အရိပ်မှာစိုက်နေတဲ့ဓားကို ဆွဲနှုတ်လိုက်
သွေးဟာ
ပွင့်အားကောင်းတဲ့ စံပယ်တစ်ခင်းလို
အမှောင်မှာလင်းတယ်။
ကိုယ်နဲ့မတည့်တိုင်း ထောင်ထောင်ထချင်တဲ့စိတ်
အဆိပ်မပြင်းနိုင်တော့တဲ့အတူတူ
ကိုယ့်အစွယ်ကိုယ် ချော့မြှူရုံပေါ့။
ဒီလိုတစ်ယောက်တည်း လမ်းလျှောက်တဲ့အခါ
အသက်ဝဝရှူဖို့ရယ်
လမ်းဖြောင့်ဖြောင့်လျှောက်ဖို့ရယ်
အဓိပ္ပာယ်တစ်ခုဆီရောက်အောင်သွားဖို့
မစဉ်းစားတတ်အောင်ဘဲ ဖြစ်ရပါတယ်။
အစီအစဉ်အရ
ပေးစရာရှိတာအကုန်ပေးပြီး
ရစရာတွေ မရသေးတဲ့ဘဝမှာ
မြေပုံကို ဆွဲဆုတ်ပြီးပြန်ခဲ့တယ်
ခြေထောက်မှာ ဒဏ်ရာနဲ့
ကိုယ့်ကံကြမ္မာ အတုကြီးနဲ့။ ။
မင်းစိုးရာ
သောင်းပြောင်းထွေလာရယ်စရာမဂ္ဂဇင်း၊၂၀၀၄
No comments:
Post a Comment