Sunday, October 10, 2010

ကဗျာအကြောင်း ရေးကြီးခွင်ကျယ်လုပ်ပြီး ရေးလိုက်တဲ့ ကဗျာ

ဘာမှမပါဘူး ကျီးကန်း ဆက်ရက်နဲ့ သာလိကာ ဇာတ်ကောင်သုံးကောင်ထဲ
ဘလော့ဂ် ဖိုးအိုနိုင်း တင်းန်ပနီးဇ် စထရိ ဖော်တီဝမ်း အိတ်တင်းန် ဖစ်ဖ်တီတူး
သဲပြင် အခက်အခဲကျော် ကစားကွင်း ဆေးရောင်စုံ သန့်ရှင်းရေးသမား တဒီဒီ
စက်မောင်းလျက် ငါ ဖုံးဆက်လိုက်တိုင်း အပြင်မှာ ချည့်ပဲ ဖိလစ်ပိုင် ရွေးကောက်ပွဲ
နယူးယောက် ဗုံးပေါက်ကွဲ ဘာမှမပါဘူး ဇာတ်ကောင် ဘယ်နှစ်ကောင်လဲ ခရစ်စတင်း
အွန်းဂ် ဆိုင်ကယ်မော်ဒယ်နှင့် ကြံ့ခိုင်မှု ပုံစံ ၁၇၅၉ ခုနှစ် ပဲခူးတွင် မွန်တို့ ပုန်ကန်ထကြွ
သောအခါ မုန်လာဥဝါလိုလား ကြက်ဥလိုလား အမှောင်ထဲမှာ ပိုမှောင်နေပြန်ပြီ ကမ္ဘာလိပ်
မကြီးပုံပြင် မအိပ်နိုင်သောညများ ဘာမှ မပါဘူး ကံနှစ်မျိုးစလုံးကောင်းသည် စားပွဲပေါ်မှာ
ကြည့် အတိုးအဆုတ် ငြင်သာ ညက်ညော သူ့ပါးပြင် သနပ်ခါးညိုညက် တောပိုင်းကျကျ
မျက်စေ့သူငယ်အိမ် မိုး တဖျောက်ဖျောက် ရွာနေတာကို တွေ့လိုက်တော့ ဘာမှ မပါဘူး
လိုင်းတွေကိုလည်း မညီ ညီအောင်ညှိရသေးတာ လက်ဝင်တယ် စင်မြင့်ပေါ်သူ့ကိုတွေ့တာ
ဘာမှမဆန်း အိမ်ဖြူတော်မှ အိမ်ဖြူတော်မှ အပ်ကြောင်းထပ် မြစ်လား ရေစီးကြောင်းလား
ပင်မရေစီးလား အပ်ကြောင်းထပ် ရွေ့အောင်တွန်းနေရင်း ချွေးတဒီးဒီး တဒီဒီ သန့်ရှင်းရေး
သမား စက်မောင်းလျက် ဆေးရောင်စုံ ဆိုင်ကယ်မော်ဒယ်နှင့် ပုံစံ ကြံ့ခိုင်မှု ဘာမှ မပါဘူး
ဇာတ်ကောင် ခရစ်စတင်း အွန်းဂ် မုန်လာဥအဝါလိုလို ကြက်ဥလိုလို ကံနှစ်မျိုးစလုံးကောင်း
တိုင်းစကွဲ ဗုံးကွဲနဲ့ ဖိလစ်ပိုင် ရွေးကောက်ပွဲ ရဟတ်လို လည်နေတာ မွှတ်မွှတ် သူ့ကိုယုံလို့
နောက်တယောက်ဆီ ပုံလိုက်တာပေါ့ အီရတ်မှာတော့ မဲတွေ ပြန်ရေသတဲ့ ကဲ ဘယ်မှာလဲ
ကဗျာအကြောင်း ဘာမှလဲမပါဘူး ။ ။

ခင်အောင်အေး
၎၊ မေ၊ ၂၀၁၀ စင်္ကာပူစံတော်ချိန် ၁၁း၁၆ နာရီ

No comments: