Sunday, December 20, 2009

အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသော ကဗျာ၊အနုပညာဆိုင်ရာ ဘလော့လေးနှင့်စပ်လျဉ်း၍

ကျွန်တော်သည် လက်ရှိ အနုပညာလောက(စာပေ ရပ်ဝန်း) တွင် ကဗျာများ ရေးသားနေသော ကဗျာဆရာလေး
တစ်ယောက်ဖြစ်ကြောင်းဝန်ခံလိုပါသည်။
ကဗျာနှင့်ပတ်သက်သော ဘလော့လေးတစ်ခု လုပ်ဖို့ အိပ်မက်မက်နေသည်မှာ ကာလအတန်ကြာခဲ့ပါပြီ။ဒါပေမယ့် လေ့လာသင်ယူဖန်တီးမှုစွမ်းအင်နည်းပါးသော ကျွန်တော်၏ ပင်ကိုယ်ညံ့ဖျင်းမှုကြောင့် စိတ်ကူးများ မကြာခဏ အငွေ့ပျံ
ပျောက်ရှ ပေါင်းများနေလေသည်။
ဒါပေမယ့် ကဗျာ၊ အနုပညာဆိုင်ရာ ဘလော့လေးကို တက်သလောက်မှတ်သလောက်ဖန်းတီးတင်ဆက်နိုင်ခဲ့ပါသည်။

ဤသည်မှာလည်း ကဗျာဆိုင်ရာ အရေးအသားများပုံစံပြောင်းလဲလာမှုများကြောင့်ယနေ့ မဂ္ဂဇင်း စာမျက်နှာများပေါ်တွင် နေရာမပေးနိုင်သော( ကျွန်တော်တစ်ကိုယ်ရည် စိတ်ခံစားမှုအရ ကြိုက်နှစ်သက်သော) ကဗျာများ၊ အခြား ကဗျာဆရာများ ၏ မဂ္ဂဇင်းစာမျက်နှာများတွင် နေရာမရနိုင်သော ယနေ့ကဗျာများ၊ မဂ္ဂဇင်းစာမျက်နှာများတွင် ပါဝင်မရေးသားသော်လည်း ကဗျာကို ချစ်မြတ်နိုးနေသော ဘလော့ဂါကဗျာဆရာများ၏ ရဲရဲတောက် ကဗျာများကိုကျွန်တော်၏ ကဗျာ(အနုပညာ ဆိုင်ရာ)ဘလော့လေး
အနေဖြင့် တစ်ထောင့်တစ်နေရာမှ ကူညီဖေးမ ပေးနိုင်ခဲ့သည်ဆိုပါလျင် ကျွန်တော် အတွက်ဖန်တီးတင်ဆက်ရကြိုးနပ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။

အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသော ကဗျာ၊အနုပညာဆိုင်ရာ ဘလော့ဖန်တီးသူများ

No comments: