လွန်ခဲ့သော နှစ် ၄၀ လောက်က ကျွန်တော်သည် တစ်ခုသော တက္ကသိုလ်၌ ပထမနှစ်
ကျောင်းသား တစ်ဦး အဖြစ် ပညာ သင်ကြား ခဲ့ဖူးသည်။ ရန်ကုန်မြို့မှာ အခြေချ
နေထိုင်သူ မဟုတ်သော ကျောင်းသားတိုင်း အဆောင် နေခွင့်ပြုသည့် ထိုခေတ်က
မူအရ သမိုင်းဝင်းထဲရှိ ကျောင်းဆောင် တစ်ဆောင်၌ ကျွန်တော် နေထိုင်ခွင့်
ရခဲ့၏။ ပထမနှစ် ကျောင်းသားတစ်ယောက်သည် အခြားသော ပထမနှစ် ကျောင်းသား
တစ်ယောက်နှင့် တွဲလျက် တစ်ခန်း နှစ်ယောက်နေ စနစ်မှာ ကျွန်တော်တို့
ခေတ်ကာလ တက္ကသိုလ် အာဏာပိုင်များ၏ ပြငှာန်းချက်။ ကျွန်တော့် အခန်းဖော်
ကျောင်းသားမှာ ကရင် လူငယ်တစ်ဦး။ အမေက ခေတ်ပညာတတ် အထက်တန်း ကျောင်းအုပ်
ဆရာမကြီး ဖြစ်၍ အဖေမှာ သစ်ကုန်သည် တစ်ဦး ဖြစ်သည် ဟုသိရသည်။ သူ့ နာမည်က
စော ခရစ်ရှန် လော။ Saw Christian Law ။။ ခရစ်ယန် ၀ါဒ ၀ိနည်းဥပဒေ ဟု
အနက်ပြန်နိုင်မည် ထင်ပါသည်။
ကျွန်တော်က သူ့အား ချစ်စနိုးဖြင့် " ခရစ် " ဟု ခေါ်တိုင်း သူက
ပြုံးစေ့စေ့။ အရပ် မြင့်မြင့်။ ဆံပင် ကောက်ကောက်။ရိုးသားသော စိတ်ထား ရှိ၍
မျက်နှာထား ချိုသူ။ ထိုစဉ်က ထင်ရှား ကျော်ကြားသူ ရုပ်ရှင် မင်းသား
အောင်လွင် နှင့် ရုပ်ချင်း ခတ်ဆင်ဆင်။ ဘာသာ တရား ရိုသေ ကိုင်းရှိုင်းသူ။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမ အကြိမ် ဖြေဆိုရာမှာ မြန်မာစာ အောင်မှတ်
မရသဖြင့် တစ်နှစ် ပြန်၍ဖြေခဲ့ရသူ။ သူနှင့် ကျွန်တော်မှာ တစ်ခဏတာ
အချိန်အတွင်း ငယ်ပေါင်း ကြီးဖော် သူငယ်ချင်း အရင်းအချာများ ဖြစ်သွားခဲ့၏။
မကြာမီ သူ စွဲစွဲ လန်းလန်း ဖတ်ရှုလေ့ရှိသော သမ္မာကျမ်းစာ အရွယ်အစား
မျိုးစုံမှာလည်း ကျွန်တော်အတွက် အိပ်ရာဝင် ပုံပြင် စာအုပ်များ
ဖြစ်လာခဲ့ကြသည်။
ကျမ်းစာလာ အာဒံ နှင့် ဧ၀ ၊ နောဧ ၊ အာဗြံ ၊ ယာကုပ် ၊ မောရှေ ၊ အာရုန် ၊
ယောရှု ၊ ရှောလု အစရှိသော ရှေးလူဟောင်းများသည် ကျွန်တော်နှင့် အတွင်းသိ
အစင်းသိ ဆွေမျိုး ရင်းချာများ ကဲ့သို့။ ထိုအချိန်က ကျွန်တော်သည်
အနောက်တိုင်း စာပေ ၊ ၀တ္ထု နှင့် ကဗျာတို့ကို အင်္ဂလိပ် မူဖြင့် စွဲစွဲ
မြဲမြဲ ဖတ်ရှုနေရာ သူသည် ကျွန်တော့် အတွက် walking dictionary ။ " ဟကောင်
၊ western literature နဲ့ western philosophy တို့ကို ဖတ်ရင်
Christianity က မသိမဇြစ် အရေးကြီးတယ်ကွ ။ " ဟူသော သူ့အကြံပေးချက် မှာ
ကျွန်တော် ဘယ်လိုမျှ မျက်ကွယ် မပြုနိုင်သော အမှန် စကား ။ ( နောင်
စာဖတ်သက် ရင့်ကျက် လာသောအခါ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ကလည်း ထိုသဘောမျိုး
ရေးသား ထားသည်ကို ဖတ်ရှု ခဲ့ရသည် ။ )
ဤသို့ဖြင့် ဓမ္မ ဟောင်းကျမ်းဝင် ကမ္ဘာဦးကျမ်း ၊ ထွက်မြောက်ရာကျမ်း ၊
ဝတ်ပြုရာကျမ်း ၊ တောလည်ရာကျမ်း ၊ တရားဟောရာကျမ်း တို့မှာ ကျွန်တော်
ခြေရာချင်း ထပ်လောက်အောင် အလျှောက်အသွား များခဲ့ရ၏ ။ အထူးသဖြင့်
ကျွန်တော့် စိတ်ဘ၀င်၌ အငြိတွယ်ဆုံး ကတော့ exodus ခေါ် ထွက်မြောက်ရာကျမ်း ။
ဖာရော ဘုရင် နန်းစံရာ အီဂျစ် နိုင်ငံတွင် ကျွန်သဘောက် ဘ၀ဖြင့် ညှင်းပန်း
နှိပ်စက်ခံရသူ အဇ္ဖရေး လူမျိုးများ ပင်လယ်နီ ကို ဖြတ်သန်း၍ ဗျာဒိတ်ခံ ဒေသ
( Promised Land ) သို့ ထွက်ပြေး လွတ်မြောက်သော ခရီးကြမ်း ။ ဒါရိုက်တာ J
Cecil B. DeMille ရိုက်ကူးသော The Ten Commandments ရုပ်ရှင်ကား၌ ထို
ဇာတ်ဝင်ခန်းသည် ယခုခေတ် computer effects များကို ပုခုံးချင်း
ယှဉ်နိုင်လောက်သည် ။ ပစ္စုပ္ပန် ခေတ် နိုင်ငံရေး ပဋိပက္ခ အားလုံး၏
အခေါင်အချုပ် ။
အမှန်မှာ ဤခရီးရှည်ကြီးကို ဦးဆောင်ခဲ့သူမှာ လေ၀ိ မျိုးနွယ် မောရှေ ။
မောရှေသည် ထာဝရ ဘုရားသခင် နှင့် ပဌာန်းဆက် ရှိသူ ။ ထာဝရ ဘုရား
အကူအညီဖြင့် ပင်လယ်နီကို ဖြတ်ပြီးနောက် မောရှေ နှင့် အဇ္ဇရေး
လူမျိုးတို့သည် Mount Sinai ခေါ် သိန တောင်ခြေ၌ နားနေကြသည် ။ ထိုစဉ်
မောရှေ မှာ ပညတ်တော် ဆယ်ပါး အား ထာဝရ ဘုရား ထံမှ လက်ခံ နာယူရန်
တောင်ပေါ်သို့ ရက်ပေါင်း လေးဆယ် နှင့် ညပေါင်းလေးဆယ်ကြာ ထွက်ခွာ သွားရ၏ ။
ထိုအချိန်တွင် အဇ္ဖရေး လူမျိုးများက မောရှေ ပြန်မလာ တော့မှာကို
စိတ်ပူပန်လျက် မောရှေ၏ အစ်ကိုရင်း အာရုန် အား ယဇ်ပူဇော်ရန်
တောင်းပန်ကြသည် ။ အာရုန်က ထိုသူတို့ နားမှ ချွတ်သော ရွှေ နားတောင်း များ
အား နွား သူငယ်ရုပ်ကို သွန်းစေ၏ ။ နောက်နေ့တွင် အဇ္ဇရေး လူမျိုးတို့
ယဇ်ပွဲသဘင် ဆင်ယင် မြူးတူး ကခုန် ကြလေသည် ။
မောရှေ တောင်ပေါ်မှ ဆင်းအလာ ရွှေ နွားသူငယ် ရုပ်တုကို မြင်ရသောအခါ အမျက်
ထွက်သဖြင့် ပညတ်တော် ဆယ်ပါး ရေးထွင်း ထားသည့် ကျောက်ပြားများကို ချ၍
တောင်ခြေရင်း၌ ချိုးဖဲ့၏ ။ သူတို့လုပ်သော နွား သူငယ်ရုပ် ကိုလည်း ယူ၍
အရည်ကျို၏။ ညက်ညက် ခြေပြီးမှ ရေပေါ်မှာ ဖြူး၍ အဇ္ဇရေး လူမျိုးတို့ကို
သောက်စေ၏ ။ ထိုမိစ္ဆာ ဒိဌိ အယူမှား ကို လက်ခံ ယုံကြည်သူ အဇ္ဖရေး လူမျိုး
၃၀၀၀ ခန့်ကို မောရှေက ထာဝရ ဘုရား အမျက်ပြေစေရန် သုတ်သင် ခဲ့သည်ဟု
ကျမ်းစာများက ဆိုထားကြသည် ။
In My Grandfather's Library
by John Montague
In my grandfather's library
there were many volumes ,
Bibles massive as flagstones ;
heavy print my eyes could crawl along :
the thunder of the Old Testament .
I climbed the Mount with Moses ,
stood in the presence of the Lord ,
or listened as he spake from a cloud .
For , lo , I had suffered the long exodus
from Brooklyn , and New York , where
they worshipped the Golden Calf
which now staggers , newly born ,
rasped clean by its mother's tongue ,
on the cobblestones of our farmyard .
ကဗျာက တိုတို တုတ်တုတ် မျှသာ ။ ကဗျာဆရာ John Montague ငယ်ငယ်က အဖိုး
နေအိမ်ရှိ စာကြည့်ခန်းမှာ ဇာတ်လမ်း စ သည် ။ စာအုပ် ထူထူများ ။
ကျောက်ပြားကြီးများ ကဲ့သို့ အလေးချိန် စီးသော သမ္မာကျမ်းများ ။
စာသားများကိုလည်း ဖတ်ရှုလွယ်လောက်အောင် ထင်ထင် ရှားရှား ပုံနှိပ်ထား၏ ။
ဓမ္မဟောင်းကျမ်း ထဲက သမိုင်း ထစ်ချုန်း မြည်ဟီးသံ ။ စင်စစ်
ဓမ္မဟောင်းကျမ်းသည် သမ္မာကျမ်းစာ၏ ဇာတ်ပျိုးပိုင်း ။ ဂျူး လူမျိုးတို့၏
သမိုင်း ၊ ယုံကြည် ကိုးကွယ်မှု နှင့် ထာဝရ ဘုရားသခင် ဗျာဒိတ် မှတ်တမ်း ။
ကဗျာဆရာ ဂျွန် မောင်ထဂယူ သည် မောရှေ နှင့်အတူ သိနတောင်ပေါ်သို့
လိုက်ပါသွားသည် ။ ထာဝရ ဘုရားကို ကိုယ်တိုင် ဖူးမြင်ခဲ့ ။ မိုးတိမ်တိုက်မှ
ဘုရား ဟောကြားသော ဒေသနာကို နာယူခွင့် ရခဲ့ ။ ထိုအခါက သူကိုယ်တိုင်လည်း
ဘရူးခ်လင်မြို့ မှ ထွက်မြောက် ပြောင်းရွှေ့ လာသူ တစ်ဦး ။
မိဘ နှစ်ပါးမှာ သူ မမွေးဖွားမီ ကတည်းက အမေရိကန်သို့ ရေကြည်ရာ မြက်နုရာ
ရှာရင်း ရောက်နေကြသည် ။ ထို အိုင်းရစ် လူမျိုး ကဗျာဆရာ သည် နျူးယော့ခ်
ပြည်နယ် ဘရူးခ်လင်မြို့ ဇာတိ ။ ၁၉၂၉ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၈ ရက် နေ့ ဖွား
။ သူတို့ ညီအစ်ကို သုံးယောက်တို့ ဘရူးခ်လင်မြို့ လမ်းပေါ်မှာ ဆော့ကစားရင်း
ငယ်ဘ၀ကို ဖြတ်သန်းခဲ့ကြရ၏ ။ ဓာတ်ရထား လမ်းပေါ်မှာ အကြွေ ငါးပြားစေ့များ
တင်ထားကာ ရထား ဖြတ်ကြိတ်သွားသည်ကို တခစ်ခစ် ရယ်မောကြ ။ ပေါ်ဦးစ မစ်ခီး
မောက်စ် ကာတွန်း ရုပ်ရှင် ကားများ ကြည့်မောရင်း ပြုံးကြ ပျော်ကြ ။
၁၉၃၃ ခုနှစ် ကမ္ဘာ့ စီးပွားရေး ပျက်ကပ် က သူတို့၏ ရွှေရောင် ကလေး ဘ၀ကို
ပုဒ်မ ချပစ်လိုက်သည် ။ မိဘ စီးပွားရေး အဆင်မပြေ ဖြစ်လာသောအခါ သူတို့အား
ဇာတိမြေ အိုင်ယာလန် သို့ ပြန်ပို့ လိုက်သည် ။ ကဗျာဆရာ မောင်ထဂယူ သည် ဤ
အဖြစ်အပျက်ကို " ရွှေ နွားသူငယ် ရုပ် ကိုးကွယ်တဲ့ / ဘရူးခ်လင် နဲ့
နျူးယော့ခ် က / ငါ ထွက်မြောက်ခဲ့ရ ခရီးရှည် " ဟု ရေးဖွဲ့ ထား၏ ။
ရွှေ နွားသူငယ်ရုပ် ဆိုသည်မှာ ဓမ္မဟောင်း ကျမ်းထဲက ပညတ်တော် ဆယ်ပါးအား
ဆန့်ကျင်သည့် ရုပ်တု ကိုးကွယ်သည့် အယူမှားကို ဆိုလိုဟန် မတူပါ ။ " အမြတ်
အစွန်း ရမယ်ဆိုရင် စက်တိုင် တက်ရ တက်ရ " ဟူသည့် အရင်းရှင် စနစ်၏ အကျင့်
စရိုက်ဆိုး ကို စိတ်နာနာ ဖြင့် ဖွဲ့နွဲ့ စပ်ဆို ဟန် တူသည် ။
နျူးယော့ခ်မှ ခရီးကြမ်း နှင်လာသူ မောင်ထဂယူ သည် အိုင်ယာလန် နိုင်ငံ
Tyrone စီရင်စု ရှိ Clogher က အဒေါ် အပျိုကြီး နှစ်ယောက်ပိုင်
နွားမွေးမြုရေးခြံ သို့ ရောက်သွား၏ ။ နွားခြံမှာ လက်တို လက်တောင်း လုပ်ရ
။ ရွှေ နွားသူငယ်ရုပ် ကိုးကွယ်သည့် အရပ်မှ ထွက်ခွာလာသူ တစ်ဦး နွားခြံမှာ
ပင်ပင် ပန်းပန်း အလုပ်ကြမ်း လုပ်ရသည်မှာ တော့ ကံကြမ္မာ၏ ကျီစယ်မှု တစ်ရပ် ။
" ဒီ မွေးစ နွားပေါက်လေး အခုတော့ ဒယီး ဒယိုင် နဲ့
အမေ နွားမက လျှာနဲ့ လျက် သန့်စင် ပေးနေပေါ့
ငါတို့ နွားခြံထဲက ကျောက်ခင်းလမ်း ပေါ်မှာ ။ "
စိတ်ဝင်စားစရာ ကောင်းသည်မှာ ဤကဗျာ နောက်ဆုံးပိုဒ်ကို မောင်ထဂယူက မည်သည့်
စိတ်အခြေအနေဖြင့် ရေးဖွဲ့ သလဲ ဟူသော အမေး ပုစ္ဆာ ဖြစ်ပါသည် ။ အကျဉ်း အကြပ်
တစ်ခုမှ လွတ်မြောက်ပြီးခါစ ကလေး တစ်ယောက်မှာ စိတ်ခံစားချက် မျိုးစုံ
ရှိနေ နိုင်ပါသည် ။ သူ ပျော်နေ သလား ။ စိတ်လှုပ်ရှားနေ သလား ။ စိတ်
မွန်းကြပ် နေ သလား ။ စိတ်ရှုပ် နေ သလား ။ ၀မ်းနည်းနေ သလား ။ ဒေါသ ဖြစ်နေ
သလား ။ တစ်ပူပေါ် နောက်ထပ် တစ်ပူဆင့် ဖြစ်နေသလား ။ ဤ စိတ် မနော ကို
ကဗျာဖတ်သူတို့ နည်းနည်း လေး အားစိုက်ရုံဖြင့် အလင်း ပွင့်နိုင်လိမ့်မည်
ဟု ကျွန်တော် ယူဆ မိပါသည် ။
TS
အကိုးအကား ။ New Yorker : April 26 , 2010
wikipedia.com
answers.com
dictionary.com
ဆရာ ယုဒသန် မြန်မာပြန် ၊ သမ္မာကျမ်း ။
Sunday, May 30, 2010
Sunday, May 23, 2010
ပန်းချီသန်းမြင့်အောင်ပုံတူ
ဝ , လုံးတစ်လုံးပေါ်က
အမြဲတမ်း ပြုံးနေတဲ့ မျက်နှာ
မြေ၀ိုင်းကပွဲကလွဲလို့
ပန်းဝါတိုက်ပွဲမပါဘူး
အခြားဘာတိုက်ပွဲမှလည်း မပါဘူး။ ။
သူရနီ
၁၂ မေ ၂၀၁၀
အမြဲတမ်း ပြုံးနေတဲ့ မျက်နှာ
မြေ၀ိုင်းကပွဲကလွဲလို့
ပန်းဝါတိုက်ပွဲမပါဘူး
အခြားဘာတိုက်ပွဲမှလည်း မပါဘူး။ ။
သူရနီ
၁၂ မေ ၂၀၁၀
Saturday, May 15, 2010
နေဝိုင်ဝိုင်က ဘိတ်မှာပဲလား တွေ့ရင်ပြောလိုက်ပါ ကဗျာတွေစောင့်ဖတ်နေတယ်လို့
ကဗျာလေးဖတ်ရအဆင်ပြေတယ်
စကားပြေအသွားနဲ့ သွားတဲ့ကဗျာ
ကဗျာဓါတ်မြုပ်ထားတဲ့ စကားပြေဖေါမ်
တစ်ချို့ဟာတွေက ကျွန်တော်အရေးအသားအဖြစ် ရေးတာ
တစ်ချို့ဟာတွေက ကဗျာပေါ့
အကုန်ရောထားတော့ ကဗျာဓါတ်လျော့တဲ့ ကဗျာလိုလို ဘာလိုလိုဖြစ်ကုန်တယ်
ဒီနေ့မှာ ကဗျာက အရမ်းကိုလွတ်မြောက်သွားပြီ / ကြိုက်သလိုရေးပဲ
လွတ်လပ်လွန်းအားကြီးတော့လည်း ပြဿနာကရှိတယ်
နည်းစနစ်မဲ့တာနဲ့ တလွဲဆံပင် မကောင်းဖို့ပဲ
ကျွန်တော်က ဖေါမ်နောက်သိပ်မလိုက်တော့ဘူး
အစကတော့ အကြောင်းအရာနဲ့ ဖေါမ် သပ်သပ်စီထင်တယ်
နောက်တော့မှ အကြောင်းအရာမှာတင် ကွဲပြားမှုရှိလာတာတွေ့ရတယ်
မင်းခက်ရဲ စာတွေဖတ်လား
တော်တော်ကောင်းတယ် ကျွန်တော့်အမြင်အရ သူတစ်ယောက်ပဲ
မော်ဒန်၊ပို့စ်မော်ဒန် ကိုလိမ့်ပါတ်လည်အောင် ပြောနိုင်တယ်
ဇေယျာလင်းပြောဖူးသလိုပေါ့
“ကဗျာရော၊ကဗျာဗေဒရော ကိုယ့်အတွက် ဂျက်ပွင့်သွားတဲ့အချိန်ကိုစောင့်ရတယ်”
ကဗျာတိုင်း ကဗျာဗေဒတိုင်းက လူတိုင်းအတွက် မဟုတ်ပဲလေ
ဘိတ်မှာက ကျွန်တော်နဲ့ကဗျာအကြောင်း ပြောလို့ရတဲ့သူ မရှိဘူး
ခင်ဗျားတို့လိုလည်း နားခွက်မီးတောက်တဲ့သူ ဖွင့်ထားတဲ့သူ မရှိဘူး
အကုန်လုံးက အတိတ်က ရွှေထီးနဲ့တံခါးပိတ်ဂျိပ်လုပ်ပြီး နေသူတွေချည်းပဲ
ကိုယ်ကလည်း ကဗျာဆိုရင်ဘတ်ကြီးတစ်ခုနဲ့ မပြီးချင်ဘူး
ဆွေးနွေးချင်တယ်၊ ချဲ့ ထွင်ချင်တယ်၊ လမ်းသစ်ရှာချင်တယ်
မွေးရာပါ ပါရမီ ဆိုတာမျိုးလည်း အယုံအကြည်မရှိတော့ဘူး
အုံဖွ အပ်ချလောင်းဆို
စာသားလေးတွေကစာမျက်နှာပေါ်တန်းစီပြီး ကဗျာဖြစ်သွားရောလား
လူဟာ တလျောက်လုံးသင်ယူနေရမှာ မဟုတ်လား
နေဝိုင်ဝိုင်က ဘိတ်မှာပဲလား
တွေ့ရင်ပြောလိုက်ပါ ကဗျာတွေစောင့်ဖတ်နေတယ်လို့
အိုကေ၊ အိုကေ လူရောကဗျာရောလန်းပါစေ။ ။
အောင်ပိုင်စိုး
၁၅ မေ ၂၀၁၀
ကဗျာဆရာမောင်ယုပိုင်၏ Gtalk စာသားများအားအသုံးပြုပြီးရေးဖွဲ့ထားပါသည်။
စကားပြေအသွားနဲ့ သွားတဲ့ကဗျာ
ကဗျာဓါတ်မြုပ်ထားတဲ့ စကားပြေဖေါမ်
တစ်ချို့ဟာတွေက ကျွန်တော်အရေးအသားအဖြစ် ရေးတာ
တစ်ချို့ဟာတွေက ကဗျာပေါ့
အကုန်ရောထားတော့ ကဗျာဓါတ်လျော့တဲ့ ကဗျာလိုလို ဘာလိုလိုဖြစ်ကုန်တယ်
ဒီနေ့မှာ ကဗျာက အရမ်းကိုလွတ်မြောက်သွားပြီ / ကြိုက်သလိုရေးပဲ
လွတ်လပ်လွန်းအားကြီးတော့လည်း ပြဿနာကရှိတယ်
နည်းစနစ်မဲ့တာနဲ့ တလွဲဆံပင် မကောင်းဖို့ပဲ
ကျွန်တော်က ဖေါမ်နောက်သိပ်မလိုက်တော့ဘူး
အစကတော့ အကြောင်းအရာနဲ့ ဖေါမ် သပ်သပ်စီထင်တယ်
နောက်တော့မှ အကြောင်းအရာမှာတင် ကွဲပြားမှုရှိလာတာတွေ့ရတယ်
မင်းခက်ရဲ စာတွေဖတ်လား
တော်တော်ကောင်းတယ် ကျွန်တော့်အမြင်အရ သူတစ်ယောက်ပဲ
မော်ဒန်၊ပို့စ်မော်ဒန် ကိုလိမ့်ပါတ်လည်အောင် ပြောနိုင်တယ်
ဇေယျာလင်းပြောဖူးသလိုပေါ့
“ကဗျာရော၊ကဗျာဗေဒရော ကိုယ့်အတွက် ဂျက်ပွင့်သွားတဲ့အချိန်ကိုစောင့်ရတယ်”
ကဗျာတိုင်း ကဗျာဗေဒတိုင်းက လူတိုင်းအတွက် မဟုတ်ပဲလေ
ဘိတ်မှာက ကျွန်တော်နဲ့ကဗျာအကြောင်း ပြောလို့ရတဲ့သူ မရှိဘူး
ခင်ဗျားတို့လိုလည်း နားခွက်မီးတောက်တဲ့သူ ဖွင့်ထားတဲ့သူ မရှိဘူး
အကုန်လုံးက အတိတ်က ရွှေထီးနဲ့တံခါးပိတ်ဂျိပ်လုပ်ပြီး နေသူတွေချည်းပဲ
ကိုယ်ကလည်း ကဗျာဆိုရင်ဘတ်ကြီးတစ်ခုနဲ့ မပြီးချင်ဘူး
ဆွေးနွေးချင်တယ်၊ ချဲ့ ထွင်ချင်တယ်၊ လမ်းသစ်ရှာချင်တယ်
မွေးရာပါ ပါရမီ ဆိုတာမျိုးလည်း အယုံအကြည်မရှိတော့ဘူး
အုံဖွ အပ်ချလောင်းဆို
စာသားလေးတွေကစာမျက်နှာပေါ်တန်းစီပြီး ကဗျာဖြစ်သွားရောလား
လူဟာ တလျောက်လုံးသင်ယူနေရမှာ မဟုတ်လား
နေဝိုင်ဝိုင်က ဘိတ်မှာပဲလား
တွေ့ရင်ပြောလိုက်ပါ ကဗျာတွေစောင့်ဖတ်နေတယ်လို့
အိုကေ၊ အိုကေ လူရောကဗျာရောလန်းပါစေ။ ။
အောင်ပိုင်စိုး
၁၅ မေ ၂၀၁၀
ကဗျာဆရာမောင်ယုပိုင်၏ Gtalk စာသားများအားအသုံးပြုပြီးရေးဖွဲ့ထားပါသည်။
Monday, May 10, 2010
ခင်ဗျားရယ်၊ကျွန်တော်ရယ်၊ဖရန့်ခ်အိုဟားရားရယ် တစ်ခါလောက်တွေ့ကြမယ်
ကောင်လေးတစ်ယောက် ဂေါ်လီလုံးတွေ
လွှတ်ချရာကနေ
ဖရန့်ခ်အိုဟားရား အကြောင်းရောက်သွားသလို
ကမ်းခြေဘက်ဆီမှာ
သဲပြင်ပြေးတဲ့ ကားတိုက်ခံရပြီး
ကျန်းမာရေးအခြေအနေ တိုးတက်မှု/ဆုတ်ယုတ်မှု
ကဗျာ/ ခင်ဗျားတို့ကျွန်တော်တို့ အရးကြီးတယ်
ဖရန့်ခ်လည်း အရာသာနောက်တရှိုက်မက်မက်ပဲ
ပိုးလော့ခ်တစ်ယောက်ကိုလည်း
ကားတိုက်ခံရသလိုလို ဘာလိုလို ပြောနေကြတယ်
နယူးယော့ခ်ကဗျာဂိုဏ်းသားတစ်ဦးအနေနဲ့
မနေ့ညက နေမကောင်းဘူး
ဒီနေ့မနက် ပိုဆိုးလာပုံရတယ်
ခင်ဗျားသွားကိုက်တာ ဘယ်လိုနေသေးလဲ
ကဗျာအဆောက်အဦ အချို့ဟာဟောင်းနွမ်းပြီး
နေထိုင်လို့မရတဲ့အကြောင်း... စသည်ဖြင့်...
ကဗျာအဆောက်အဦအချို့အား
အန္တရာယ်ရှိအဆောက်အဦများအဖြစ်
သတ်မှတ်လိုက်တဲ့အကြောင်း...စသည်ဖြင့်...
ဆက်ပြော / ခင်ဗျားဆက်ပြော ...
သူ့ချည်းသက်သက်ခံစားလို့မရတဲ့အကြောင်း
ခံစားမှုမှာ သိမှုကပ်တာနဲ့ စကားလုံးတွေက ထပ်ချပ်မကွာ
လိုက်လာပြီဘာသာစကားက “ဖတ်” ကနဲ “ဖတ်” ကနဲ ကပ်လိုက်တဲ့
အကြောင်း
ဆက်ပြော / ဆက်ပြောခင်ဗျား ...
အင်္ကျီလည် တအားဟိုက်ကျနေတဲ့
ဟိုဘက်စားပွဲဝိုင်းက ဖုန်းပြောနေတဲ့ ဟိုမိန်းမအကြောင်း
ဆက်ပြော / ခင်ဗျားဆက်ပြော
နားနောက်နှစ်ဖက်ကို လက်နဲ့အုပ်ပြီး
အောင်ပွဲခံကြတဲ့ ဘောလုံးသမားတွေအကြောင်း
ခင်ဗျားဆက်ပြော / ဆက်ပြော
ကျွန်တော့်ဆီရောက်လာတဲ့
ခင်ဗျားရဲ့ ပေါ့ပေါ့ပါးပါးကျေးဇူးတရားတွေ
ကဗျာရဲ့ လိုင်းတွေထဲမှာ နေလို့ထိုင်လို့ ကောင်းကြပါတယ်
ပထမယုံကြည်မှုထဲ နောက်ထပ်ယုံကြည်မှုတစ်ခုတိုးဝင်သွားရင်
ယုံကြည်မှုအနေနဲ့ ပိုမိုအင်အားတောင့်တင်းသွားမယ်
လုံးဝပြိုကွဲပျက်ဆီးသွားမယ်/ အခြားနောက်ထပ်အခြေအနေတစ်ခု
ဖရန့်ခ် အမေလို အရက်စွဲမယ်တော့မထင်ဘူး
ခင်ဗျားက ကျွန်တော့်ကို တစ်ဝက်မျိုပြီး
တစ်ဝက်ထွေးထုတ်သူလို့ ပြောချင်တာလား
ကျွန်တော့်အထင်တော့ အကုန်လုံးမျိုပြီး
တစ်ဝက်ထွေးထုတ်တဲ့ လူဆိုတာမျိုးပေါ့
နောက်လိုက်ပြောင်လိုက်နဲ့
ကော်ဖီတွေအေးကုန်မယ်
အချိန်သိပ်မရှိတော့ဘူး/အများကြီးရှိပါသေးတယ်
ငါးသေတ္တာပြီးတော့ ဖရန့်ခ်ရဲ့ လိမ္မော်တွေအကြောင်း
စလိုက်ကြရအောင်။ ။
သူရနီ
၂၇ မတ် ၂၀၁၀
လွှတ်ချရာကနေ
ဖရန့်ခ်အိုဟားရား အကြောင်းရောက်သွားသလို
ကမ်းခြေဘက်ဆီမှာ
သဲပြင်ပြေးတဲ့ ကားတိုက်ခံရပြီး
ကျန်းမာရေးအခြေအနေ တိုးတက်မှု/ဆုတ်ယုတ်မှု
ကဗျာ/ ခင်ဗျားတို့ကျွန်တော်တို့ အရးကြီးတယ်
ဖရန့်ခ်လည်း အရာသာနောက်တရှိုက်မက်မက်ပဲ
ပိုးလော့ခ်တစ်ယောက်ကိုလည်း
ကားတိုက်ခံရသလိုလို ဘာလိုလို ပြောနေကြတယ်
နယူးယော့ခ်ကဗျာဂိုဏ်းသားတစ်ဦးအနေနဲ့
မနေ့ညက နေမကောင်းဘူး
ဒီနေ့မနက် ပိုဆိုးလာပုံရတယ်
ခင်ဗျားသွားကိုက်တာ ဘယ်လိုနေသေးလဲ
ကဗျာအဆောက်အဦ အချို့ဟာဟောင်းနွမ်းပြီး
နေထိုင်လို့မရတဲ့အကြောင်း... စသည်ဖြင့်...
ကဗျာအဆောက်အဦအချို့အား
အန္တရာယ်ရှိအဆောက်အဦများအဖြစ်
သတ်မှတ်လိုက်တဲ့အကြောင်း...စသည်ဖြင့်...
ဆက်ပြော / ခင်ဗျားဆက်ပြော ...
သူ့ချည်းသက်သက်ခံစားလို့မရတဲ့အကြောင်း
ခံစားမှုမှာ သိမှုကပ်တာနဲ့ စကားလုံးတွေက ထပ်ချပ်မကွာ
လိုက်လာပြီဘာသာစကားက “ဖတ်” ကနဲ “ဖတ်” ကနဲ ကပ်လိုက်တဲ့
အကြောင်း
ဆက်ပြော / ဆက်ပြောခင်ဗျား ...
အင်္ကျီလည် တအားဟိုက်ကျနေတဲ့
ဟိုဘက်စားပွဲဝိုင်းက ဖုန်းပြောနေတဲ့ ဟိုမိန်းမအကြောင်း
ဆက်ပြော / ခင်ဗျားဆက်ပြော
နားနောက်နှစ်ဖက်ကို လက်နဲ့အုပ်ပြီး
အောင်ပွဲခံကြတဲ့ ဘောလုံးသမားတွေအကြောင်း
ခင်ဗျားဆက်ပြော / ဆက်ပြော
ကျွန်တော့်ဆီရောက်လာတဲ့
ခင်ဗျားရဲ့ ပေါ့ပေါ့ပါးပါးကျေးဇူးတရားတွေ
ကဗျာရဲ့ လိုင်းတွေထဲမှာ နေလို့ထိုင်လို့ ကောင်းကြပါတယ်
ပထမယုံကြည်မှုထဲ နောက်ထပ်ယုံကြည်မှုတစ်ခုတိုးဝင်သွားရင်
ယုံကြည်မှုအနေနဲ့ ပိုမိုအင်အားတောင့်တင်းသွားမယ်
လုံးဝပြိုကွဲပျက်ဆီးသွားမယ်/ အခြားနောက်ထပ်အခြေအနေတစ်ခု
ဖရန့်ခ် အမေလို အရက်စွဲမယ်တော့မထင်ဘူး
ခင်ဗျားက ကျွန်တော့်ကို တစ်ဝက်မျိုပြီး
တစ်ဝက်ထွေးထုတ်သူလို့ ပြောချင်တာလား
ကျွန်တော့်အထင်တော့ အကုန်လုံးမျိုပြီး
တစ်ဝက်ထွေးထုတ်တဲ့ လူဆိုတာမျိုးပေါ့
နောက်လိုက်ပြောင်လိုက်နဲ့
ကော်ဖီတွေအေးကုန်မယ်
အချိန်သိပ်မရှိတော့ဘူး/အများကြီးရှိပါသေးတယ်
ငါးသေတ္တာပြီးတော့ ဖရန့်ခ်ရဲ့ လိမ္မော်တွေအကြောင်း
စလိုက်ကြရအောင်။ ။
သူရနီ
၂၇ မတ် ၂၀၁၀
Friday, May 7, 2010
ဂျွန်
ဘ၀အကြောင်းဖွဲ့ဆိုနေရတာ
ပျင်းဖို့မကောင်းလွန်းဘူးလား
တယောဘိုးတံလေးနဲ့တို့ထိလိုက်ရင်
ရောမမြို့ဟောင်းထဲ ရောက်ရှိသွားမယ့်စတိုင်အပြည့်နဲ့
ဂျွန်ရေ...
လွင့်နေတဲ့မိုးသားထဲ စိတ်ဓာတ်ခိုင်မာမှုသာ
ပန်းတိုင်ဆီ အရောက်လှမ်းမယ့် ခြေလှမ်းတွေပဲပေါ့
အလွမ်းအဆွေးမပြောကြေးဆိုတဲ့ ပို့စကတ်လေးတစ်စောင်
မပေးပို့ဖြစ်ဘဲသိမ်းဆည်းထားရသော လရောင်ဟာ
အဝေးကစာမျက်နှာတွေကို ပြန်လည်ခေါ်ဆောင်လာတယ်
လိုအပ်ချက်ကို မျက်ရည်နဲ့ဖြည့်မှပြည့်မယ်တဲ့လား
လမ်းမကိုမကြည့်ဘဲ လမ်းဖြတ်ကူးနေသလို
ကိုယ့်လက်မောင်းသွေးကိုယ်ဖောက်
လမ်းပျောက်နေတဲ့ နေ့ရက်များမှာ
ကိုယ့်ရှေ့ရောက်ရှိနေတဲ့လမ်းဟာ
ကိုယ်သွားရမယ့် ပန်းတိုင်ဆီခေါ်ဆောင်သွားနိုင်ပါ့မလား
ဂျွန်ရေ...
မိုးသားတွေပြည့်လာတဲ့တစ်နေ့
အလင်းရောင်ဟာ
တိမ်လိုနိမ့်ဆင်းပြီး မိုးလိုရွာချလာမယ်လို့ ။ ။
အောင်ပိုင်စိုး
Hey Jon
Haven't you felt monotonous with
composing a life-is-a-struggle drama?
Touching you with a violin's bow,
hey Jon, you have a mood
as if you would stay in Nero's blazing city_
the willingness in sailing billows
seems footsteps toward your terminus.
An eCard depicting no more romance
and the moonbeam kept, unsent
have called back pages from afar.
You can't fill your wants with tears, can you?
Sucking blood from your forearm
on the wandering days,
hey Jon, the front way can
take you into your own goal?
The lightning may lower itself like a cloud
pouring down the raindrops
in such a humid day!
Aung Paing Soe
Trns; by TS
ပျင်းဖို့မကောင်းလွန်းဘူးလား
တယောဘိုးတံလေးနဲ့တို့ထိလိုက်ရင်
ရောမမြို့ဟောင်းထဲ ရောက်ရှိသွားမယ့်စတိုင်အပြည့်နဲ့
ဂျွန်ရေ...
လွင့်နေတဲ့မိုးသားထဲ စိတ်ဓာတ်ခိုင်မာမှုသာ
ပန်းတိုင်ဆီ အရောက်လှမ်းမယ့် ခြေလှမ်းတွေပဲပေါ့
အလွမ်းအဆွေးမပြောကြေးဆိုတဲ့ ပို့စကတ်လေးတစ်စောင်
မပေးပို့ဖြစ်ဘဲသိမ်းဆည်းထားရသော လရောင်ဟာ
အဝေးကစာမျက်နှာတွေကို ပြန်လည်ခေါ်ဆောင်လာတယ်
လိုအပ်ချက်ကို မျက်ရည်နဲ့ဖြည့်မှပြည့်မယ်တဲ့လား
လမ်းမကိုမကြည့်ဘဲ လမ်းဖြတ်ကူးနေသလို
ကိုယ့်လက်မောင်းသွေးကိုယ်ဖောက်
လမ်းပျောက်နေတဲ့ နေ့ရက်များမှာ
ကိုယ့်ရှေ့ရောက်ရှိနေတဲ့လမ်းဟာ
ကိုယ်သွားရမယ့် ပန်းတိုင်ဆီခေါ်ဆောင်သွားနိုင်ပါ့မလား
ဂျွန်ရေ...
မိုးသားတွေပြည့်လာတဲ့တစ်နေ့
အလင်းရောင်ဟာ
တိမ်လိုနိမ့်ဆင်းပြီး မိုးလိုရွာချလာမယ်လို့ ။ ။
အောင်ပိုင်စိုး
Hey Jon
Haven't you felt monotonous with
composing a life-is-a-struggle drama?
Touching you with a violin's bow,
hey Jon, you have a mood
as if you would stay in Nero's blazing city_
the willingness in sailing billows
seems footsteps toward your terminus.
An eCard depicting no more romance
and the moonbeam kept, unsent
have called back pages from afar.
You can't fill your wants with tears, can you?
Sucking blood from your forearm
on the wandering days,
hey Jon, the front way can
take you into your own goal?
The lightning may lower itself like a cloud
pouring down the raindrops
in such a humid day!
Aung Paing Soe
Trns; by TS
Wednesday, May 5, 2010
မ ကလက်တဲ့ အက
ရက်ရက်စက်စက်ရေစီးတွေကို ရင်စီးခံမှာလား
သတင်းတစ်ပုဒ်ရဖို့ စစ်မြေပြင်အထိသွားနိုင်မှ
ကဗျာတစ်ပုဒ်ဖတ်ရဖို့ စာသားထဲဝင်ရောက်နိုင်မှ
ထမင်းတစ်လုပ်သို့၊ သီချင်းတစ်ပုဒ်မှ ။
ပြော ပြော ဖြည်းဖြည်းပြော
ဒေါသဇောနဲ့ မြေမြင့်ရာ လှံစိုက်ရမလား
ပြော ပြော ဖြည်းဖြည်းပြော
ရင်ခုန်ပြီးပြော ယုံယုံကြည်ကြည် ပြော
အခိုက်ဓါတ်ကို ဆိုက်အောင်ပြော ။
ညရှစ်နာရီခွဲမှာ ရုပ်မြင်သံကြားဖွင့်လျက်
ညဆယ်နာရီမှာ ကဗျာစာအုပ်ဖွင့်လျက်
ညဆယ့်နှစ်နာရီတိတိမှာ ရောက်လာမယ့်နေ့ကြီးကိုဖွင့်လျက်
ရောက်လာမယ့် ပုံသဏ္ဍာန်နဲ့
ရောက်လာမယ့် မနက်ဖြန်တို့
ရောမွှေထားတဲ့အနံ့ရဖူးလား
ဒီဝါကျတွေက ညှီလား
ဒီစာသားတွေက နံလား
္ဂဂရုတစိုက်နဲ့ ပြောလိုက်တဲ့ စကား
ကြားလား ။ ။
ကိုမြတ်ခိုင်ဦး
သတင်းတစ်ပုဒ်ရဖို့ စစ်မြေပြင်အထိသွားနိုင်မှ
ကဗျာတစ်ပုဒ်ဖတ်ရဖို့ စာသားထဲဝင်ရောက်နိုင်မှ
ထမင်းတစ်လုပ်သို့၊ သီချင်းတစ်ပုဒ်မှ ။
ပြော ပြော ဖြည်းဖြည်းပြော
ဒေါသဇောနဲ့ မြေမြင့်ရာ လှံစိုက်ရမလား
ပြော ပြော ဖြည်းဖြည်းပြော
ရင်ခုန်ပြီးပြော ယုံယုံကြည်ကြည် ပြော
အခိုက်ဓါတ်ကို ဆိုက်အောင်ပြော ။
ညရှစ်နာရီခွဲမှာ ရုပ်မြင်သံကြားဖွင့်လျက်
ညဆယ်နာရီမှာ ကဗျာစာအုပ်ဖွင့်လျက်
ညဆယ့်နှစ်နာရီတိတိမှာ ရောက်လာမယ့်နေ့ကြီးကိုဖွင့်လျက်
ရောက်လာမယ့် ပုံသဏ္ဍာန်နဲ့
ရောက်လာမယ့် မနက်ဖြန်တို့
ရောမွှေထားတဲ့အနံ့ရဖူးလား
ဒီဝါကျတွေက ညှီလား
ဒီစာသားတွေက နံလား
္ဂဂရုတစိုက်နဲ့ ပြောလိုက်တဲ့ စကား
ကြားလား ။ ။
ကိုမြတ်ခိုင်ဦး
Subscribe to:
Posts (Atom)