စက်သေနတ်မှန်ပြီး အပြင်းအထန်
ဒဏ်ရာ ရခဲ့သည်။ ဆေးကုသရန် သြစတြေးလျှနိုင်ငံသို့ ခေါ်ဆောင်သွားသော်လည်း
သူ့အား ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်ခံရ သ ဖြင့် ၀ါရှင်တန်မြို့ရှိ ဝေါ်လ်ထာ
ရီးဒ် ကြည်းတပ်ဆေးရုံသို့ ပြောင်းရွှေ့ဆေးကုသခံခဲ့ရသည်ဟု သတင်းများတွင်
ရေးသားဖော်ပြကြသည်။
ညာဘက် ခြေတစ်ချောင်း ဖြတ်တောက်ခံရပြီး ဆိုင်ဂုံသို့ ပြန်ရောက်လာသူ မစ္စတာ
လုန်းသည် စိတ်သစ်လူ သစ် ဘ၀သို့ ပြောင်းလဲသွားဟန် တူသည်။ ရာထူးမှ
အနားယူလိုက်ပြီး မိဘမဲ့ ကလေးများ ထိန်းသိမ်းစောင့် ရှောက်ရေး လူမှုဝန်ထမ်း
လုပ်ငန်း၌ စိတ်အာရုံကို နှစ်ထားလျက် အားသွန်ခွန်စိုက် လုပ်ဆောင်လာခဲ့၏။
ဆိုင်ဂုံမြို့အား ကွန်မြူနစ်တို့ တိုက်ခိုက် သိမ်းပိုက်လိုက်သောအခါ
ထွက်ပြေးလွတ်မြောက်ရန် အမေရိ ကန် တပ်များထံ မေတ္တာရပ်ခံသည်ကို
လစ်လျူရှုခံခဲ့ရသော်လည်း တောင်ဗီယက်နမ် အစိုးရပိုင် လေယာဉ်တစ် စင်းဖြင့်
ထွက်ပြေးလွတ် မြောက်သွားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက် နေထိုင်စဉ် ကာလအတွင်း
စစ်ရာဇ၀တ်မှုဖြင့် တိုင်းပြည်မှ နှင် ထုတ်ခံရလုနီး ကံကြမ္မာဆိုးနှင့်
တည့်တည့်တိုးရပြန်သည်။ ထို့နောက် စစ်ရာဇ၀တ်မှု အပြစ်ဒဏ်မှ ကင်း
လွတ်ခံခဲ့ရပြီး မြောက်ပိုင်း ဗာဂျီးနီးယပြည်နယ်၊ Burke မြို့၌ ပီဇာမုန့်
ဆိုင် ဖွင့်လှစ်ရောင်းချ အသက်မွေး ၀မ်းကျောင်းကာ
ဇာတ်မြှုတ်နေထိုင်ခဲ့ရသည်။ ၁၉၉၁ခုနှစ်မှစ၍ သူ့နောက်ကြောင်းသမိုင်းအား
လူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာကြပြန်သဖြင့် ဆိုင်၏ ရောင်းအား
သိသိသာသာ ကျဆင်းထိခိုက်လာခဲ့သည်။ နောက်ဆုံး ၁၉၉၈ခုနှစ်၊ ဇူလိုင်
၁၄ရက်နေ့တွင် မစ္စတာ ငုယင်ငေါ့ လုန်း တစ်ယောက် ကင်ဆာရောဂါဖြင့်
ကွယ်လွန်သွားခဲ့သည်။

၁၉၉၈ခုနှစ်၊ ဇူလိုင် ၂၇ရက်နေ့က ပုံနှိပ်ဖြန့်ချိသည့် Time မဂ္ဂဇင်း၌ အက်ဒီ
အဒမ်စ် ရေးသားသော ငုယင် ငေါ့လုန်းအတွက် နာရေးဂုဏ်ပြု မှတ်တမ်းမှာ
စိတ်ဝင်စားဖွယ်ကောင်းလှ၏။ "ကျွန်တော်သည် လူသားတစ် ဦးက
အခြားလူသားတစ်ယောက်အား ပစ်သတ်နေသည့် မှတ် တမ်းတင် ဓာတ်ပုံတစ်ပုံအတွက်
၁၉၆၉ခုနှစ် ပူလစ်ဇာဆု ရရှိခဲ့သည်။ ထိုဓာတ်ပုံထဲက ပစ်သတ်ခံရသူနှင့်
ဗိုလ်ချုပ် ငုယင် ငေါ့လုန်းတို့ နှစ် ယောက်စလုံး တို့မှာ
ကွယ်လွန်သွားကြရှာလေပြီ။ ဗိုလ်ချုပ်က ဗိယက်ကောင်းကို ပစ်သတ်ခဲ့သည်။
ကျွန်တော်က ဗိုလ်ချုပ် အား ကင်မရာဖြင့် အဆုံးစီရင်လိုက်မိသည်။
ဓာတ်ပုံများသည် ကမ္ဘာ့ အစွမ်းအထက်ဆုံး လက်နက်တစ်ရပ် ဖြစ်နေကြဆဲ။
အများပြည်သူတို့အနေဖြင့် ဓာတ်ပုံ များအား ယုံကြည်ကိုးစားတတ်ကြ၏။ ပြန်လည်
ပြုပြင် မွမ်းမံ မထားသော ဓာတ်ပုံများတောင်မှ လိမ်ညာတတ်ကြသည်။
ဓာတ်ပုံများသည် တစ်စိတ်တစ်ပိုင်း အမှန် တရားမျှသာ...။"စသည်ဖြင့်
ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားဖော်ပြထား၏။

ပိုမို စိတ်ဝင်စားဖွယ် ကောင်းသည်မှာတော့ ၂၀၁၀ခုနှစ်၊ နွေရာသီထုတ် Asia
Literary Review တွင် ပုံနှိပ် ဖော်ပြထားသော ဗီယက်နမ် ကဗျာဆရာ Ocean
Vuong ရေးသားစပ်ဆိုသည့် The Photo ကဗျာ။ အမှန်မှာ ကဗျာဆရာ အိုရှင်
ဗောင်းသည် ၁၉၈၈ခုနှစ်ဖွား။ မျောက် နှစ်သစ်ကူးပွဲတော် ထိုးစစ်
ဖြစ်ပွားပြီး နှစ်ပေါင်း နှစ်ဆယ်ကြာမှ လူ့လောကထဲသို့ ရောက်ရှိလာခဲ့သူ။
သို့သော် ထိုကဗျာဆရာသည် နှောင်း ခေတ် က သွေးစွန်းခဲ့သော သမိုင်းအား
ကိုယ်ပိုင် ဆင်ခြင်သိဖြင့် သုံးသပ်နိုင်စွမ်းရှိသည်။ ယနေ့ခေတ် ကဗျာဆ
ရာတစ်ဦး၏ ရိုးသားပွင့်လင်းသော အယူအကောက်ကို ခံစားလေ့လာနိုင်စေရန်
သူ့ကဗျာအား ဘာသာပြန် တင်ဆက်လိုက်ရပါသည်။


ဓာတ်ပုံ

[တောင်ဗီယက်နမ် အမျိုးသား ရဲတပ်ဖွဲ့၊ ရဲချုပ် အဆုံးစီရင်
ကွပ်မျက်လိုက်သော ဗီယက်ကောင်း
အရာရှိ တစ်ဦး၏ ၁၉၆၈ခုနှစ်က မဖွယ်မရာ ဓာတ်ပုံအား ခြေရာကောက်ခြင်း။]

အခံရ အခက်ဆုံးကတော့
သေနတ် သတ္ထုသားပေါ်က
နေရောင်ခြည်ရဲ့ လှည့်စားချက်
ကင်မရာ လျပ်တစ်ပြက် မီးရောင်
ဘယ်လို မရဏကို
မော်ကွန်းတင်လိုက်တာ မဟုတ်
ဒါပေမယ့် ပစ္စတို ဆုတ်ထားတာ
လူဝါတစ်ယောက်ရဲ့ လက်၊
သေနတ်ပြောင်း နောက်က
မျက်လုံး ပေလကတ် ရှုံ့မဲ့မဲ့နဲ့
လူဝါတစ်ယောက်ရဲ့ မျက်နှာ။

ဓာတ်ပုံအားလုံးလိုပဲ
ဒီပုံက ပျက်ကွက်
ဇာတ်ကြောင်းကို လှစ်ပြဖို့။
ခေါင်းခွံရိုးထဲ
ကျည်ဆံဝင်သွားတဲ့နေရာက
နှင်းဆီတစ္ဆေ
အလင်းထဲ ခုန်ထွက်၊ မဟုတ်ရင်
ပါးပေါ် သွေးပေနေတဲ့
လူ့အန္ဓနောက်က
မီးခိုးငွေ့ ပြယ်အသွား
သူ့ခြေထောက်ရင်းမှာ ခွေးအသေတစ်ကောင်

လူဖြူတစ်ယောက်
စီးကရက် မီးညှိနေအခိုက်။
                           အိုရှင် ဗောင်း

                                          သစ်စိုး

                        စက်တင်ဘာ ၁၊ ၂၀၁၀ခုနှစ်။

1 comment:

tin min htet said...

ကိုအောင်ပိုင်စိုးရေ စစ်ပွဲတခု၊ အထူးသဖြင့် ပြည်တွင်းစစ်ပွဲတခုကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ ဓာတ်ပုံနဲ့ ကဗျာပါပဲ။ ကျေးဇူးပါ။