Monday, April 5, 2010

ဘလော့လေးနှင့်စပ်လျဉ်း၍

တန်ခူးလသည် မြန်မာလူမျိုးတို့၏နှစ်သစ်ကူးပြောင်းပွဲတော်အခါသမယပင်ဖြစ်လေသည်။
သင်္ကြန်ကျတော့မည်။နှစ်တစ်နှစ်ကတော့ ကူပြောင်းတော့မည်။ရန်ကုန်အခြေစိုက် ကျေးလက်(မြို့တော်ရန်ကုန်မှလွဲ၍)နေလူတော်တော်များများသည် ဇာတိဒေသသို့
ပြန်ကြဖို့ ပြင်ဆင်နေကြသည်။ထို့အတူ ကျွန်တော်တို့သည်လည်း ဇာတိမွေးရပ်မြေရှိရာ၊
မိဘဆွေမျိုး၊သူငယ်ချင်းများရှိရာကျေးလက်သို့ပြန်ကြရဦးမည်။
ဘာလိုလိုနဲ့ပင် အသက်တွေက ပိုပိုကြီးလာသည်။
အဝေးရောက်ကဗျာဆရာတစ်ယောက်ကပြောဖူးသည်။ ကြီးလာတော့ ကြောက်တက်လာသည်၊
နောက်တုံး(တုန်း)လည်းတုံးလာသည်ဆိုတော့ လူကြီး=ကျောက်တုံးဟု အဓိပ္ပါယ်ရလေသည်။
နှစ်သစ်ကူးရက်တွေရောက်လျင် အချိန်အတော်တော်များများ အွန်လိုင်းပေါ်တက်ဖို့က မသေချာ၊
မရေရာသောကြောင့်အခြားကဗျာဆရာများ၏ကဗျာများအား ဘလော့စာမျက်နှာထက်သို့တင်ပို့
လိုက်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

စီစဉ်တင်ဆက်သူများ

No comments: