Monday, February 8, 2010

ချစ်ခြင်းမေတ္တာတရားနှင့် ဖေဖော်ဝါရီ နေ့စွဲများ(၂)

ရင်ခုန်နွေးမြ ဖေဖော်ဝါရီလကတော့ ချစ်သူများ၏နှလုံးသားရာသီခွင်သို့ ချဉ်းနှင်းဝင်ရောက်လာချေပြီ။
ကဗျာဆရာနှင့် ရင်ခုန်သံသည် ဤရာသီခွင်၌ ထပ်တူကျ၍နေလေသည်။
မြန်မာ့သမိုင်းကြောင်းအရ ဖေဖော်ဝါရီ(၁၃)ရက်သည် အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အခါသမယလည်းဖြစ်ချေသည်။
ကမ္ဘာ့သမိုင်းကြောင်းအရ ဖေဖော်ဝါရီ(၁၄)ရက်နေ့သည် ရေမြေ့ရှင်ဘုရင်အမိန့်ကိုလွန်ဆန်၍ မေတ္တာတရားကိုဆောင်နှင်းပေးခဲ့သော
ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း၏ ရှင်သန်ခွင့်ပျောက်ဆုံးခဲ့သော အခါသမယလည်းဖြစ်ပေသည်။
ဤသည်တို့ကို မှတ်သားရည်စူး၍ ကျွန်တော်တို့၏ ကဗျာဘလော့လေးမှတစ်ဆင့် အမှတ်တရကဗျာတင်ဆက်မှုများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း၊
ခေတ်အလိုက် ထင်ရှားခဲ့သော ကဗျာဆရာများ၏ အချစ်ကဗျာများ၊လက်ရှိခေတ်ပေါ်၌ကဗျာများရေးသားလျက်ရှိသော ကဗျာဆရာများ၊
ဘလော့ဂါများ၏ဘလော့များပေါ်မှ အချစ်ကဗျာများ၊ မှတ်တမ်းမှတ်ရာ ကျောင်းတော်ရက်စွဲများမှ အချစ်ကဗျာများနှင့်အတူ
ကဗျာများကို တင်ဆက်သွားမည်ဖြစ်ကြောင်း၊ကဗျာများကို ပြန်လည်ဖော်ပြရာ၌
အချို့သော ကဗျာဆရာများ၊ဘလော့ဂါများအား ခွင့်ပြုချက်တောင်းခံရန်ခက်ခဲသည့်အတွက် ခွင့်လွှတ်စေချင်ပါကြောင်း၊
ဖော်ပြပါရှိသော ကဗျာများသည် ချစ်ခြင်းမေတ္တာကို အတိအကျဖော်ညွှန်းပြနိုင်မှုမရှိလျင်တောင် အနီးစပ်ဆုံးညွှန်းဆိုနိုင်ပါလျှင် ကျွန်တော်တို့ဖန်တီးတင်ဆက်ရကြိုးနပ်သည်ဟုဆိုချင်ပါသည်။

မြန်မာကဗျာများလွတ်လပ်၊ညီညွတ်၊ကွဲလွဲ၊ဖွံ့ဖြိုးနိုင်ပါစေ။

စီစဉ်တင်ဆက်သူများ

No comments: