Monday, February 8, 2010

အမှတ်တရများ

မပြောဖြစ်တဲ့ စကားတွေက
ရင်မှာထိုးတဲ့ဆေးမင်ကြောင်
ဆုံဖြစ်တဲ့ အကြည့်တွေက
နေရောင်မလာခင် ဝေတဲ့နှင်း ...။

ဟောဒီ ဆောင်းလေ
သူ့နှင်းနဲ့သူ ပြန်ချမ်းနေသလိုမျိုး
ငါ့မှာ
မင့်ကိုချစ်တဲ့အချစ်နဲ့
လောင်ကျွမ်းကြေကွဲခဲ့ရတယ် ...။

ကောင်မလေးရေ ...
အခမ်းနားဆုံးသောမင်းရဲ့အပြုံးတွေ
သတိရစွာ မေ့ထားခဲ့ရ
မေ့ထားဖို့ သတိထားနေရတာနဲ့
ပိုပို သတိရ ...။ ။

ပိုင်နိုး
(ဖေဖော်ဝါရီဆင်ဖိုနီ ကဗျာစုမှ)

No comments: