Sunday, November 1, 2009

သြော်…. ကိုချက်ကြီးရယ် ချစ်ရေးကြိုက်ရေးဆိုတာ

ဒဏ္ဍာရီ
နှင်းဆီ
ကိန္နရာ၊ကိန္နရီ
ဒီ
နေ့
က

နောက်
ပြန်
ရေ
တွက်ကြည့်ရင်
ဟိုး…အဝေး
အဝေးမှာ ဆတ်ဆတ်ခါအောင် ပြာနေတဲ့နှင်းတွေ
အနမ်းနဲ့ အကွာအဝေးမည်၍မည်မျှ
အလွမ်းနဲ့ အကွာအဝေးမည်၍မည်မျှ
သူရဲကောင်းတွေကို
ဘယ်လိုဂုဏ်ပြုရမှန်းမသိတော့တဲ့အခါ
အချစ်ဟာ
ဖုန်မှုန့်လေးနောက်မှာ ကွယ်နေရတဲ့
ငှက်ပျောရွက်ဖါးဖါးကြီးတွေ။ ။

မင်းစိုးရာ

(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)

No comments: