Saturday, October 17, 2009

အမှန်တကယ် ဆုံးရှုံးခဲ့ဘူးတယ်

တိတ်ဆိတ်မှုမှာ အရသာတစ်ခုခုရှိနိုင်မလားဆိုပြီး
သောက်လက်စ
စီးကရက်ကို တောက်ထုတ်ပစ်လိုက်တယ်
လျှောက်လက်စ လမ်းကို ရပ်တန့်
နောက်ကိုပြန်လည့်ကြည့်လိုက်တယ်
ကျေးဇူးအထူးတင်ပါတယ်လို့
တဖွဖွ ထပ်ပြီးပြောချင်နေသေးတယ်
အရင်အတိုင်း
ပြူတင်းတံခါးတွေ တဖျပ်ဖျပ်ထပွင့်နေသလိုခံစားရတယ်
ကျေနပ်ပျော်ရွှင်ပါစေလို့ ဆုတောင်းပြီး
ရပ်ကျန်နေရစ်တော့မယ်
အဆင်မပြေ မပျော်ရွှင်ဖြစ်တဲ့တစ်နေ့ ပြန်လည့်လာခဲ့လေ
မျက်ရည်ဟာ
ငိုကြွေးရလွန်းလို့ ခမ်းခြောက်သွားရတာပေါ့
ကျန်းမာရေးစစ်ချက်မအောင်မြင်ဘူးမဟုတ်လား
စိတ်မကောင်းရင်လည်းနေကောင်းအောင်နေပေါ့
နာကျင်နေချင်တယ်
အကျဉ်းအကြပ်ထဲကျရောက်နေချင်တယ်
အဝေးဆုံးကို အပြီးအပိုင် လွင့်စင်ထွက်သွားချင်တယ်
ထပ်ပြီး အရူးမလုပ်ချင်ပါနဲ့တော့ကွာ
အသေ အချာနှုတ်ဆက်လိုက်ပါတယ်။

အောင်ပိုင်စိုး

3 comments:

phonenaythwun@ gmail.com said...

ဆရာကြီးအောင်ပိုင်စိုးခင်ဗျား...တပည့်လာသွားပါတယ်...ကဗျာလေးတွေက ကောင်းချင်ပေမယ့် အကြောင်းသိနေတော့ ...သိပ်တော့မယုံချင်ပါဘူးခင်ဗျား..ဘီးလေးဘီးလုံးတိကနဲ တကယ်ရပ်တန့်နိုင်ပါစေကြောင်း.....

အိန္ဒြာ said...

အောင်ပိုင်စိုးရေ...

ဝမ်းသာတယ်...
ကြိုဆိုတယ်...

အင်း......ငါတို့ဗမာပြည်က ကဗျာဆရာတွေ ဂလိုဘယ်လ်ဆန်ပြီပဲ...

အမ Blog မှာ တင်ပြီးကြော်ငြာလိုက်မယ်နော်..

Anonymous said...

ဝင်ရောက်အသိအမှတ်ပြုခြင်းကိုကျေးဇူးတင်ပါကြောင်း။
အောင်ပိုင်စိုး