Saturday, October 24, 2009

မြို့ပြ - ၇

နေဟာ စီးကရက်ကို တစ်ခြမ်းလောင်လို့
ပူလောင် ၊ ခြောက်သွေ့ ၊ နေ့လယ်ခင်း….
ဒုက္ခသွေးတစ်စက်စက် ယိုစီးစိမ့်ကျလို့
အမှောင်ဟာ သံသရာမက ရှည်လျားလို့
သွေးသား ဒါမှမဟုတ် အလိုဆန္ဒဟာ
ဖြတ်သွားတဲ့ ကားနောက်ခန်းမှာ အရယ်အမောနဲ့
ခေါင်းငုံ့ ဒါမှမဟုတ် တစ်ယောက်တည်းတိတ်ဆိတ်လို့ ၊ ခြောက်သွေ့လို့
လူအဖြစ်မှာ တအားအထီးကျန်တာပဲ
နေ့လည်နေ့ခင်းဟာ လွင်တီးခေါင် ၊ တစပြင်ဆန်ဆန်ပဲ
တိုက်နေတဲ့လေမှာ သစ်ရွက်တွေကြွေတယ်
ကြယ်တွေကြွေတယ်
ဖြတ်ထားတဲ့ ဆေးလိပ်ပြန်သောက်မိပြန်တယ်။ ။


ဘုန်းနေသွန်း

No comments: