Monday, April 5, 2010

ငေးတဲ့စာ

တစ်နေ့မှာ
ပြန်လာကြမယ်လို့
သူတို့နူတ်ဆက်သွားခဲ့တယ်။
မျှော်လင့်သူ
သောင်ပြင်လေးပေါ် ငေး
ရသမျှအိပ်မက်တွေပို့ပေးနေမိ
နေ့စဉ်
လာရာလမ်းကလေးက စောင့်မျှော်နေမိ
ပြီးတော့ ကျွန်တော် ချရေးမိ။
"ကမ္ဘာကြီးဟာ
ဘယ်အခါမှာ ပြည့်ပြည့်၀၀လုံးဝန်းလာမှာလဲ"
တစ်နေ့မှာ ပြန်လာကြလိမ့်မယ်လို့
လှိုင်းကလေးတွေက
တခုတ်တရ လာလာနမ်းကြတယ်။ ။

မောင်ကောက်
မြားနတ်မောင်၊၂၀၀၀၊ဇွန်လ

No comments: