နေ့စဉ်တိုက်စားနေတဲ့ သက္ကရာဇ်များပဲပေါ့
လက်ချည်းသက်သက်နဲ့ရင်ဆိုင်လိုက်တော့မယ်
သစ်ရွက်တွေ ကြွေသလို
ကြွေနေတဲ့အထဲ ငါလည်းရောပါနေတယ်
မေ့လျော့ရင်းနဲ့ပဲ ဇာတ်လမ်းကိုစတင်လိုက်ပါတယ်
ငေးမောရင်း ရှုခင်းတွေ ကျယ်ပြန့်လာ
နားဆင်ရင်းသီချင်းတွေ ရှည်လျားလာ
ငါဟာ…
အလေအလွင့်စိတ်နဲ့
တိတ်တိတ်လေးကြွေကျသွားတဲ့ ကြယ်လေးတစ်ပွင့်ပေါ့
ရယ်မောသံမရှိ ပကတိငြိမ်သက်
စီးကရက်မီးခိုးငွေ့တွေချည်းဝိုင်းဖွဲ့လို့
ဆွတ်ပျံ့ကြည်နူးမှုမရှိ
စိမ်းစိုလတ်ဆတ်သော ငယ်ဘ၀ရဲ့ပဲ့တင်တွေ
ခမ်းခြောက်အငွေ့ပျံနေသလိုမျိုးပေါ့
တရွေ့ ရွေ့ တဖြည်းဖြည်း
ပူလောင်မြိုက်ကျွမ်းသောမှတ်တမ်းကို
ဒီစာမျက်နှာမှာ ပြဌာန်းလိုက်တယ်။ ။
အောင်ပိုင်စိုး
No comments:
Post a Comment