သီချင်းက မဆုံးသေးဘူး
စည်သွပ်ဘူးတင်ရထားကြီးက
ကျည်ဆံသယ်ရထားကြီးဖြစ်
ကလေးက
ဘီးတစ်ဖက်ပြုတ်နေတဲ့ ထရပ်ကားကြီးထဲမှာ
အဖေက
မီးစွဲနေတဲ့ ဂျုံခင်းထဲမှာ
ဖိနပ်တစ်ဖက်မရှိတော့ဘူး
တိုက်ပျက်နံရံကို
ကျည်ဆံခွံနဲ့
ကြက်ခြေခတ်ဆွဲချလိုက်တယ်
ပိုင်သူမဲ့ကုတ်အင်္ကျီ
ကြိုးတန်းပေါ်မှာ တွဲလျားကျ။ ။
သူရနီ
၂၀၀၆၊ဖေဖော်ဝါရီ၊ ရုပ်ရှင်တေးကဗျာ
1 comment:
ကဗျာလေးတွေလာဖတ်သွားတယ်
လင့်ခ်လည်းယူသွားတယ်ဗျာ..
အဆင်ပြေတဲ့အခါတိုင်း ကဗျာတွေလာဖတ်လို့ရအောင်ပေါ့....
Post a Comment