Monday, April 5, 2010

နွားကျောင်းသား

တစ်မျှော်တစ်ခေါ်ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ်နေ့တစ်နေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံပြန်မကြားရဘူး။

သီချင်းမသီဖြစ်ပါ
သစ်ရွက်မဲ့ သစ်ပင်အောက်မှာ
အိပ်မက်တွေလွှတ်ကျောင်းထားပေမယ့်
မိုးမကျသေးတာမို့ ။

အိုအောင်

No comments: