Tuesday, October 20, 2009

ဂျူလိုင်(၁၂)ရက်၊(၁၃)နာရီ၊(ရ)မိနစ်တိတိ

သွေးထဲ တဒုတ်ဒုတ်ခုတ်မောင်းနေတာ
တိတ်ဆိတ်မှုဟာ နေရာအနံှံ့အပြား တရှိန်တိုး ... ရှေ့သို့
တစ်ယောက်ရဲ့ဖြစ်တည်မှုဟာ အခြားတစ်ယောက်အပေါ် ပြိုကျနေတယ်
"ချစ်တယ်ကွယ်"
လွယ်လွယ်ပြောမထွက်ချင်ပေမယ့် ပြောခဲ့တော့မယ်
မင်းမျက်ဝန်းမှာ မျက်ရည်စတွေ စိုလဲ့လို့
မျက်ရည်တစ်စက်ချင်းမှာ ငါဟာပျော်ဝင်နေတယ်
အဓိပ္ပါယ်မဲ့ နံရံကိုငေးနေမိတယ်
သွေးရူးသွေးတန်း အတွေးတွေ လွင့်စင်ပွင့်ထွက်နေတယ်
လွတ်လပ်မှုကို ချုပ်နှောင်ထားရတဲ့ စိတ္တဇ
မျက်ရည်တသွင်သွင်ကျနေတဲ့ မင်းကိုသနားမိတယ်
ရူးတော့မယ်ထင်ပါရဲ့
တိတ်တဆိတ် ငါတို့နှစ်ဦး ... ရှေ့သို့
တရွေ့ရွေ့၊တဖြည်းဖြည်း၊နစ်ကျွံ ပျော်ဝင်လို့
မင်း မပြောပေမယ့် မင်းစကားသံလေးကို ငါမြိုချမိတယ်
မင်း မငိုကြွေးပေမယ့် မင်းမျက်ရည်စတွေကို ငါဖယ်ရှားသန့်စင်နေမိတယ်
ပတ်ဝန်းကျင်ဟာ အနာတရအပြည့် တိတ်ဆိတ်လို့
ဘယ်ဘ၀ရောက်ရောက် ဒီဘ၀လေးဆီ ပြန်လာခဲ့တော့မယ်။ ။


အောင်ပိုင်စိုး
3:00 PM, Tuesday

1 comment:

အိန္ဒြာ said...

အောင်ပိုင်စိုးရေ...

ရောက်သွား ဖတ်သွားတယ်...

အဆင်ပြေပါစေ.

အစ်မ