Friday, January 29, 2010

အဝါရောင်

လမ်းပေါ်မှာ
လူအုပ်ကြီး ရှုပ်ပွလို့။

လူအုပ်ထဲက ဖြတ်ပြီး
သူမ လမ်းလျှောက်လာတယ်။

သူမ ဝတ်ဆင်ထားတဲ့ ဝတ်စုံဟာ
ငြိမ်းအေးတဲ့ အပြာရောင်။

အပြာရောင် နောက်ခံပေါ်မှာက
အဖြူရောင် ပန်းပွင့်များ။

ပန်းပွင့်တိုင်းရဲ့ အလယ်ဗဟိုဆီမှာ
အဝါရောင် ဝတ်ဆံတွေ တောက်ပလျှက်။


မင်းထက်မောင်
(အသစ်ထွက်ရှိထားသော -ကဗျာပြောင်းပြန်/၂၀၀၆ ကဗျာစာအုပ်မှ)

No comments: