Tuesday, August 30, 2011

Fog (An American Haikku) / နှင်း (အမေရိကန် ဟိုက္ကူ)

Fog (An American Haikku)


The Fog comes
on a little cat's feet.

It sits looking
over harbor and city
on silent haunches
and then moves on.
                      Carl Sandburg

နှင်း (အမေရိကန် ဟိုက္ကူ)
နှင်းကျပေါ့
ကြောင်လေး ခြေထောက်ပေါ်
ဆိပ်ကမ်းနဲ့ မြို့ကို
ဆီးကြည့်
ငြိမ်သက် ငုတ်တုတ်ထိုင်လို့
ပြီးတော့ ရွေ့သွား။
                    -ဘာသာပြန်  TS

ပိတောက်ပွင့်သစ် ကဗျာ မဂ္ဂဇင်း
အမှတ်(၃) ၁၉၉၁ ခုနှစ်။

အရသာမတွေ့တဲ့အခါ မအောင်မြင်တဲ့ အာဏာသိမ်းမှုစတင်တာ

ဒီဘက်ပိုင်းမှာ သမ္မတတံဆိပ်က လူထုကုန်ပစ္စည်းဖြစ်လာတယ်
ဘာတဲ့ လူထူရင်လူထုလို့ဒီဘက်ပိုင်းမှာဖွဲ့၊ လူထု
ရောင်းအားတက်လို့ လူထုကို ဥထားရမယ့်အနေအထား
လူထုအထည်တန်းဘက်လျှောက်မိရင်ပဲ လူထုစတိုင်လ်၊ လူထု
အရောင်အသွေး၊ လူထုအရွယ်အစား၊ လူထုတန်ရာတန်ကြေး
လူထုဟာတစ်ရာ ရာခိုင်နှုန်းလူထုနဲ့ ရက်လုပ်ထားတာကလား၊ အာမခံ/အမာခံ
အာခိလိစ်ဖိနောင့်တစ်ဖက်ဟာ အာမခံထားရမယ့်ကိစ္စ၊ အပျော့ထည်နဲ့
ပျော်နေရတဲ့ သန်ဘက်ခါဖိနောင့်အပျော့များ၊ ကဏန်းပျော့ကြော်များ
သေရေးရှင်ရေးကျရင်အကြွေပြန်အမ်းမနေနဲ့တော့ပေါ့ သေပြေးရှင်ပြေးရဲ့(ကဒါဖီအကြွေးနှင့်
ပြေးနေသည်၊ကဒါဖီအလိုရှိသည်၊လက်ငင်းရှင်းတန်း
$ ၁၆၇၀၀၀၀ အကြွေများ၊ ဆီးရီးယားလုံခြုံရေးသွေးစုပ်ဖုတ်ကောင်
တပ်များ၊ ဂျယ်လီကျည်ဆံနဲ့ ရာဘာအော်သံများ) အကြွေအမြန်အမ်းပါတော့လား သေပြေးရှင်ပြေးရဲ့
အနှေးနဲ့အမြန်နဖနှောင့်လှီးခံရဖို့၊ ခြေသည်းလက်သည်း ဇက်ကြောဆွဲဖို့ပါ
ခင်ဗျားတန်းစီနေခဲ့ရတယ်၊ ဇာတ်လမ်းမကြိုက်ရင် ကိုယ်တိုင်ဇာတ်ကြောင်းဝင်ပြောလေ
တစ်အိမ်အလိုကိုစိမ်ပြေနပြေ၀င်ဖြည့်လို့ရတဲ့ လူထုအခြေစိုက်
ကျေးဇူးကမ္ဘာပဲ၊ နံရံတွေ ခင်ဗျားခေါင်းပေါ်ပြိုကျနေပြီဘော်လ်တဲယား
လူထူထူတစ်ရက်မှာ အ၀လွန်ရောဂါအကြောင်း လူထုစဉ်းစားနေမယ်။

ဇော်လူစိမ်း

ကဗျာရေးသူ၏ ခွင့်ပြုချက်အရ ဖော်ပြခြင်းဖြစ်ပါသည်။

အမှတ်တရ တံဆိပ်ခေါင်း



ကြက်ဖတံဆိပ် ဘီယာဆိုင်ကနေမင်းကိုလှမ်းချိတ်လိုက်တာ
ရုံးနှစ်ကင်နဲ့ အာလူးနှစ်ကင် ရှေ့ချပြီးကိုင်နေကြတာ
လိုင်းကားစီးပြီးတော့ မင်းလစ်ခဲ့တော့
ဆိုင်ကယ်ကယ်ရီနဲ့ဆို ရေအကုန်အကျများနေလိမ့်မယ်
ဟေ့ကောင်၊ ပတ္တမြားကိုစိန်ဝင်းကို မင်းသိတယ်မို့လား
မွန်းလွဲ ၃နာရီဝန်းကျင်တုန်းက သူ့အသံလေထဲမှာ
လေထဲမှာ သူ့အသံ ၄ကြိမ်မြောက် ပျံ့နှံ့ခဲ့တာကွ
မိုးကတော့ ရွာဆင်ကြီးပဲ။မိုးတွင်းပဲကွာ
မိုးရွာမှ ပျိုးသာမှာ။ပျိုးသာမှ ဆန်နဲ့
ဝေးဖို့အကြောင်းဖန်တာ သက်သာမှာ
မင်းရဲ့“ဂျွန်” မိတ္တူဆွဲထားလိုက်မယ်
မင်းရဲ့ဂျွန်တယော၊မင်းရဲ့ ဂျွန်နှဲချောလေးပေါ့
ခေါင်းစဉ်ဖတ်ရတာနဲ့တင်
မင်း တော်တော်ကြွေပြထားမယ်ဆိုတာ ရိပ်မိပါတယ်ကွာ
မှတ်စုဒိုင်ယာရီမှ ... ဆိုတာလည်းပါတယ်။အဲဒါဘာလဲကွ
ဆုကလည်းတောင်းလိုက်သေးတယ်။မင်းကတော့ဖွဲ့ပြီ
မင်းရဲ့ရင်တွင်းညှစ် ဖွဲ့တင်လေးတစ်ပုဒ်ပေါ့ကွာ
ဒီမှာ၊ ကိုလူပျိုဂျီးက တဟဲဟဲနဲ့ ရယ်နေပြီဟေ့ကောင်
သူကလည်းဇာတ်လမ်းတစ်ပုဒ်ကို ရင်ဝယ်ပိုက်လို့
ဖုန်းကဒ်အမြန်ပြေးဝယ်ရခြင်းနဲ့
“သတိရတယ်” ဆိုတဲ့စကားကိုလွမ်းလွမ်းနဲ့ကျယ်ကျယ်ပြောနေတော့တာ
”ပွင့်အံဖွင့်ထုတ်ခြင်း” လို့တံဆိပ်ကပ်ရင်ရလောက်တယ်
သူ့အခြေအနေက ဆောက်လုပ်ဆဲ အဆောက်အဦ တစ်ခုလိုပေါ့ကွာ
တနည်းအားဖြင့် စက်စမ်းယဉ်အနေအထားပေါ့ကွာ
အပျော်ဓါတ်လေးဖြူးလို့ အတင်းတုပ်ရတာလည်း
ဘဝမှာ လိုအပ်တယ်ကွ။ဘဝမှာ ပျော်စရာအတင်းတုပ်ခြင်းလိုအပ်တယ်ဟေ့ရောင်
မသေချာတဲ့တေဇာကိုလည်း မင်းလှမ်းချိတ်ကြည့်လိုက်ပါလား
အတန်းဖျက်လို့ သေချာတဲ့တေဇာ ဖြစ်ချင်ဖြစ်လာမှာ
ပြောစရာတွေရှိနေတော့  စကားကြောကတော့ရှိနေမှာ အသေအချာပဲ
ဒုက္ခအဖြာဖြာနဲ့ လူ့ဘဝအရသာနေ့တွေမှာ
ဒါဟာ ငါတို့ရဲ့ပျော်စရာကောင်းတဲ့ ပြဿနာပေါ့ကွာ
ဘီယာဆိုတာ အအေးဓါတ်လေးရစ်ဖွဲ့နေတုန်း သောက်ရတာဟ
မင်းလည်းသိသားနဲ့၊ဒီမယ်ကိုရင်အောင်ပိုင်စိုး
မြန်မြန်သာလစ်ခဲ့ပေတော့။


အောင်နှင်းသစ်
၆.၆.၂၀၁၁