Monday, February 8, 2010

အငြင်းဝါကျ

ငါငိုကြွေးလို့ရအောင် ဝမ်းနည်းစရာတစ်ခုတလေဖြစ်ဖြစ်ပေးပါ
ငါနာကျင်လို့ရအောင် ဒဏ်ရာတစ်ခုဖြစ်ဖြစ်ပေးပါ
ငါလွတ်ထွက်သွားချင်တယ် ဒီညထဲက
ဘာကိုဆာလောင်နေတာလဲလို့မေးကြည့်တယ်
ဘာစားစားအရသာမရှိဘူး
ဘာမှမပြောလိုက်ရဘူး ဒီအတိုင်းကြည့်နေရတယ် ကော်ဖီခွက်တွေ
မနက်ဖြန်ဘယ်သွားမှာလဲ မနက်ဖြန်ဘယ်ရောက်မှာလဲ
ဘာမှမပြောလိုက်ရဘူး အလိုလိုပါပဲ ဝမ်းနည်းရတယ်ဆိုတာ
အဆင်မပြေဘူးဆိုတာ တစ်ခုခုဖြစ်နေပြီဆိုတာ
တစ်ခုခုလုပ်နေမှငါရှိတယ်ဆိုတာ သတိထားမိတယ်
ဘာတွေကိုရချင်နေတာလဲ ထွက်ပြေးလို့မရအောင်ဘဲရှည်လျား
ဘာမှမဟုတ်ပါဘူးလို့လည်းအပြစ်တင်မိတယ်
ဘာမှမဟုတ်ဘူး ဟုတ်တယ်
မျက်စိလည်သွားပြီလား ဟုတ်တယ်ဆိုတာဘာမှမဟုတ်ဘူးလို့
ဘယ်အထိလိုက်ရမှာလဲ ဟုတ်တယ်ဆိုတဲ့ ဘာမှမဟုတ်တာတွေနောက်ကို
ဒီလိုတဖြည်းဖြည်း သမ်းဝေ ညွှတ်အိလေးလံ
မင်းမျက်လုံးမျက်ဖန်လေးလား အချစ်ရယ် ငါတောင့်တမိတဲ့အရာ
ဘယ်လောက်ပြေးပြေး မလွတ်ပါလား ဘယ်လောက်လျောက်လျာက်မရောက်ပါလား
ကုသိုလ်တရား အကုသိုလ်တရား
သေချာတာတွေမရှိဘူးလားလို့ နေမထိထိုင်မသာ
ဒီကဗျာ ရပ်စေချင်တဲ့နေရာမှာရပ်မသွားဘူး။


မင်းစိုးရာ
30.1.2010

No comments: