Thursday, February 4, 2010

ဆူး

နူတ်ခမ်းရဲ့ အစေးနဲ့ အနမ်းလောင်ထားတဲ့
ရင်ညွန့်အပေါ်က အရေပြား
ဖွာခနဲ အရိုက်အလွင့်မှာ
ဆံစနဲ့ ရှထားတဲ့ လက်ဖျံဒဏ်ရာတစ်ချက်။
စစချင်း
အဲဒီလက်တွေနဲ့ ညှိပေးလိုက်တဲ့ မီးတွေက
နံကြိုနံကြားထဲ လှိုက်လှိုက်အူအူ။

ဒါသစ်ရွက်လေးတွေ တုံးလုံးပက်လက်ရာသီပေါ့
ကိုယ့်နံဘေးကနေပြီး ကိုယ့်ကဗျာရွတ်သံ သူမကြားဘူး
ခုထက်ထိ
ဆွံ့ဆွံ့အအ လေညှင်းထဲ
သူ့လက်သည်းတွေကို ထိုးထည့်ပြီး
မကြာခဏ မြည့်နေအောင်သွေးဆဲ။ ။

ဝီရထက်နောင်

(နှင်းဝေးပင် ကဗျာစုမှ)

No comments: