Friday, March 12, 2010

နာဂစ်အတွက်ဝမ်းနည်းကဗျာရွတ်ပွဲနှင့်ကဗျာဆိုင်ရာ အခမ်းအနားများ၊ကဗျာရက်သတ္တပါတ် နှင့် မတ်လ(၁၉၊၂၀၊၂၁၊၂၂)ရက်၊၂၀၁၀ခုနှစ်၊ရန်ကုန်မြို့

မတ်လ(၁၅)ရက်၊မြန်မာနိုင်ငံဆရာဝန်အသင်းရန်ကုန်မြို့။

နာဂစ်အထိမ်းအမှတ်စာအုပ်ဖြန့်ချီခြင်းအထိမ်းအမှတ်နှင့်
နာဂစ်ဒေသမုန်တိုင်းဒဏ်ခံနေရာများသို့ ငွေကြေးလှူဒါန်းခြင်းအခမ်းအနားများ၊
ကဗျာဆရာများ နာဂစ်အမှတ်တရ ၀မ်းနည်းခြင်းကဗျာရွတ်ဆိုခြင်းများကို
မတ်လ(၁၅)ရက်နေ့၊တနင်္လာနေ့၌ မြန်မာနိုင်ငံဆရာဝန်အသင်း(MMA)၊
တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း။မေရဲ့ပန်းပွင့်(သို့မဟုတ်) ကမ်းပါးပေါ်က ကျွံကျသွားသော
နာဂစ်ကဗျာစာအုပ်ကို ကိုရွေး၊ပန်းချီသန်းမြင့်အောင်၊ဒီဇိုင်းအံ့ဘွယ်ဇင်တို့စီစဉ်ကြောင်း၊
ကဗျာစာအုပ်တစ်အုပ်လျှင် (၂၅၀၀)ကျပ်ဖြင့်ဝယ်ယူလှူဒါန်းနိုင်ကြောင်း။
ကဗျာစာအုပ်ထဲတွင် ကဗျာဆရာများ ကိုယ်တိုင်ရွတ်ဆိုထားသော
Audio MP3 CD တစ်ချပ်ပါ ပါဝင်ကြောင်းသိရှိရပါသည်။

မတ်လ (၁၉၊၂၀၊၂၁၊၂၂)ရက်၊ စာပေလောက(၅)၊ရန်ကုန်။

ကမ္ဘာကဗျာနေ့ အထိမ်းအမှတ် ကဗျာဆရာလက်ရေးများ ပြသခြင်း၊
(၁၀)စုနှစ်အတွင်းထွက်ရှိသောကဗျာစာအုပ်များပြသခြင်းနှင့်၊
ရှားပါးကဗျာစာအုပ်များပြသပွဲ၊ကဗျာဆိုင်ရာဆောင်းပါးများ၊
စာတမ်းများဖတ်ပွဲများ၊ကို ရန်ကုန်မြို့ပေါ်အခြေစိုက်ကဗျာဆရာများနှင့်
ဆရာသစ္စာနီ၊ဆရာမောင်လင်းရိပ်၊ပန်းချီသန်းမြင့်အောင်(ဆရာ မင်းဝေအောင်)၊
ဆရာမင်းထက်မောင်တို့ ဦးစီးပြီးကျင်းပြပြုလုပ်မည်ဖြစ်ကြောင်း။
ကဗျာဆရာလက်ရေးများ ပြသခြင်းကို ပန်းဆိုးတန်း ဂယ်လာရီတွင်ပြသပြီး၊ (၁၀)စုနှစ်အတွင်းထွက်ရှိသောကဗျာစာအုပ်များပြသခြင်းနှင့်၊
ရှားပါးကဗျာစာအုပ်များပြသပွဲကို စာပေလာက(၅) တွင်ကျင်းပပြုလုပ်၍
ကဗျာဆိုင်ရာဆောင်းပါးများ၊စာတမ်းများဖတ်ပွဲများကို လောကနတ်
ဂယ်လာရီတွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

စီစဉ်တင်ဆက်သူ
အောင်ပိုင်စိုး

No comments: