Friday, October 16, 2009

သီချင်း

မင်းကိုမြင်ကတည်းက
ရင်ထဲမှာ
မိုးကတစ်ခါမှမရွာသွန်းဘူး
စွဲလမ်းစရာ မည်မည်ရရမရှိ
မင်းမျက်နှာလေးကိုမြင်နေရုံ
ဒါကိုပဲ နှလုံးခုန်မြန်တယ်
အခါခါခိုးကြည့်ရဖူးတဲ့ မျက်ဝန်းညိုလေးက
တလက်လက်တောက်ပလို့
ဘာကိုမှမစဉ်းစားချင်တော့ဘူး
ချစ်တယ်ဆိုတာတစ်ခုတည်းပဲ
ပြောဖြစ်တော့မယ်။

အောင်ပိုင်စိုး

(သရဖူ မဂ္ဂဇင်း၊ ၂၀၀၅)

No comments: