_နေ့စဉ် စောင့်မျှော်နေသူ ဇနီးသည်သို့
မင်းရဲ့ နာမမှာ ဘာတစ်ခုမျှ မကျန်တော့၊ ဘာတစ်ခုမျှ
ငါ့ကို စောင့်နေတာက လွဲလို့၊ ငါတို့အိမ်က ဖုန်မှုနှ်ုတွေ
အလိမ်းလိမ်းနဲ့
ထုနဲ့ ထည်နဲ့ တစ်ဖွားဖွား၊ အိမ်ထောင့်တိုင်းမှာ
မင်းတောင် ခန်းဆီးကို မလှပ်ချင်တော့
အလင်းက အခြေတကျ ဖြစ်နေတာကို မနှောင့်ယှက်စေဖို့
စာအုပ်စင်ပေါ်က လက်ရေး အညွှန်းစာမှာ ဖုန်တွေ ပေလို့
ကော်ဖောပေါ်မှာ အဆင်အသွေးက ဖုန်မှုန့်တွေ ရှုလို့
မင်း ငါ့ဆီ စာရေးနေခိုက်
ကလောင်သွားက ဖုန်နဲ့ ရောယှက် ခြစ်လိုက်တဲ့ ချစ်ခြင်း
ငါ့မျက်လုံးတွေ နာကျင်မှုနဲ့ ဆောင့်အထိုးခံလိုက်ရ
မင်းက တစ်နေ့လုံး အဲဒိမှာ ထိုင်နေပေါ့
လှုပ်ဖို့တောင် မ၀ံ့မရဲမို့
မင်းခြေလှမ်းတွေ ဖုန်မှုန့်ကို နင်းမိမှာ စိုးလို့
အသက်တောင် ထိမ်းရှုဖို့ အားထုတ်မိ
ဒီအဖြစ်ကို ရေးဖြစ်ဖို့ ခတ်ဆိတ်ဆိတ်နေ။
ဒီလို တစ်ချိန်လုံး
မွန်းကြပ်ကြပ် ဖုန်မှုန့်တွေက
သစ္စာခံမှုသာ ကမ်းလှမ်းပေါ့
မင်းရဲ့ အမြင်၊ အသက်ရှုတာနဲ့ အချိန်က
ဖုန်မှုန့်တွေကို ပျံ့စေနေခဲ့
မင်းအတ္တ အောက်ခြေမှာ
အုတ်ဂူ တစ်လက်မပြီး တစ်လက်မ
မြင့်တက်လို့ ခြေထောက်ကနေ
ရင်ဘတ်အထိ
လည်ပင်း ရောက်တဲ့အထိ
မင်းသိမှာပေါ့ အုတ်ဂူက
မင်းရဲ့ အသင့်မြတ်ဆုံး နားခိုရာ
ငါ့ကို စောင့်စားရာ နေရာပ
ကြောက်စရာ ထိတ်စရာ ကင်းမဲ့
ဒါကြောင့် မင်း ဖုန်မှုန့်ကိုသာ ရွေး
အမှောင်ထဲမှာ၊ တည်ငြိမ် မွန်းကြပ်လို့
စောင့်ပေါ့၊ ငါ့ကို စောင့်နေပေါ့
မင်း ငါ့ကို ဖုန်အလိမ်းလိမ်နဲ့ စောင့်
နေရောင်နဲ့ လေအဝှေ့ကို ရှောင်
ဖုန်မှုန့်က မင်းကို သင်္ဂြိုဟ်ပါစေ
ဖုန်မှုန့်မှာ မင်း အိပ်မောကျပါစေ
ငါပြန်ရောက်ချိန် အထိ
မင်း ပြန်လည် နိုးထလာမှာ
မင်းကိုယ်နဲ့ ၀ိဥာဉ်က ဖုန်တွေကို ခါချရင်း
အံ့စရာပေါ့၊ သေရာမှ ပြန်ထဖို့။
လျှူလျှောက်ဘို (၂၀၁၀ ငြိမ်းချမ်းရေး နိုဘဲလ် ဆုရ ပုဂ္ဂိုလ်)
သစ်စိုး
You Wait for Me with Dust
(Exclusive: Verse from the 2010 Nobel Peace Laureate)
for my wife, who waits every day
Nothing remains in your name, nothing
but to wait for me, together with the dust of our home
those layers
amassed, overflowing, in every corner
you’re unwilling to pull apart the curtains
and let the light disturb their stillness
over the bookshelf, the handwritten label is covered in dust
on the carpet the pattern inhales the dust
when you are writing a letter to me
and love that the nib’s tipped with dust
my eyes are stabbed with pain
you sit there all day long
not daring to move
for fear that your footsteps will trample the dust
you try to control your breathing
using silence to write a story.
At times like this
the suffocating dust
offers the only loyalty
your vision, breath and time
permeate the dust
in the depth of your soul
the tomb inch by inch is
piled up from the feet
reaching the chest
reaching the throat
you know that the tomb
is your best resting place
waiting for me there
with no source of fear or alarm
this is why you prefer dust
in the dark, in calm suffocation
waiting, waiting for me
you wait for me with dust
refusing the sunlight and movement of air
just let the dust bury you altogether
just let yourself fall asleep in the dust
until I return
and you come awake
wiping the dust from your skin and your soul.
What a miracle – back from the dead.
Lui Xiaobo
translated by Zheng Danyi, Shirley Lee and Martin Alexander
Vol 18: Winter 2010
ASIA LITERARY REVIEW
ဘာသာပြန်သူ သစ်စိုး
1 comment:
ကဗျာဆရာရေ မျှဝေပေးထားတာ တန်ဖိုးရှိနေပါတယ် ။
အရောက်လာလို့ ဖတ်ပါတယ် ...
လွတ်လပ်မှု ကို ဖယ်ခွာဖို့ မကြိုးစားပါနဲ့ ...
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com
Post a Comment