Tuesday, August 24, 2010

Poet's Choice By NAETHIT( နေ့သစ် )

ဒီကဏ္ဍလေးရဲ့ နောက်ထပ်စာမူရှင်ကတော့ လက်ရှိ ကဗျာတွေရေးသားနေတဲ့လူငယ်ကဗျာဆရာ
လေး နေ့သစ်ပဲဖြစ်ပါတယ်။နောက်ထပ် ကျွန်တော်နဲ့ ထနောင်းပင်များဆိုတဲ့ ကဗျာဘလော့လေးကို
ရေးသားဖန်တီးတည်ဆောက်ထားတဲ့
ကျောက်ပန်းတောင်းနယ်သား(အညာသား)လူငယ်ကဗျာဆရာလေး ဖြစ်ပါတယ်။ ကဗျာဆရာ
နေ့သစ် က ဒီဘက်ခေတ် လူငယ်တစ်ယောက်ရဲ့ စိတ္တဇကိုအထူးပြုထားတဲ့
လူငယ်တစ်ယောက်ရဲ့ အချစ်အကြောင်းဖွဲ့ဆိုခြင်း ကဗျာတစ်ပုဒ်၊ဒီကဗျာထဲမှာ ...
မာနကို ခုခံကာကွယ်ထားတဲ့ကဗျာဆရာရဲ့ အတ္တ နဲ့တစ်ဖက်ကလည်း အဲ့ဒီ့မာနကြောင့်
ခံစားရတဲ့ကျဆုံးမှုတွေကို
တုန်လှုပ်ပျံ့လွင့်ခံစားနေရတဲ့ကဗျာလေးတစ်ပုဒ်ကို ကဗျာဆရာ နေ့သစ် က
ဘယ်လိုအချိန်၊ဘယ်လိုပတ်ဝန်းကျင်၊ဘယ်လိုခံစားချက်တွေနဲ့ရေးဖွဲ့ဖန်တီးဖြစ်ခဲ့ကြောင်းကို
အပြည့်အစုံမဟုတ်တောင်
အနီးစပ်ဆုံး ချဉ်းကပ်ခံစားဖတ်ရှုနိုင်စေရန် ရည်ရွယ်တင်ဆက်ခြင်းမျှသာ
ဖြစ်ပါတယ်။ Poet's Choice ကဏ္ဍအတွက် ကဗျာဆရာများရွေးချယ်ခြင်းကတော့
ဒီဘလော့လေးကို ရေးသားတင်ဆက်သော ကျွန်တော် အောင်ပိုင်စိုး၏
တစ်ကိုယ်ရည်စိတ်ခံစားချက်သာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
နောက်ထပ် ကဗျာဆရာများရဲ့ ရွေးချယ်ကြိုက်နှစ်သက်သော စာမူများကိုလည်း
ဆက်ကာဆက်ကာ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း
ဘလော့ဂါများ၊ကဗျာဆရာများ၊ ဘလော့စာဖတ်ပရိသတ်များအားအသိပေးအပ်ပါသည်ခင်ဗျား...။
သည်ကဗျာဆရာအကြိုက်(Poet's Choice)ကဏ္ဍလေးဖြစ်ပေါ်လာစေရန် စာမူပေးပို့ပေးသော
ကဗျာဆရာ နေ့သစ် အားကျေးဇူးအထူးတင်ရှိပါကြောင်း
သည်ဘလော့စာမျက်နှာလေးမှတစ်ဆင့်ပြောကြားအပ်ပါသည်။

No comments: