Monday, February 8, 2010

ချစ်သူ

ကိလေသာ အအေးဓါတ်တို့
အရိုးထဲ ပါတ်ဖွဲ့လာတဲ့အခါ
စောင်တစ်ထည်တည်း တို့နှစ်ယောက်ခြုံကြတယ်။

အချစ်ရယ်
ဒါဟာ ဘုရားမကြိုက်တဲ့ကိစ္စပါလို့ မင်းကမပြော
ဒါဟာ ရှောင်လွှဲမရနိုင်တဲ့သဘာဝတရားကြီးပါလို့ ငါကမဆို
ရင်ခုန်ကြယုံသက်သက်ပဲ
ပြီးတော့
တစ်ယောက်ကိုတစ်ယောက်
ကမ္ဘာထဲက ကန်ထုတ်ကြပြန်ရော။ ။

မိုဃ်းဇော်
(သေတမ်းစာ ကဗျာစုမှ)

No comments: