Tuesday, October 27, 2009

တံဆိပ်

မာသာ,စိမ်းနေတာကြည့်ပြီး
သစ်ပင်တွေက လိုက်စိမ်းနေကြတယ်
မာသာ,က
ဖယောင်းတိုင်မီးကို
လက်နဲ့ကာပြီးသယ်လာတာ
သူတို့က
စန္ဒရားခလုတ်တွေပေါ်
ဖိနပ်မချွတ်ပဲနင်းကြတာ
တစ်ကယ်တော့
အရိုးဆိုတာ
အသားတို့ရဲ့ ထမ်းပိုးပါ
အခု
မာသာ,နီတာကြည့်ပြီး
လက်ပံပွင့်တွေက လိုက်ရဲနေကြပြန်တယ်။ ။

သူရနီ

2 comments:

Kaung Kin Ko said...

တစ်ကယ်တော့
အရိုးဆိုတာ
အသားတို့ရဲ့ ထမ်းပိုးပါ

ခိုက်တယ်ဗျာ။

လုလင်ငယ်သွေး said...

ကျွန်တော်က အရိုးအကြောင်း ကောင်းကောင်းသိတဲ့ သူ ဆိုတော့ အရိုး ဆိုတာ အသားတို့ ရဲ့ ထမ်းပိုး ဆိုတာ ထောက်ခံပါတယ်။