Friday, October 16, 2009

ဒီဇင်ဘာ

စာရွက်အလွတ်တစ်ရွက်ပေါ်မှာ
ပျော်ရွှင်မှုကို လုယူခံရတဲ့ နေ့တစ်နေ့အကြောင်း
စာသားတွေကို ချရေးမိတယ်။
ကြေကွဲမှုက ခွင့်ပြုလိုက်မယ်ဆိုရင်
မြင်ကွင်းတစ်ခုလုံး မှုန်ဝါးသွားစေမယ့်မျက်ရည်…
မမြင်ရတဲ့ အခြားတစ်ဖက်ကို တွေးခေါ်ဖို့
မြင်နေရတဲ့ ရှုမျှော်ခင်းကို အဖြူရောင်ဆေးခြယ်ဖို့
ရှုနေရတဲ့လေမှာ အောက်ဆီဂျင်များဖို့
အေးစက်နာကျင်မှုတွေရဲ့ တစ်ဖက်သတ်အဓိပ္ပါယ်မှာ
ငါဟာ ရန်သူကို နှလုံးသားတစ်ခုနဲ့ပဲ ရင်ဆိုင်တယ်။ ။

အောင်ပိုင်စိုး

မဟေသီ ၊ ၂၀၀၈

No comments: